အန္တရာယ်မရှိဘူးလို့ထင်ရပေမယ့် တကယ်တမ်းမှာ အန္တရာယ်ရှိတဲ့တိရိစ္ဆာန်များ

သဘာ၀တရားကြီးထဲမှာ တိရိစ္ဆာန်မျိုးကွဲပေါင်း ရှစ်သန်းကျော်ရှိပြီး မျိုးစိတ်တစ်ခုစီမှာ ကွဲပြားခြားနားမှုတွေရှိကြပါတယ်။ တချို့သော တိရိစ္ဆာန်လေးတွေဖြစ်တဲ့ ပန်ဒါငပျင်းလေးတွေ ခွေးဟောင်သံတိုင်း လုပ်တတ်တဲ့ ရှဉ့်တူကြွက်တူလေးတွေဟာ ချစ်ဖို့ကောင်းပြီး အန္တရာယ်မပြုနိုင်ဘူးလို့ ထင်ထားကြပေမယ့် အတွေးထဲကလို မဟုတ်ကြောင်း စာဖတ်သူပရိသတ်များ သိရှိနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

၁။ မြေခွေးနီ

နားရွက်ကြီးကြီး အမွှေးလှလှနဲ့ ရှက်တတ်တဲ့ မြေခွေးနီကို လူတွေက ချစ်တတ်ကြပြီး ကာတွန်းတွေထဲမှာတောင် ဉာဏ်များတာအပြင် တခြားအန္တရာယ်မပြုတတ်တဲ့ တိရိစ္ဆာန်လေးအဖြစ် ထည့်သွင်းရိုက်ကူးတာမြင်ကြမှာပါ။ တကယ်ရော အဲဒီလိုပဲလား …..
မြေခွေးနီက အကြီးဆုံး အသားစားမျိုးနွယ်ထဲပါဝင်ပြီး ပုံမှန်ဆိုရင်တော့ လူသားတွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရှောင်ရှားတတ်ပေမယ့် ဆာလောင်လာရင်တော့ ကောင်းကောင်းကြီး တိုက်ခိုက်နိုင်ပါတယ်။ သူဟာ ခွေးရူးရောဂါပိုးကိုလဲ သယ်ဆောင်ထားနိုင်တာကြောင့် ဘယ်လိုအခြေအနေမျိုးမဆို ထိပ်တိုက်မရင်ဆိုင်တာ အကောင်းဆုံးပါပဲ။

၂။ မြွေပါ

သေးငယ်ပြီး ချစ်ဖို့ကောင်းတဲ့အပြင် လျင်မြန်လှတဲ့ မြွေပါလေးတွေကို ကိုင်ကြည့်ချင်ကြမှာ အမှန်ပါ။ သူတို့ဟာ အင်မတန် စပ်စု အစားပုတ်ပြီး ဒေါသကြီးတဲ့အပြင် ကူးစက်ရောဂါတွေပါ သယ်ဆောင်လာနိုင်တာကြောင့် အထူးသဖြင့် လက်ဗလာနဲ့ မကိုင်မိ မဖမ်းမိဖို့ကို ဂရုစိုက်သင့်ပါတယ်။

၃။ ရေချို ခရု

အန္တရာယ်များတဲ့ တိရိစ္ဆာန်တွေဆိုရင် ကျား ခြင်္သေ့ ဝက်ဝံတို့ကိုသာ ပြေးမြင်မိကြမှာပါ။ ရေချိုနေ ခရုမျိုးစိတ်တချို့ဟာ လူတွေရဲ့ အူလမ်းကြောင်းကို ဒုက္ခပေးစေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်နိုင်တာကြောင့် မြင်ရင် မသိချင်ယောင်ဆောင်သွားတာ အကောင်းဆုံးပါ။

၄။ ပျားပိတုန်း

ပျားရည်က ချိုပြီး ပျားတုပ်ရင်တော့ ဘယ်လောက်တောင် နာကျင်ရလဲဆိုတာ သိမှာပါနော်။သူတို့တွေဟာ ပုံမှန်ဆိုရင်တော့ လူကို ဘေးမဖြစ်စေနိုင်ပေမယ့် ပျားဆိပ်နဲ့ မတည့်တဲ့သူတစ်ယောက် ပျားတုပ်ခံရရင်တော့ အသက်အန္တရာယ်စိုးရိမ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တချို့ဒေသတွေမှာ ပျားကို မြွေတွေ ပင့်ကူတွေထက် အဆိပ်ပိုရှိတဲ့အကောင်အဖြစ် သတ်မှတ်ကြပါတယ်။

၅။ ကြွက်

သာမန် အိမ်ကြွက်အသေးလေးတွေဟာ စားစရာလေးတွေ ခိုးတတ်တာကလွဲရင် အန္တရာယ်မပေးတတ်တဲ့ တိရိစ္ဆာန်လို့ထင်ရပေမယ့် သူတို့ဟာ ရောဂါပိုးတွေ ဖြန့်ဖြူးနိုင်တဲ့အပြင် ပစ္စည်းတွေကိုလည်း သူတို့ရဲ့ ချွန်ထက်တဲ့ သွားတွေနဲ့ ကိုက်ဖောက်ဖျက်ဆီးတတ်ပါသေးတယ်။ ပြီးတော့အရေးကြီးဆုံးအချက်က ကြွက်တွေဟာ သုံးလအတွင်း ၆-၈ကောင်ကနေ အကောင် ၃၀ထိကို မျိုးပွားနိုင်ကြပါတယ်

၆။ ဇီးကွက်

မျက်လုံးပြူးကြီးတွေနဲ့ အမြဲတမ်း အိပ်ချင်နေတတ်တဲ့ ဇီးကွက်ကြီးတွေကလည်း သားကောင်လိုက်ဖမ်းတတ်တဲ့ သားရဲတိရိစ္ဆာန်ထဲပါပါတယ်။ သူတို့ရဲ့ ချွန်ထက်တဲ့ ခြေသည်းတွေ စူးရှတဲ့ မျက်လုံးတွေ နားတွေ အမွှေးအတောင်တွေက အသံလုံစွာနဲ့ ပျံသန်းနိုင်ပါတယ်။ အကောင်ငယ်လေးတွေ အင်းဆက်တွေ ငါးတွေကို စားသုံးပြီး တစ်ခါတစ်လေ ခွေးတွေ လူတွေကိုတောင်မှ တိုက်ခိုက်တတ်သေးတာမို့ သူ့ကိုလည်း သတိထားရမယ့်ထဲ ထည့်ထားသင့်တယ်နော်

၇။ ရှဉ့်တူကြွက်တူ

ဗိုက်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ရှဉ့်တူကြွက်တူလေးတွေကလည်း ဘေးကင်းသယောင်ထင်ရပေမယ့် ရောဂါပိုးတွေ သယ်ဆောင်လာနိုင်တာ မမေ့လိုက်ပါနဲ့။ သူတို့နဲ့ တိုက်ရိုက်မထိတွေ့တာတော့ အကောင်းဆုံးပါပဲတဲ့ ။

၈။ ပန်ဒါ

လူတော်တော်များများက ပန်ဒါကို ဝါးညွန့်တွေဝါးပြီး အိပ်နေတတ်တဲ့ အပျင်းကြီးပြီး ချစ်ဖို့ကောင်းတဲ့ တိရိစ္ဆာန်အဖြစ်မြင်ကြမှာပါ။ သူတို့ဟာ အရွက်စားသတ္တဝါဖြစ်ပေမယ့် အစာခြေစနစ်အားကောင်းလှပြီး သွားတွေကလည်း ချွန်ထက်ရုံတင်မကဘဲ လူထက်တောင် ခွန်အားကြီးကြပါသေးတယ်။ ကံမကောင်းရင် တိုက်ခိုက်ခံရနိုင်တာမလို့ သူ့ကိုလည်း လျှော့မတွက်စေချင်ပါဘူး

၉။ ကျားလိပ်ပြာ

ဆောင်းရာသီ မြက်ခင်းပေါ် ဖြတ်လျှောက်လိုက်ရင်တော့ လိပ်ပြာလေးတွေ ကူးလူးပျံသန်းနေတာမြင်ရမှာပါ။ ကျားလိပ်ပြာကတော့ လိပ်ပြာမျိုးကွဲတစ်ခုဖြစ်ပြီး အသားစားသတ္တဝါတွေတောင် မစားဘဲ ရှောင်တတ်ကြပါတယ်။သူတို့မှာ အာရုံကြောကို အဆိပ်တောက်ဖြစ်စေတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး တောင်ပံကထွက်လာတဲ့ အမှုန်တွေကလည်း လူတွေမှာ ဆိုးရွားတဲ့ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်

၁၀။ ရေခူ

ရေအောက်ကမ္ဘာမှတ်တမ်းတွေကိုကြည့်ရင် ရေခူတွေကို မကြာခဏမြင်ရမှာပါ။ ပုံကြည့်ရတာ အန္တရာယ်မပေးဘူးလို့ ထင်ရပေမယ့် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး အကောင်အဖြစ်တောင် ယူဆရမှာပါ
ရေခူရဲ့ အဆိပ်က သေစေနိုင်ပြီးတော့ နှလုံးနဲ့ အာရုံကြောကို ထိခိုက်စေမယ့် အဆိပ်အတောက်တွေ အများကြီးပါဝင်နေပါတယ်

Leave a Comment