စာဖတ်သူပရိသတ်ကြီး သိကြတဲ့အတိုင်း.. ဆိတ်လေးတွေဆိုတာ ချစ်စရာကောင်းပြီး အေးအေးဆေးဆေးနေတတ်ကြတဲ့ တိရစ္ဆာန်လေးတွေပါ။ သူတို့အတွက် မြက်စားဖို့နဲ့ လျှောက်သွားဖို့အတွက် နေရာနည်းနည်းလေး ရှိတာနဲ့ မွေးမြူလို့ရတဲ့အထဲ ပါပါတယ်။
တစ်ခါတလေတော့လည်း သူတို့ရဲ့ ယှဉ်ပြိုင်တတ်တဲ့သဘာ၀နဲ့ ကစားတတ်တဲ့သဘာ၀လေးတွေက နည်းနည်း လိုတာထက် ပိုသွားတတ်ကြပြီး သူတို့ရဲ့ ဦးချိုတွေကတခြားတိ၇စ္ဆာန်တွေ လူသားတွေကို ထိခိုက်မှု အနည်းအကျဉ်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သင့်ဆိတ်လေးတွေကို ငယ်ငယ်တည်းက ကြီးလာတဲ့အချိန်ထိ ဒေါသမကြီး အကြမ်းမဖက်တတ်အောင် ဒီလို ဦးချိုမှာ ဖော့စွပ်တပ်ခြင်းအားဖြင့် လေ့ကျင့်ပေးလို့ရပါတယ်။ ဒီဖော့စွပ်လေးတွေက သူတို့ ဦးချိုပေါ်မှာ ဘယ်လောက်ခံမလဲ မသိပေမဲ့လို့ပေါ့ ။
ဖော့စွပ်လေးတွေ တပ်ထားခြင်းအားဖြင့် ကလေးတွေ ချစ်စရာဆိတ်လေးတွေနဲ့ ကစားတဲ့အချိန် နို့တိုက်တဲ့အချိန် ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်လေးတွေရဲ့ ဦးချိုမှာ pool noodles လို့ခေါ်တဲ့ ဖော့စွပ်လေးတွေကို ချစ်စရာကောင်းအောင် ဘယ်လိုတပ်ဆင်ထားလဲဆိုတာကိုတော့ အောက်ကပုံလေးတွေမှာမြင်ရမှာပဲဖြစ်ပါတယ်။