အလှဓာတ်ပုံတွေ ရိုက်ကူးခြင်းဟာလည်း အနုပညာတစ်မျိုးပါပဲ။ ဒါပေမယ့် လူတိုင်း ကျွမ်းကျင်တဲ့ ပညာရပ်မျိုးတော့ မဟုတ်ပါဘူး။ အမိုက်စားဓာတ်ပုံတစ်ပုံ ရရှိဖို့အတွက် အိုက်တင်ပေးတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ အခုတစ်ခေါက်မှာတော့ ဓာတ်ပုံရိုက်ဖို့ အိုက်တင်ပေးတဲ့နေရာမှာ လူသားတွေတင်မကဘဲ အမွှေးလုံးလေးတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ ကြောင်လေးတွေ ခွေးလေးတွေပါ ပါဝင်လာပါပြီ။ သူတို့လေးတွေ အထာကျကျနဲ့ Selfie ဘယ်လိုဆွဲထားမလဲဆိုတာကိုတော့ အောက်ကပုံလေးတွေကို ဆက်ကြည့်သွားပေးနော်။
