သင့်အာရုံကို ဖမ်းစားသွားမယ့် ကမ္ဘာ့အလှပဆုံး အာခယ်လ်-တီကီမြင်းများ

မြင်းတွေအားလုံးဟာ သူတို့ရဲ့အလှကိုယ်စီနဲ့ရှိကြပြီး ချစ်စရာကောင်းတဲ့သတ္တဝါတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရအောင် တောက်ပပြောင်လက်နေတဲ့အမွှေးရှိနေတဲ့ မျိုးကောင်းမျိုးသန့် မြင်း‌မျိုးစိတ်တစ်မျိုးတော့ ရှိနေပါတယ်။ အာခယ်လ်-တီကီ လို့ခေါ်တဲ့ ” ကမ္ဘာ့အလှဆုံးမြင်း ” သို့ ” ရွှေရောင်မြင်း” ဆိုပြီး အားလုံးက သတ်မှတ်ထားကြတဲ့ ချစ်စရာကောင်းလှတဲ့ မြင်းလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။

တပ်မင်နစ္စတန်နိုင်ငံမှာ ပေါက်ဖွားလေ့ရှိတဲ့ ကမ္ဘာ့နာမည်ကြီး အာခယ်လ်-တီကီ မြင်းမျိုးဟာ သတ္တုတွေလို တောက်ပပြောင်လက်နေတဲ့ အမွှေးကြောင့် နာမည်ကြီးခဲ့တာပါ။ အဲဒီလိုပြောင်လက်တောက်ပနေတဲ့ အမွှေးရဲ့ လျှို့ဝှက်ချက်ကတော့ သူ့ရဲ့အမွှေးထဲမှာပါနေတဲ့ ပရိုတိန်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

သူ့တို့ရဲ့အမွေးတွေဟာ အလင်းပေါက်တဲ့ တြိဂံဖန်တုံး ပရစ်ဇင်ပုံစံ အလုပ်လုပ်ကြတာကြောင့် အလင်းကို သဘာ၀အတိုင်း ဖြတ်သန်းသွားနိုင်အောင် ထူးခြားတဲ့နည်းလမ်းတစ်ရပ်နဲ့ ပြုလုပ်ပေးပါတယ်။ အာခယ်လ်-တီကီ မြင်းမျိုးတွေမှာတော့ အနက်ရောင်၊ အုန်းခွံရောင်၊ အညိုရောင်၊ ခဲရောင်စတဲ့ အရောင်အမျိုးမျိုးတွေကြားထဲမှာမှ ခရင်မ်အရောင်လေးနဲ့မြင်းမျိုးတွေက အထင်ရှားဆုံးနဲ့ အလှပဆုံးဖြစ်ပါတယ်။

သူ့တို့ရဲ့အိပ်မက်ဆန်ပြီး မှော်ဆန်လှတဲ့ ပုံသဏ္ဍာန်အပြင် သူ့ရဲ့လျင်မြန်ဖြတ်လတ်မှုစွမ်းရည်ကလည်း တကယ့်ကို အထင်ကြီးလောက်စရာပါပဲ။ သူ့တို့တွေဟာ မရေမတွက်နိုင်တဲ့ ပတ်ဝန်းကျင်အနေအထားပြောင်းလဲမှုတွေကို ကြံ့ကြံ့ခံဖြတ်သန်းနိုင်ပြီး အသက်ကြီးဆုံးမြင်းမျိုးစိတ်တွေလည်း ဖြစ်ကြပါတယ်။

နောက်ပြီးတော့ အာခယ်လ်-တီကီမြင်းတွေဟာ လှပရုံတင်မကဘဲ ခံနိုင်ရည်ရှိမှုနဲ့အတူ သူဟာ အားကစားနဲ့ တာရှည်ပြေးတဲ့နေရာမှာ အမှန်တကယ်တော်ပြီး တခြားကွဲပြားတဲ့ အမူအကျင့်တွေလည်း အများကြီးရှိပါတယ်။

ဒီလိုလှပပြီး ချစ်စရာကောင်းလှတဲ့ မြင်းလေးတွေကို ဥရောပနဲ့ မြောက်အမေရိကမှာ တစ်ခါတစ်လေမြင်ရပေမယ့် သူ့ဇာတိဖြစ်တဲ့ တပ်မင်နစ္စတန်မှာပဲ အများဆုံးတွေ့ရမှာပါ ။ တကယ်တော့ အာခယ်လ်-တီကီမြင်းတွေတို့ကို ဒေသခံတွေက တော်တော်သဘောကျတာကြောင့် တစ်ခုခုဖြစ်မှာ စိုးရိမ်ကြပြီး နိုင်ငံပြင်ပကို မပို့ရဲကြပါဘူးတဲ့။

တစ်ချိန်တည်းမှာပဲ ဒီကမ္ဘာကြီးပေါ်မှာ အာခယ်လ်-တီကီလိုမြင်းမျိုးပေါင်း ခန့်မှန်းချေ ခြောက်ထောင်ကျော်ကို ရှားပါးမျိုးစိတ်အနေနဲ့ သတ်မှတ်ခဲ့ကြပါတယ်။ သူတို့ကို တရုတ်တွေအနေနဲ့ကတော့ ” ကောင်းကင်မြင်း ” လို့ခေါ်ကြပါတယ်။

Leave a Comment