လူတွေတက်စီးလိုက်တိုင်း သေချင်ယောင်ဆောင်တတ်တဲ့ သရုပ်ဆောင်ပါရမီရှင်မြင်းလေး

သာမန်မြင်းတစ်ကောင်က ဘာတွေလုပ်လေ့ရှိပါသလဲ ပရိသတ်ကြီးတို့ရေ … လျှောက်ပြေးနေတာ အော်ပြီး မုန်လာဥတောင်းစားတာ တို့ပေါ့နော် ဒါတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီကမ္ဘာကြီးပေါ်မှာ အရမ်းရည်မှန်းချက်ကြီးမားပြီး drama queen ဖြစ်ချင်တဲ့ မြင်းတစ်ကောင်တော့ ရှိနေပါသေးတယ် ။ ကဲ ကျင်းအန် လို့ခေါ်တဲ့ မြင်းလေးကို ကြည့်လိုက်ရအောင်နော်။

သူလေးကတော့ ရှိတ်စပီးယား ၀တ္ထုတွေကို ကြားတာ များသွားတာများလား။ ဒါမှမဟုတ် အပျင်းတက်လွန်းနေတာလား ဆိုတာတော့ သေချာမသိရပါဘူး။ ဒါပေမယ့် အချိန်တိုင်း သူ့ကိုလူတစ်ယောက် တက်စီးဖို့ ပြင်လိုက်ရင် တစ်လှမ်းနှစ်လှမ်းလောက် လျှောက်ပြီးတာနဲ့ နောက်ဆုံးထွက်သက်ကို ရှူနေရပါပြီ ဆိုတဲ့ ဒီဇိုင်းနဲ့ ဗုန်းခနဲ ပစ်လှဲချလိုက်တော့တာပါပဲ ။

ခေတ်ဦးပိုင်းကာလတွေမှာ မြင်းတွေကို အလုပ်ကြိုးစားတဲ့တိရိစ္ဆာန်အဖြစ် သတ်မှတ်တတ်ကြတာပါ ။ သို့သော်လည်း ခြွင်းချက်ကတော့ ရှိနေပါတယ်။ ကျင်းအန်ကတော့ အစီးခံရတာထက် သူ့ရဲ့သရုပ်ဆောင်ပါရမီကို ပြသရတာပျော်နေတယ့် ရိုးဆင်းတဲ့ မြင်းတစ်ကောင်ပါ။

သူ့ရဲ့ပိုင်ရှင် ဖရန်စစ္စကို ဇာလာဆာကတော့ ကျင်းအန် အစီးခံလိုက်ရချိန်တိုင်း သေချင်ယောင်ဆောင်လိုက်တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ထုတ်ပြခဲ့ပါတယ်။ သေချင်ယောင်ဆောင်တဲ့ အိုင်တင်က ပီသရုံတင်မက ကြောင်တောင်တောင်နဲ့ ရယ်စရာလဲကောင်းလှပါတယ်။

သူ့ ဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတော့ လူအားလုံးက သူ့ကျောပေါ် မတက်ချင်ကြတော့ပဲ သူ့သရုပ်ဆောင် စွမ်းရည်ကိုပဲ ကြည့်ချင်ကြပါတယ်။

မြင်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ အများကြီးပါ ။ သူတို့ထဲက တချို့ကတော့ မြင်းတွေဟာ မတ်တပ်ရပ်ပြီး အိပ်နိုင်ပါတယ်တဲ့ ။ မွေးပြီး ခဏချင်းကို ပြေးနိုင်သလို သူတို့ ခံစားချက်ကို မျက်နှာအမူအရာနဲ့ ဖော်ပြတတ်ကြပါတယ်။ သူတို့ဦးနှောက်က လူသားရဲ့ ဦးနှောက်တစ်ဝက်သာသာ လောက်ထိကို ကြီးမားပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ အဲဒီအချက်တွေအပြင် မြင်းတွေဟာ ဘရက်ပစ်တို့လို အမ်မယ်လီယာ ကလက်ခ်တို့လို သရုပ်ဆောင်နိင်တယ်ဆိုတဲ့ အမှန်တရားတစ်ခုကိုပါ ထပ်ထည့်ရပါတော့မယ်နော် ။

ကဲ ပရိသတ်ကြီးတို့ရော ကျင်းအန် တစ်နေ့နေ့မှာ အော်စကာဆုရနိုင်မယ်ထင်ပါလား ။ သူသာ ဇကာတင်စာရင်းဝင်ရင်တော့ မဲပေးကြမယ့်သူများလောက်မှာပါ ။ ကျင်းအန်နဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်လေးတွေ သဘောကျတယ်ဆိုရင်တော့ like နဲ့ share လေး လုပ်ပေးသွားကြပါဦးနော်။

Leave a Comment