ကွယ်လွန်သွားသော အစ်ကိုဖြစ်သူ၏ ပုံတူပန်းချီကားကိုတွေ့ပြီး ခံစားနေရသည့် တုံ့ပြန်ပုံကြောင့် အင်တာနက်ပေါ်တွင် လူအများရဲ့ နှလုံးသားကို အရည်ပျော်သွားစေခဲ့တဲ့ ခွေးကလေး ( ရုပ်သံ )

ကွယ်လွန်သွားသော အစ်ကိုဖြစ်သူ၏ ပုံတူပန်းချီကားကိုတွေ့ပြီး ခံစားနေရသည့် တုံ့ပြန်ပုံကြောင့် အင်တာနက်ပေါ်တွင် လူအများရဲ့ နှလုံးသားကို အရည်ပျော်သွားစေခဲ့တဲ့ ခွေးကလေး ( ရုပ်သံ )

အိမ်ရှိအခြားအိမ်မွေးတိရစ္ဆာန်များအပါအဝင် လူတိုင်းအတွက် တိရစ္ဆာန်အဖော်ဆုံးရှုံးရခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းပါသည်။ ခွေးများသည် လူတို့ကဲ့သို့ပင် သူတို့အလွန်ရင်းနှီးသော ခွေးသူငယ်ချင်းတစ်ကောင် ( သို့ ) မွေးခြင်းတစ်ယောက် ဆုံးပါးသွားပြီးနောက် ဝမ်းနည်းတတ်ကြပါသည်။

Credit Photo

အိမ်မွေးတိရိစ္ဆာန်တစ်ကောင် သေဆုံးသောအခါ အိမ်ရှိ အခြားအိမ်မွေးတိရစ္ဆာန်များသည် ဝမ်းနည်းပူဆွေးခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော လက္ခဏာများ ပြသတတ်ကြပါသည်။ ဤလက္ခဏာများတွင် သူ့ရဲ့အဖေါ်ကိုရှာဖွေနေခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အိပ်စက်ခြင်းပုံစံပြောင်းလဲခြင်းနှင့် ဝမ်းနည်းသောအမူအရာတို့ ပါဝင်နိုင်ပါသည်။

Credit Photo

တိရိစ္ဆာန်များ ဆုံးရှုံးခြင်းကြောင့် ထိခိုက်ခံစားရပြီး သူငယ်ချင်းတစ်ဦးသေဆုံးချိန်တွင် တိရိစ္ဆာန်များဟာလဲ ဝမ်းနည်းမှုခံစားရကြောင်း သက်သေပြရန် သိပ္ပံနည်းကျ အထောက်အထားအနည်းငယ်ရှိသော်လည်း အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်အများစုသည် အိမ်ရှိအိမ်မွေးတိရစ္ဆာန်တစ်ဦးသေဆုံးသွားသောအခါတွင် ၎င်းတို့၏အပြုအမူပြောင်းလဲမှုများကို သက်သေပြရန် အနည်းငယ်သာရှိသေးသည်။

Credit Photo

ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးသည် သူ့ရဲ့သေဆုံးသွားသော ခွေးကလေး၏ ပုံတူပန်းချီကို ကျန်ခဲ့သော ညီဖြစ်သူခွေးတစ်ကောင်ကို ပြသလိုက်ရာမှ ခွေးကလေးရဲ့ တုံ့ပြန်မှုဗီဒီယို ဖေ့စ်ဘွတ်ပေါ်သို့ မျှဝေခဲ့ပါသည်။ ( အောက်တွင် video တင်ပေးထားပါသည် )နံရံပေါ်ရှိ ပန်းချီကားကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာ အမြီးတွန့်နေသော ခွေးကို မြင်တွေ့နိုင်ပါသည်။ သူသည် ပန်းချီကားကို အနံ့ခံပြီး ဆိုဖာပေါ်မှ ဟောင်ကာ ဟောင်ကာ တစ်ခုခုပြောရန် ကြိုးစားနေပုံရပါသည်။

Libby Frances Davey  ဆိုသူအမျိုးသမီးတစ်ဦး ပိုင်ဆိုင်ပြီး သူမထံတွင် ခွေးလေး Smiff နှင့် Frank လို့ခေါ်တဲ့ ချစ်စရာခွေးလေးနှစ်ကောင်ရှိပါတယ်။ Smiff ဟာ 2021 ခုနှစ် ဇွန်လတွင် ကွယ်လွန်သွားပြီးနောက် Frank တစ်ကောင်တည်းသာ ဝမ်းနည်းပြီး အထီးကျန်စွာကျန်ရစ်ခဲ့ပါတယ်။ ထို့ကြောင့် သေဆုံးသွားပြီဖြစ်တဲ့ ခွေးလေး Smiff ကိုအမှတ်တရအဖြစ် ၎င်း၏မိခင် Libby သည် ပန်းချီဆရာတစ်ဦးအား Smiff ရဲ့ ပုံတူကို ပန်းချီရေးဆွဲရန် တာဝန်ပေးအပ်ခဲ့ပါသည်။ သူမဟာ ပန်းချီကားကို နံရံမှာချိတ်ဆွဲလိုက်တဲ့အခါ Frank က သူ့အစ်ကို ကို ချက်ချင်းမှတ်မိပြီး သူ့တုံ့ပြန်မှုပုံစံက သူတကယ်ပဲ Smiff ကို လွမ်းနေသေးတယ်ဆိုတာသေချာစေခဲ့ပါတယ်။

ကြေကွဲဖွယ်ကောင်းသော်လည်း ချစ်စရာကောင်းသော ဗီဒီယိုကိုကြည့်ပြီးနောက်မှာတော့ အင်တာနက်ပေါ်ကသူတို့ရဲ့ Video ကိုကြည့်ခဲ့ကြသူ လူများစွာသည် Libby နှင့် Frank အား နှစ်သိမ့်စကားများပြောကြားခဲ့ကြပါတယ်။ ထို Video လေးဟာလဲ အချိန်တိုအတွင်းမှာပဲ ခွေးချစ်သူများစွာရဲ့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့ပါတယ်။

Credit Photo

ခွေးချစ်သူ ခွေးပိုင်ရှင်အများစုသည် မိမိရဲ့အိမ်မွေးတိရစ္ဆာန်ဆုံးရှုံးရသလို သူတို့နဲ့ထပ်တူဝေဒနာကိုခံစား အမှန်တကယ် ဆက်စပ်နေနိုင်သည်။ အရှုံးကိုရင်ဆိုင်ဖို့က တကယ်ခက်ခဲနိုင်ပေမယ့် ရှင်သန်နေတဲ့ခွေးတွေကိုလည်း အာရုံစိုက်ပြီး ဝမ်းနည်းတဲ့လက္ခဏာတွေပြလာတဲ့အခါ သူတို့ကို နှစ်သိမ့်ပေးဖို့ တတ်နိုင်သလောက်ကြိုးစားရပါမယ်။

Leave a Comment