Google Earthမှဖမ်းယူရရှိခဲ့တဲ့ထူးခြားတဲ့အရာများ-အပိုင်း(၂)

Google Earth ဟာ ကမ္ဘာပေါ်ကထူးခြားတဲ့အရာတွေကိုဖမ်းယူပေးနိုင်တဲ့အံ့ဩစရာကောင်းတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။တစ်ချို့အရာတွေဟာ သေသေချာချာကိုဖမ်းယူခဲ့ကြတာဖြစ်ပြီးတစ်ချို့အရာတွေကတော့မတော်တဆရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။

(၁)ပီရူးနိုင်ငံ Nazcaရှိလိုင်းများ

Nazca လိုင်းများဟာ ပီရူးနိုင်ငံ၏ခြောက်သွေ့သောကမ်းရိုးတန်းဒေသတွင်တည်ရှိပါတယ်။၎င်းဟာ ခန့်မှန်းခြေအားဖြင့်စတုရန်းမိုင် ၁၇၀ခန့် (စတုရန်းကီလိုမီတာ ၄၅၀) ကိုဖုံးလွှမ်းထားပါတယ်။

(၂)ဆူဒန် နိုင်ငံ Landlockedရှိ နှုတ်ခမ်း

ဆူဒန်နိုင်ငံ အနောက်ဘက် ဒါဖောပြည်နယ် ၏ Gharbဒေသတွင် ကျောက်တုံးကျောင်းဆောင်နှစ်ခုဖြင့်ဖွဲ့စည်းထားပြီး မိုင်၀က်လောက်ရှည်လျားသော တောင်ကုန်းနှစ်ခုဟာ စိုစွတ်နူးညံနေတဲ့ နှုတ်ခမ်းနှင့် အလွန်ဆင်တူနေပါတယ်။

(၃)အမေရိကန်နိုင်ငံ ရှိThe Boneyard

Arizonaပြည်နယ် Tucson ရှိ Davis Monthan လေတပ်အခြေစိုက်စခန်းသည် အမေရိကန်ပြည်ထောင်စု၏ စစ်လေယာဉ်များ ရဲ့ သင်္ချိုင်းနေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီအခြေစိုက်စခန်းဟာ အမေရိကန်တိုက်လေယာဉ် ၄,၄၀၀ ကျော်အတွက် အငြိမ်းစား အနားယူသည့်အိမ်တစ်ခုလည်းဖြစ်ပါတယ်။၎င်းဟာ အများပြည်သူအတွက်ပိတ်ထားသော်လည်းGoogle Earth က‌ေတော့ထိုအတွင်းရှိအရာများကိုပုံ ဖော်ပြထားပါတယ်။ဒုတိယကမ္ဘာစစ်မပြီးခင်အထိထိုနေရာမှာရှိတဲ့ B-52 Stratofortress မှ F-14 Tomcat အထိ ပျံသန်းအသုံးပြုခဲ့ကြပါတယ်။

(၄)နယ်သာလန်နိုင်ငံရှိ  Fort Bourtange

နယ်သာလန်နိုင်ငံရှိ ကြယ်တာရာခံတပ်တစ်ခုကို ၁၅၉၃ ခုနှစ်တွင်Willam the Silent ၏အမိန့်ဖြင့်တည်ဆောက်ခဲ့ကြပါတယ်။ ဒီခံတပ်ရဲ့ မူလရည်ရွယ်ချက်ကတော့ ဂျာမနီနှင့် ဂရုန်နင်ဂန်မြို့အကြားတွင်တစ်ခုတည်းရှိသော လမ်းမကြီးကို ထိန်းချုပ်ဖို့ဖြစ်ပြီး ၊ နှစ်၈၀စစ်ပွဲတုန်းကလည်း စပိန်တပ်များ ထိန်းချုပ်ခဲ့သည့်နေရာလည်းဖြစ်ပါတယ်။

(၅)အီဂျစ်နိုင်ငံ ရှိDesert Breath

ပင်လယ်နီကမ်းခြေ Hurghada အနီးရှိ အီဂျစ်သဲကန္တာရတွင် တည်ရှိသော Desert Breath ကတော့မြေပေါ်မှာရှိတဲ့ အနုပညာလက်ရာတစ်ခုအဖြစ်ရှိနေပါတယ်။သူ့ကို အနုပညာရှင် ၃ယောက်က ၁၉၉၇တွင် ဖန်တီးခဲ့ကြပါတယ်။ စက်ဝိုင်း ၈၉ခုကို သေးရာမှ ကြီးလာတဲ့ပုံစံဖြင့် ရစ်ပတ်နေသလို ပုံစံနဲ့ဖန်တီးထားတာဖြစ်ပါတယ်။

(၆)ကနေဒါနိုင်ငံရှိ The Badlands Guardian


Badlands Guardian သည်ကနေဒါနိုင်ငံတွင်ရှိသောပထဝီဝင်ဆိုင်ရာအင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ကောင်းကင်ပေါ်မှကြည့်ရှုလျှင် သူ့ရဲ့ပုံဏ္ဍာန်ဟာ ဘော်ရီဂျင်နီဂျန် ကနေဒါ လူမျိုးစုရဲ့ ခေါင်းပေါင်းဦးထုပ်အလှဝတ်ဆင်ထားတာနဲ့တူပြီး အနောက်ဘက်သို့မျက်နှာမူထားပါတယ်။

(၇)အမေရိကန်နိုင်ငံ Grand Prismatic ရေပူစမ်း

Grand Prismatic ဟာအမေရိကန်နိုင်ငံရှိအကြီးဆုံး ရေပူစမ်းတစ်ခုဖြစ်ပါတယ်။ Grand Prismatic ရေပူစမ်းဟာ အရောင်သွေးစုံလင်တဲ့ သက်တံရောင်လိုမျိုး အနီ ၊အဝါ ၊လိမ္မော်၊ အစိမ်း နှင့် အပြာရောင်တို့ဖြင့်အရောင်သွေးစုံလင်စွာတည်ရှိနေပါတယ်။

Leave a Comment