အန်သိုနီ စကစ်မစ် ကတော့ ဝါရှင်တန်မှာနေထိုင်ပြီး အော်တစ်ဇင် ရောဂါကိုခံစားနေရသူ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ် ။ သူဟာ အရုပ်ကားလေးတွေကို သုံးပြီး ဓာတ်ပုံထဲမှာ တကယ့်ကားအစစ်ပုံစံမျိုးအဖြစ် မြင်ရအောင် ရိုက်ကူးရတာကို ဝါသနာပါသူတစ်ဦးပါ ။ ငယ်ငယ်လေးထဲကနေ အရုပ်ကားလေးတွေကို စုဆောင်းခဲ့ပြီး သူ့အမေရဲ့ iphone ကိုသုံးပါ တကယ့် ကားအစစ်ပုံစံမျိုးပေါက်အောင် ရိုက်ကူးနိုင်ခဲ့တဲ့ သူ့ရဲ့ လက်ရာတွေကတော့ အင်တာနက်တစ်ခွင်မှာ တော်တော်လေး ရေပန်းစားသွားခဲ့ပါတယ် ။ အော်တစ်ဇင် ရောဂါကိုခံစားနေရပေမယ့်လည်း ပါရမီပါလွန်းတဲ့ အန်သိုနီရဲ့ လက်ရာလေးတွေကို ပရိသတ်ကြီးကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ် ။
