နားကြပ်ကြိုးကို ကိုက်ဖြတ်ပြီး မြွေတစ်ကောင်ကို အစားပြန်ပေးခဲ့တဲ့ကြောင်

ကြောင်တွေကတော့ဆန်းကြယ်တဲ့ အရာတွေနဲ့ အရာဝတ္ထုတွေဖျက်ဆီးတာကို ပြုလုပ်တတ်ကြတာကတော့သဘာဝပါ။ သူတို့ဟာထိုသို့ပြုလုပ်ပြီး မယုံနိုင်လောက်အောင် ချစ်စဖွယ်ကောင်းတဲ့ ပုံစံတွေပြုလုပ်ကာ သခင်တွေရဲ့ဒေါသကလွတ်မြောက်အောင် ကြိုးစားတတ်ကြပါသေးတယ်။

ထိုအဖြစ်တွေနဲ့ တိုက်ဆိုင်တဲ့ ကြောင်လေးတစ်ကောင်အကြောင်းကို ဥပမာအနေနဲ့ ဖော်ပြပေးပါမယ်။ ထိုကြောင်လေးကတော့ သူ့သခင်ရဲ့ နားကြပ်ကြိုးကို ကိုက်ဖြတ်ခဲ့ကာ ထိုပြဿနာကိုဖြေရှင်းဖို့အတွက် မြွေတစ်ကောင်ကို ကိုက်ချီကာ ထိုနားကြပ်နေရာမှာ ပြန်ထားလိုက်ပါတယ်။

ထိုကြောင်လေးရဲ့ ပိုင်ရှင်ဖြစ်တဲ့ Haryanto Pherwirra Ramadhani ဟာသူ့ရဲ့ ကြောင်လေးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ထိုရယ်စရာအဖြစ်အပျက်လေးကို အင်ဒိုနီးရှားနိုင်ငံ ကြောင်ချစ်သူတွေရဲ့ ဖေ့ဘွတ်စာမျက်နှာဖြစ်တဲ့ Kami Pecinta Living ပေါ်မှာမျှဝေခဲ့ပါတယ်။

သူရေးထားတာကတော့”ဒီမနက်စောစောမှာတော့ ငါ့ရဲ့ ကြောင်လေးကတော့ ငါ့ရဲ့ နားကြပ်ကြိုးနဲ့ အိပ်ယာပေါ်မှာ ဆော့နေပြီး မတော်တဆကြိုးကိုနှစ်ပိုင်းဖြစ်အောင် လုပ်လိုက်ပါတယ်။ငါဆူလိုက်တဲ့အခါမှာတော့ သူဟာအိမ်ကနေထွက်သွားခဲ့ပါတယ်။တစ်နာရီလောက် ကြာတော့ သူ့အိမ်ကိုပြန်လာခံပြီး ငါ့အတွက်လက်ဆောင်လေးတစ်ခု သယ်လာခဲ့ပါတယ်”လို့ ရေးပြီးတင်ထားတာကိုတွေ့ရပါတယ်။

ဒီလက်ဆောင်ကိုတော့ Haryanto. အနေနဲ့ မြွေလို့မပြောပေမယ့်လည်း ဓာတ်ပုံထဲမှာတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ဒီမြွေကတော့ သေးငယ်ကာရှည်လျားပြီး ဖျက်ဆီးလိုက်တဲ့ နားကြပ်ကြိုးနဲ့ မတိမ်းမယိမ်းပါ။

ထိုကြောင်လေးရဲ့ စိတ်ထဲမှာတော့ သူဖျက်ဆီးလိုက်တဲ့ကြိုး ကို အစားထိုးပြန်ပေးဖို့စိတ်ကူးနဲ့ ထိုမြွေကိုဖမ်းကာ Haryanto ကိုအစားထိုးလျော်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ထိုအဖြစ်အပျက်လေးကိုတော့ အင်တာနက်အသုံးပြုသူများစွာက သဘောကျနှစ်သက်ခဲ့ကြပြီး ကြောင်လေးရဲ့ လုပ်ရပ်ကလည်း လူအများကို ပြုံးရယ်စေခဲ့ပါတယ်။ References : EliteReaders