သမုဒ္ဒရာရေနက်ပိုင်းကနေတွေ့ရှိခဲ့တဲ့ ထူးဆန်းသောရေနေသတ္တဝါများ

နေရောင်ခြည်အလွန်နည်းပါးသောပင်လယ်ရေနက်ပိုင်းထဲမှာတော့ကြောက်မက်ဖွယ်ကောင်းလှတဲ့ရေနေသတ္တဝါတွေများစွာနေထိုင်ကြပါတယ်။ Northern Staragazer လိုမျိုးဦးခေါင်းခွံနဲ့ငါးများ ၊ကြမ်းပိုးပုံစံလိုကြီးမားတဲ့အခွံမာသတ္တဝါမျိုးဖြစ်တဲ့ Isopod ကောင်တွေဟာလည်းထိုသမုဒ္ဒရာရေနက်ပိုင်းတွေမှာနေထိုင်တတ်ကြပါတယ်။ သမုဒ္ဒရာထဲရှိ ကြောက်မက်ဖွယ်ကောင်းတဲ့ထိုသတ္တဝါများဟာ ပင်လယ်ကြမ်းပြင်၌အဓိကနေထိုင်ကြပြီးအချို့ သတ္တဝါများကို ရှာဖွေတွေ့ရှိရန် သိပ္ပံပညာရှင်များ ဟာနှစ်ပေါင်းများစွာအချိန်ယူခဲ့ရပါတယ်။၈တန်လောက်လေးတဲ့ရေဖိအားရှိတဲ့ ထိုရေနက်ပိုင်းဟာသတ္တဝါတွေအတွက်ရှင်သန်နိုင်ဖို့မဖြစ်နိုင်ပေမယ့်လည်းထိုသတ္တဝါတွေကတော့ထူးဆန်းစွာဘဲအသက်ရှင်နေထိုင်နိုင်ကြပါတယ်။ပရိသတ်ကြီးကိုဗဟုသုတရရှိစေဖို့အတွက်ထိုထူးဆန်းတဲ့သတ္တဝါတွေအကြောင်းကိုကျွန်တော်တို့ဆောင်းပါးလေးကနေဖော်ပြပေးလိုက်ပါတယ်။

(၁)Sarcastic Fringehead

Sarcastic Fringeheadဆိုတဲ့ထိုငါးများဟာ သမုဒ္ဒရာ‌ ရေနက်ပိုင်းတွင်သာနေထိုင်ကြပြီး လူသားများအတွက် တော့အန္တရာယ်မရှိတဲ့ငါးတစ်မျိုးဖြစ်ပါတယ်။သို့ပေမယ့်လည်းလက်တံရှည်ဒီငါးဟာ သူ့အနီးအနား၌ တုန်ခါမှုတွေရှိလာတဲ့အခါမျိုးမှာတော့သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ ကြီးမားတဲ့ပါးစပ်ကြီးကိုဖွင့်ထားတတ်ပါတယ်။သူ့ရဲ့ ကာကွယ်ရေးဗျူဟာက တော့အံဩစရာကောင်းပြီးကြောက်စရာလည်းကောင်းပါတယ်။

(၂)Northern stargazer


Northern stargazerငါးသည်အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဘက်သမုဒ္ဒရာ တွင်တွေ့ရှိရတတ်ပြီး သဲထဲတွင်မိမိကိုယ်ကို ဖုံးကွယ်ကာနေထိုင်တတ်တဲ့ငါးတစ်မျိုးဖြစ်ပါတယ်။မသင်္ကာစရာသားကောင်တစ်ခုကအနီးအနားသို့ ရောက်လာတဲ့အခါမျိုးမှာတော့ လျှပ်စစ်ဖြင့်ရှော့ရိုက်ပြီး ဖမ်းလေ့ရှိပါတယ်။ထိုငါးရဲ့ပုံစံဟာ တစ်ခုခုကိုနာကျင်အောင်လုပ်တတ်တဲ့ပုံစံပေါက်နေပြီး သူရဲ့ပုံစံအတိုင်းဘဲသူ့ကိုသွားထိမယ်ဆိုပါက ဆိုရွားစွာ ရှော့ရိုက်ခံရတဲ့နာကျင်မှုကိုခံစားရစေမှာဖြစ်ပါတယ်။

(၃)ဧရာမပြည်ကြီးငါး


ထိုငါးကတော့ ဒဏ္ဍာရီသက်သက်ဖြစ်ပြီးအမှန်တကယ်မရှိဘူးလို့ယူဆကြသော်လည်း မကြာသေးမီအချိန်ကာလဖြစ်တဲ့၂၀၀၆ ခုနှစ်ကမှ သိပ္ပံပညာရှင်များကရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုဧရာမပြည်ကြီးငါးကြီးဟာနာမည်နဲ့လိုက်အောင်ဘဲ မျက်လုံးတစ်ဖက်ထဲကပင်အချင်း၁၀လက်မရှိပြီးအလေးချိန်ပေါင် ၄၄၀ထိလေးတဲ့သတ္တဝါကြီးတစ်ကောင်လည်းဖြစ်ပါတယ်။

(၄)Black Dragonfish


Black Dragonfishအမများသာလျှင် ကြောက်စရာကောင်းပြီီးဂြိုလ်သားလိုကြောက်စရာပုံစံဖြစ်နေကာသင်တုန်းဓားကဲ့သို့ချွန်ထက်သော သွားများလည်းပါရှိပါတယ်။ထိုငါးဟာသမုဒ္ဒရာရဲ့ ရေအနက်ပိုင်းတွင်သာနေထိုင်ကြပြီး သူတို့ဟာကိုယ်ပိုင်အလင်းရောင်ထုတ်လွှတ်နိုင်တာကြောင့်သူတို့ကိုသတိထားမိနိုင်ဖို့ကတော့ခက်ခဲလှပါတယ်။

(၅)Gulper ငါးရှဥ့်

ဒီGulper ငါးရှဉ့်များဟာ သူတို့ရဲ့နာမည်အတိုင်းကြီးမားတဲ့ပါးစပ်တွေပါရှိပါတယ်။ သမုဒ္ဒရာ ရေနက်ပိုင်း မှာနေထိုင်တဲ့သတ္တဝါဖြစ်ပြီး သားကောင်များကိုလည်း အကောင်လိုက်မျိူချနိုင်ပါတယ်။ထိုငါးရှဉ့်ရဲ့ ပါးစပ်နဲ့အစာအိမ်ဟာ အလွန်ကျယ်ပြန့်တာကြောင့် အစားအစာများစွာကိုနေရာပေးကာ စားသောက်နိုင်ပါတယ်။

(၆)Fangtooth Fish

Fangtooth fishသည် ရေနက်ပိုင်းတွင်နေထိုင်သောငါးတစ်မျိူးဖြစ်ပြီး သူ့နာမည်နဲ့လိုက်ဖက်လှတဲ့ ပုံစံကိုပိုင်ဆိုင်ထားတဲ့ငါးတစ်မျိုးလည်းဖြစ်ပါတယ်။ ထိုငါးရဲ့ သွားများဟာသူ့ရဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့မလိုက်အောင် ကြီးမားနေတာကိုတွေ့ရမှာပါ။ထိုငါးဟာစားသောက်ထားတဲ့အရာတွေကို ကြီးးမားတဲ့သူ့ရဲ့ပါးစပ်ထဲမှာငုံထားပြီး နည်းနည်းကြာမှာသာလျှင် မြိုချကာ စားသောက်တတ်ပါတယ်။
(၇)Frilled Shark

Frilled Sharkနဲ့ပတ်သက်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသောအရာကတော့ကြီးမားသောသူ့ရဲ့ သွားတန်းများဖြစ်ပြီး အတန်း၂၅တန်းတွင်စုစုပေါင်းသွား၃၀၀‌ရှိပါတယ်။ထိုငါးမန်များဟာခန္ဓာကိုယ် အရှည်အားဖြင့်၆ပေထိကြီးထွားနိုင်ပြီး မြွေတွေလိုဘဲ သူတို့ရဲ့သားကောင်အားခန္ဓာကိုယ်အသုံးပြုကာပတ်၍ညစ်ထားနိုင်ပါတယ်။

Leave a Comment