လူတွေကိုအံဩစေမဲ့ အရာများကို ဖန်တီးဖို့အတွက် အံအားသင့်လောက်စရာ ကျွမ်းကျင်မှုသာမက ဖန်တီးနိုင်စွမ်းလည်း မြင့်မားဖို့လိုပါတယ်။ သို့ပေမဲ့ တချို့အထင်ကြီးလောက်တဲ့ အရာများဟာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားတတ်ကြပြီး အဲ့ထဲကတချို့ကတော့ ယနေ့တိုင် တည်ရှိရှင်သန်နေဆဲဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ ကျနော်တို့ စာဖတ်မိတ်ဆွေတို့ မသိလောက်သေးတဲ့ ၁၉၀၀ ကျော်ခုနှစ်တွေက တီထွင်ခဲ့တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းများအကြောင်းပဲဖြစ်ပါတယ်။

၁။ ၁၉၄၀ ခုနှစ်ကတီထွင်ခဲ့တဲ့ အဆီကျစက်
အမျိုးသမီးများတွင် ပိန်သွယ်သော ခန္ဓာကိုယ်သည် အလှအပစံနှုန်းဖြစ်သည်ကို လူ့အဖွဲ့အစည်းက ဆုံးဖြတ်လိုက်သောကြောင့် ကိုယ်အလေးချိန်သည် လူတို့အစွဲအလမ်းဖြစ်နေသည်မှာ ကြာပါပြီ။ ထို့ကြောင့်၊ Slendo Massager လိုခေါ်တဲ့ ကိုယ်လေးချိန်ကျဆင်းအောင်ပြုလုပ်ပေးတဲ့ စက်ဟာ သည် 1940 ခုနှစ်များအတွင်း ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ရည်ညွန်းပြီး ထုတ်လုပ်တာလို့ဆိုပါတယ်။

၂။ ၁၉၄၁ ခုနှစ်က မျက်နှာပေါင်းတင်စက်
၎င်းစက်ဟာ ညှဉ်းပန်းနှိပ်စက်သည့်ကိရိယာနှင့် တူသော်လည်း 1941 ခုနှစ်တွင် အမျိုးသမီးများအတွက် အလှအပဆိုင်ရာ ကုသမှုတစ်ခုအဖြစ် တီထွင်ခဲ့တာပါ။ Glamour Bonnet လို့အမည်ရတဲ့ အဲဒီစက်ဟာဆိုရင် အမျိုးသမီးတစ်ဦး၏ဦးခေါင်းမှာ တပ်ဆင်ရပြီး အရေပြားအသားအရေကို တိုးတက်ကောင်းမွန်စေရန် လေဟာနယ်ကဲ့သို့ လေဖိအားနည်းရပ်ဝန်းကို ပေါင်းစပ်ထားသည့်ပိုက်ဖြင့် ဖန်တီးထားသည်ဟု ယူဆရပါသည်။

၃။ ရေအောက်လေ့လာရေး ပြွန်
ရေငုတ်သင်္ဘောများမပေါ်ခင် 1910 ခုနှစ်များတွင် Charles Williamson တီထွင်ခဲ့သော ရေငုပ်သင်္ဘောပြွန်ကို တစ်ချိန်က ရေအောက်ဓာတ်ပုံရိုက်ခြင်း၏ အနာဂတ်ဟု ယူဆခဲ့ကြသည်။

၄။ အိမ်သုံး အခိုင်းအစေ စက်ရုပ်များ
အိမ်မှုကိစ္စများလုပ်ဆောင်ရန် အစီအစဉ်ဆွဲထားသော စက်ရုပ်များကို လူများက ထူးဆန်းစွာ စွဲလန်းနေချိန်တွင် တစ်စုံတစ်ဦးသည် လုပ်ဆောင်ချက် နှစ်ခုသာရှိသော ဖုန်းဖြေစက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပါသည်။ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းချတာပဲလုပ်နိုင်ပါတယ်။ တခြားဘာမှ မလုပ်နိုင်ပါဘူး၊ ဒါပေမယ့် လူတွေက အဲဒါကိုပဲ အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။

၅။ တစ်ဘီးထဲပါသော ကားများ
ဧရာမတာယာကြီးဖြင့် မည်သို့ လှည့်ပတ်စီးချင်ကြသနည်းဟု သင် အံ့သြနေမည်ဖြစ်သော်လည်း ၎င်းကားဟာ အနာဂတ်၏လမ်းစဉ်ဖြစ်သည်ဟု ယူဆမိပါသည်။ 1930 ခုနှစ်များအတွင်း monowheel ကို လေးနက်သောသယ်ယူပို့ဆောင်ရေးအဖြစ်အသုံးပြုရန် အဆိုပြုခဲ့သော်လည်း အားနည်းချက်များစွာရှိခဲ့ပြီး ပယ်ချခံခဲ့ရပါတယ်။

၆။ ဝတ်ဆင်ရသော လေထီး
သြစတြီးယားနွယ်ဖွား အပ်ချုပ်သမား၊ တီထွင်သူနှင့် ပထမဆုံးလေထီးခုန်သူ Franz Reichelt သည် ၎င်း၏ ဝတ်ဆင်နိုင်သော လေထီးတီထွင်မှုကြောင့် တစ်ခါတစ်ရံ ပျံသန်းနိုင်သော အပ်ချုပ်သမားအဖြစ် ရည်ညွှန်းခြင်းခံခဲ့ရပါတယ်။ ယနေ့ခေတ်လေထီးများထက် ပိုကြီးတဲ့ အရာမဟုတ်ပေမယ့် သူ့ခေတ်အခါမှာတော့ အဆင်ပြေခဲ့ပါတယ်။

၇။ စီးကရက်နှင့်ဆေးလိပ် ဆေးတံများကို မိုးရေမှကာကွယ်ပေးမဲ့ ထီး
ဆေးလိပ်သောက်သူများအတွက်တော့ အကြိုက်ဆုံးတစ်ခုဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ဆေးလိပ်သောက်သူတွေ ဆောင်ထားသင့်တယ်နော်။

၈။ ကုန်းရေ နှစ်ထွေသွားလို့ရတဲ့ မော်တော်ကားများ
ကုန်းလမ်းနှင့်ပင်လယ်ရေပြင်တွင် စတိုင်ကျကျ မောင်းနှင်လိုပါက Amphicar လို့ခေါ်တဲ့ ကုန်းရေသွားကားကတော့ သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သို့သော်၊ 1960 ခုနှစ်များတွင် Amphicar သည် သင့်လျော်သောကားမဟုတ်သလို ပြီးမြောက်အောင်မြင်သည့်မော်တော်ဘုတ်လည်းမဟုတ်သောကြောင့် လူကြိုက်နဲသွားပြီး ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ရပါတယ်။

၉။ တင့်ကားပျံများ
တင့်ကားများသည် ထုထည်ကြီးမားပြီး လေးလံသော်လည်း ၎င်းတို့ကို ပျံသန်းစေခြင်းသည် ကောင်းမွန်မည်ဟု တစ်စုံတစ်ဦးမှ ထင်မြင်ယူဆခဲ့ပါတယ်။ မြေပြင်မှာ အရမ်းနှေးကွေးနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဘယ်သူက ပထမဆုံး တီထွင်ခဲ့တာလဲ၊ အမေရိကန် ဒါမှမဟုတ် ဆိုဗီယက်တွေလားဆိုတာတော့ ပြောဖို့ခက်ပေမယ့် ဒီတီထွင်မှုက တကယ်ကို အဓိပ္ပါယ်မရှိခဲ့ပါဘူး။

၁၀။ Video Call ခေါ်လို့ရတဲ့ ဖုန်း
2001:တုန်းကထွက်ခဲ့တဲ့ Space Odyssey ရုပ်ရှင်ကို ကြည့်ဖူးပါသလား၊ အဲဒီရုပ်ရှင်ကားထဲမှာ ဗီဒီယိုဖုန်းတွေနဲ့ ဆက်သွယ်တဲ့ ဇာတ်ကောင်တွေကိုတွေ့နိုင်ပါတယ်။ Facetime နှင့် Skype မတိုင်မီ 1964 ခုနှစ်တွင် AT&T သည် “ရုပ်ပုံပေါ်တဲ့ဖုန်း” ကို ထုတ်လုပ်ခဲ့တာပါ။
