သင်တို့အနေနဲ့လွယ်ကူစွာဝင်ရောက်ဖို့မဖြစ်နိုင်တဲ့ကမ္ဘာပေါ်ကလုံခြုံရေးအမြင့်ဆုံးနေရာများ

ကျွန်ုပ်တို့ရဲ့ကမ္ဘာမြေပေါ်မှာ အရမ်းကိုခက်ခဲပြီး မဖြစ်နိုင်တဲ့အရာတွေများစွာရှိပါတယ်။အထူးသဖြင့်ကျွန်တော်တို့အနေနဲ့ဘယ်လိုမှကိုဝင်ရောက်နိုင်ဖို့မဖြစ်နိုင်တဲ့ကမ္ဘာပေါ်ကလုံခြုံရေးအမြင့်ဆုံးနေရာမျိုးတွေဖြစ်ပါတယ်။ထိုနေရာတွေကပရိသတ်တွေအတွက်ဘာတွေကိုစိတ်ဝင်စားမှုပေးနိုင်မလဲဆိုတာကိုအောက်မှာဖော်ပြထားတဲ့စာလေးတွေကိုအဆုံးထိဖတ်ကြည့်လိုက်ရအောင်။

(၁)နော်ဝေးနိုင်ငံ ၊ Svalbard ကတစ်ကမ္ဘာလုံးမှာရှိတဲ့အစေ့တွေကိုသိုလှောင်ထားတဲ့နေရာ


Svalbard Global Seed Vault ကိုတော့ ၂၀၀၈ ခုနှစ်မှာ Spitzbergen ကျွန်း၌ဖွင့်လှစ်ခဲ့ပါတယ်။ထိုသိုလှောင်ရုံကြီးမှာတော့ မျိုးစေ့နမူနာပေါင်းသန်း ၂၅၀ ရှိပါတယ်။ လူသားများအတွက် ဘယ်အပင်ကိုမဆိုပြန်လည်စိုက်ပျိူးနိုင်ရန်ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။ ကျွန်းတွေကတော့မျိူးစေ့သိုလှောင်ရန်အတွက်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ငလျင်နဲ့ထိတွေ့မှုမရှိခြင်း နှင့် ပင်လယ်ရေမျက်နှာပြင်အထက် တွင်တည်ရှိသောကြောင့်ဖြစ်ပါတယ်။

(၂)Sealand က HavenCo ကုမ္မဏီ

ထိုဒေတာစင်တာကြီးကိုတော့ ၂၀၀၀ ခုနှစ်တွင် Sealand ၌ဖွင့်လှစ်ခဲ့ပါတယ်။ ထိုနေရာကိုတော့၂၀၀၈ခုနစ်တွင်ခဏပိတ်လိုက်ရပြီး ၂၀၁၃မှာတော့ပြန်လည်ဖွင့်နိုင်ခဲ့ပါတယ်။

(၃)ဆွီဒင်နိုင်ငံရဲ့မြို့တော် စတော့ဟုမ်း ကPionen ဒေတာစင်တာ

Bahnhof ရဲ့ဒေတာစင်တာများဟာပေ ၁၀၀ ရှိတဲ့မြေအောက်ဂူတစ်ခုထဲမှာတည်ရှိပါတယ်။ ဒီအဆောက်အအုံကို ၁၉၄၃ ခုနှစ်တွင်အမိုးအကာများဖြင့်ထပ်မံတည်ဆောက်ခဲ့ပါတယ်။ထိုထဲမှာတော့သက်ရှိအပင်များ၊ ရေတံခွန်အတုများနှင့်ကြီးမားသောငါးမွေးကန်တစ်ခုလည်းရှိပါတယ်။ ထိုအရာများဟာ ကုမ္မဏီရဲ့၀န်ထမ်းများ အတွက် ကောင်းမွန်တဲ့ပတ်၀န်းကျင်မျိူးဖြစ်စေဖို့ဖန်တီးထားတာဖြစ်ပါတယ်။

(၄)ဂရိတ်ဗြိတိန်ရဲ့ Yorkshireမြို့ရှိ RAF Menwith hillအခြေစိုက်စခန်း

စစ်အေးကာလအတွင်းအချက်ပြခြင်းတွေကိုဖမ်းယူနိုင်ရန်အတွက်ထိုနေရာကို ၁၉၅၄ခုနှစ်တွင်တည်ဆောက်ခဲ့ပါတယ်။ယခုအချိန်မှာတော့ ထိုနေရာဟာ ဘာအတွက်အသုံးပြုမှန်းမသိသော်လည်း ၎င်းဟာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ထောက်လှမ်းရေးအချက်အလက်များရှိသည့်နေရာတစ်ခုလည်းဖြစ်ပါတယ်။

(၅)ဗာတီကန်ရှိ လျှိူ့ဝှက် မော်ကွန်းတိုက်

ထိုနေရာကို ကမ္ဘာပေါ်ရှိ အလျှို့ဝှက်ဆုံးသော စာကြည့်တိုက်လို့သတ်မှတ်ထားကြပါတယ်။ပုပ်ရဟန်းမင်းတွေရဲ့ စာရွက်စာတမ်းများအားလုံးကို ၇ရာစုလောက်ကတည်းကထိုနေရာမှာသိမ်းဆည်းထားခဲ့ပါတယ်။ သုတေသန အရာရှိတစ်ဦး၏ အထူးခွင့်ပြုချက်ရမှ သာ ထိုမော်ကွန်းတိုက်ထဲသို့ ၀င်ရောက်နိုင်မှာဖြစ်ပါတယ်။

(၆)ဂရိတ်ဗြိတိန် Derbyshireမြို့ရှိ ကားပါကင်

ထိုကားပါကင်နေရာဟာ ကမ္ဘာပေါ်တွင် အလုံခြုံဆုံးသောကားထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယာဉ်မောင်းများသည် ဘားကုဒ်လက်မှတ်များရရှိပြီးမှသာ ကားရပ်နားရန်နေရာ ရရှိမှာဖြစ်ပါတယ်။
ကားတစ်စီးခြင်းစီရဲ့အောက်တွင် လှုပ်ရှားမှု အာရုံခံကိရိယာတစ်ခုရှိနေပြီး တစ်စုံတစ်ဦးကခွင့်ပြုချက်မရှိဘဲ မောင်းနှင်ပါကအချက်ပေးမှုကိုဖြစ်ပေါ်စေပါတယ်။ထိုနေရာတွင်စောင့်ကြည့်ရေးကင်မရာ အလုံးပေါင်း ၁၉၀ လောက်ရှိနေပါတယ်။

Leave a Comment