သင်ကြားဖူးမှာမဟုတ်တဲ့ထူးခြားရှားပါးတဲ့သစ်သီးများ

ငှက်ပျော်သီး ၊ လိမ္မော်သီး နှင့်ကီဝီသီးများဟာ တစ်နှစ်ပတ်လုံး ပုံမှန်‌မြင်တွေ့နေရတဲ့သစ်သီးတွေဖြစ်ပြီးထိုအသီးတွေကအဲလောက်ထိတော့ထူးခြားတာမရှိပါဘူး။ဒါပေမယ့်ယခုဖော်ပြပေးမယ့်သစ်သီးတွေကတော့ သင့်ရဲ့ဘဝမှာ တစ်ခါမှကြားဖူးခြင်းရှိမှာမဟုတ်တဲ့ ထူးခြားရှားပါးတဲ့သစ်သီးတွေဘဲဖြစ်ပါတယ်။

(၁) Cherimoya

ဒီအသီးဟာ တစ်ခြားအရာများထက် စာရင်ရေခဲမုန့်နဲ့ ပိုပြီးဆင်တူပါတယ်။ စားလိုက်တဲ့အချိန် မှာသင့်ပါးစပ်ထဲတွင် နူးညံတဲ့
ခရမ် အရည်ပျော်ကျသွားကာ အဖျားကျစေခြင်း နှင့် ၀မ်းရောဂါကုသပေးနိုင်တဲ့ ဂုဏ်သတ္တိများကြောင့် လူသိများကြပါတယ်။ ဒါပေမယ့်လို့သူ့ရဲ့အစေ့ကတော့ အန္တာရာယ်ရှိတဲ့အဆိပ်ဖြစ်စေနိုင်ပါတယ်။

(၂)Miracle berry

ဒီအသီးဟာမှော်ဆန်လှတဲ့သစ်သီးတစ်လုံးလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူး။ဘာကြောင့်လဲဆိုတော့ ထိုဘယ်ရီအသီးတစ်လုံးကိုစားပြီး နောက်နာရီပိုင်းအတွင်း သင်ဘာစားစား သင့်ပါးစပ်ထဲမှာ ချိုမြိန်နေစေမှာဖြစ်ပါတယ်။

(၃)Kiwano

ဒီအသီးကို အာဖရိက ဂျိုဖရဲသီး သို့မဟုတ် ဂျိုသခွားသီးဟု လူသိများကြပါတယ်။မှည့်နေတဲ့ ထိုအသီးရဲ့အရသာဟာ သခွားသီး ၊ ကီဝီနှင့်ငှက်ပျောသီးကဲ့သို့အရသာရှိပါတယ်။

(၄)Tamarillo

Tamarillo ဟာခရမ်းချဉ်သီး၊ ခရမ်းသီးနှင့်ငရုတ်သီးတို့ရဲ့ မျိုးစပ်တစ်မျိုးလည်းဖြစ်ပါတယ်။သူ့အရသာဟာ ခရမ်းချဉ်သီးချိုချဉ်အရသာမျိုးနှင့် စွဲမက်ဖွယ်ကောင်းတဲ့အသီးလည်းဖြစ်ပါတယ်။ ထိုအသီးကိုတော့ အချိုပွဲစားသုံးခြင်းနှင့် အလှစား‌ေသာက်ပွဲပြင်ဆင်ခြင်းတွေအတွက် အထူးသင့်လျော်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။

(၅)Buddha’s hand

ဒီအသီးဟာ အသားရေအတွက်သင့်လျော်သလို အနံလည်းပြင်းထန်ကာ အဖိုးတန်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်မလို့ စားသုံးဖို့မလွယ်ကူသလို သူ့ရဲ့အရသာဟာ လီမွန်ခွံလိုမျိုးအရသာဖြစ်နေပါတယ်။ ထိုအသီးရဲ့လက်ချောင်းကဲ့သို့အဝါရောင်အချောင်းလေးများကို ငါးဟင်းချက်တဲ့နေရာနှင့်အသုပ်ထဲ တွင်ထည့်ကာအသုံးပြုလေ့ရှိကြပါတယ်။

(၆)Black sapote

Black sapote ဟာ ရင့်မှည်သည့်အချိန်မှာ အမဲရောင်ဖြစ်နေတဲ့ ထူးခြားတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။သူရဲ့အရသာနဲ့ ပုံစံဟာ ချောကလက်နဲ့ဆင်တူလှပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

(၇) Sapodilla

ဒီအသီးကတော့ သကြားညိုနဲ့ ဘီယာ ကို ရောစပ်တာကနေထွက်လာတဲ့ အရသာမျိုးရှိတဲ့ထူးခြားတဲ့သစ်သီးလည်းဖြစ်ပါတယ်။ ဒီအသီးရဲ့အစေ့မှာဆူးလေးတွေရှိကာ စားတဲ့အချိန်မှာ အစေ့ကိုမဖယ်မိပါက သင့်လည်ချောင်းကို ဒုက္ခပေးနိုင်တဲ့အန္တာရာယ်ရှိပါတယ်။

Leave a Comment