ဓာတ်ပုံတွေဟာ ရိုက်ကူးလိုက်တဲ့အချိန်မှာထက် နောက်နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ အဖိုးတန်လာတတ်ပါတယ် ။ ကိုယ်ရောက်နေတဲ့နေရာ၊ ရိုက်ကူးနေတဲ့အချိန်၊ ခံစားချက်၊ ကိုယ်နဲ့အတူရိုက်ကူးတဲ့သူ စတာတွေကို အမှတ်တရသိမ်းဆည်းတဲ့အနေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးလေ့ရှိတာပါ။ အတိတ်ကို သတိရလို့ မိဘ၊ ဆွေမျိုး မောင်နှမနဲ့ဖြစ်ဖြစ် ချစ်ရသူနဲ့ဖြစ်ဖြစ် ရိုက်ကူးထားတဲ့ပုံဟောင်းလေးတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဘဝမှာ သူတို့ကိုပိုင်ဆိုင်ထားရတာ ဘယ်လောက်တောင် ပျော်စရာကောင်းလဲဆိုတာ ပြန်လည်အမှတ်ရလာမှာ အမှန်ပါ။ တခါတလေတော့လည်း ဓာတ်ပုံလေးတွေဟာ အနားမှာမရှိတော့ဘဲ ထွက်ခွာသွားတဲ့သူတွေရဲ့ တစ်ခုတည်းသော ကျန်ရစ်တဲ့ အမှတ်တရလေးတွေ ဖြစ်နေတတ်ပါတယ်။
ခရစ် ပေါ့ဇ် လို့ခေါ်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကတော့ အင်္ဂလန်အရှေ့ပိုင်း ပီတာဘိုးရက်ဖ်ရဲ့ လမ်းမတွေပေါ် လျှောက်သွားရင်း အသက် ၇၀-၈၀ အရွယ် လူကြီးတွေရဲ့ ပုံကို ရိုက်ကူးခဲ့ပါတယ် ။ ပြီးတဲ့နောက်မှာတော့ သူဟာ လွန်ခဲ့တဲ့ နှစ်(၄၀)က ရိုက်ကူးထားတဲ့ ပုံတွေနဲ့ ပြန်လည် ယှဉ်တွဲဖန်တီးပြီး သူတို့ကိုစိတ်ကျေနပ်စေခဲ့ပါတယ်။ သူ့ရဲ့လက်ရာလေးတွေကို အောက်မှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။