ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးပေါ်မှာလူတစ်ချိူ့သာ ရောက်ဖူးပြီး လူအများစု ခြေမချရသေးတဲ့နေရာ တွေများစွာရှိပါတယ်။အဲ့ဒီနေရာအများစု မှာတော့ ရိုင်းစိုင်းတဲ့ တောရိုင်းတိရစ္ဆာန်တွေနေထိုင်ကြဆဲဖြစ်ပါတယ်။ထိုခြေမချဖူးတဲ့နေရာများဟာ အရမ်းဝေးလံခေါင်ဖျားကြပြီး စွန့်စွန့်စားစား နှင့်ကြိုးစားကာ အချိန်တော်တော်ကြာ ယူပြီးမှရောက်ရှိနိုင်ပါလိမ့်မယ်။
(၁)The forest lake, Russia
ဒီထူးဆန်းတဲ့ရေအိုင် ရဲ့တည်နေရာအတိအကျကို တော့မည်သူမှမသိသေးပါဘူး။ တစ်ချိူ့ပြောပြချက်အရတော့ ဒီရေအိုင်ကို Russia နိုင်ငံ Tyumenဒေသ၌တွေ့ရတယ်လို့လည်းဆိုပါတယ်။တောအုပ်နက် ၏အတွင်းပိုင်း မှာ ဘယ်လိုတည်ရှိနေတာလဲဆိုတာ ဘယ်သူမှအတိအကျမသိသေးပါဘူး။
(၂)Tepui, Venezuela
Tepuiဆိုတဲ့စာလုံးရဲ့အဓိပ္ပယ်ဟာ “အိမ်ရဲ့ ဘုရား”ဟုGran Sabana ဒေသကလူတွေရဲ့ဘာသာစကားအရ အဓိပ္ပါယ်ရပါတယ်။ထိုနေရာဟာ ထူးဆန်းပြီး ကြောက်စရာကောင်းလှသောသဘာ၀တရားများစွာနဲ့တည်ရှိနေပါတယ်။
(၃)Honokohau Falls, Maui
ထိုဝေးလံလှတဲ့နေရာဟာ စိမ်လန်းပြီး စိုစွတ်နေတဲ့ေနရာတစ်ခုပါ။ထိုနေရာကို မြင်တွေ့လိုက်ရုံနဲ့ ကမ္ဘာကြီး၏ ထူးခြားတဲ့ အလှတရား ၊ ဆန်းကြယ်လွန်းတဲ့သဘာ၀တရားတို့ကိုခံစားရစေပါတယ်။
(၄)The Amazon rainforest
မယုံကြည်နိုင်လောက်အောက်ကြီးမားသည့် သစ်တောကြီးသည် တောင်အမေရိက 9နိုင်ငံ တစ်လျောက်တည်ရှိပါသည်။(Brazil, Peru, Colombia, Venezuela, Ecuador, Bolivia, Guyana, Suriname, and French Guiana)တို့ပဲဖြစ်ပါတယ်။ လူသားတွေအတွက်ထို တောအုပ်ကြီးဟာကြီးမားလွန်းသဖြင့် အားလုံးကိုလေ့လာရန်ခက်ခဲလှပါတယ် ။ တောအုပ်အတွင်းပုန်းကွယ်နေတဲ့ထူးဆန်းအရာအကုန်လုံးကိုလည်းမသိနိုင်ကြသေးပါဘူး။
(၅)Gangkhar Puensum, Bhutan
ထိုတောင်ကြီးဟာ လူတွေအဆုံးထိမတက်ဖူးသည့် ကမ္ဘာအမြင့်မားဆုံးတောင်ကြီးဖြစ်ပါတယ်။ ဒီတောင်ဟာ ဘူတန်နဲ့တရုတ်နိုင်ငံအကြားနယ်စပ် တွင် တည်ရှိပြီး 7,570မီတာရှည်ကာ ကောင်းကင်သို့မြင့်မားစွာတက်ကာတည်ရှိနေပါတယ်။
(၆)Tsingy de Bemaraha, the ‘stone forest’ of Madagascar
ထိုကျောက်တုံးများနှင့်ချောက်ကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်ပေါ်ခဲ့ပြီး အဓိက ကတော့ ကြီးမားတဲ့ဂူကြီးတွေပုံစံဖြင့် မြေအောက်တွင်တည်ရှိကြပါတယ်။ နှစ်ပေါင်းများစွာ မုတ်သုံမိုးရွာသွန်းပြီးနောက် ထုံးကျောက်ပေါ်ကိုဆေးကြောပစ်ကာ ထိုကဲ့သို့အလွှာပါးများဖြစ်ပေါ်လာခဲ့ပါတယ်။
(၇)Palmyra Atoll
ထိုနေရာဟာ ဟာဝိုင်အီ ကျွန်းတောင်ဘက်ပိုင်း ပစိဖိတ်သမုဒ္မရာရဲ့ အီကွေတာဇုန် အတွင်းတွင်တည်ရှိပါတယ်။ ဒီကျွန်းဟာ လျှိူ့ဝှက်ဆန်းကြယ်ပြီး သဘာ၀တရားရဲ့ အလှအပတွေနဲ့ပြည့်နက်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။