လူတိုင်းနီးပါးဟာ သူတို့ရဲ့ စိတ်ကူးထဲက ကိုယ်ပိုင်အိမ်လေးထဲမှာ နေထိုင်ချင်ကြပါတယ်။ သို့ပေမဲ့ လူတွေဟာ ငွေကြေးခက်ခဲခြင်းများ နှင့် အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မဲ့ သင့်တော်တဲ့နေရာကိုမတွေ့ရှိကြပါဘူး။ယခုဖော်ပြမယ့်အိမ်လေးတွေကတော့လူတိုင်းနေချင်လောက်မယ့်ဈေးသက်သာတဲ့အိမ်ပုံစံအလန်းလေးတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)WALKING HOUSE(လမ်းလျှောက် ရွေ့လျားနိုင်တဲ့အိမ်)
WALKING HOUSE ကို ကုမ္မဏီနှစ်ခုဖြစ်တဲ့ N55 နှင့် Wysing Arts စင်တာကုမ္မဏီ ၂ ခုမှတီထွင်ခဲ့ကြပါတယ်။
ဒီအံ့သြဖွယ်ကောင်းတဲ့ အိမ်၏အရွယ်အစားကတော့
၃.၇၂ × ၃၅x ၃.၅ မီတာဖြစ်ပြီး အလေးချိန်မှာ ၁၂၀၀ ကီလိုဂရမ် လောက်လေးပါတယ်။ သူ့ကိုအလျင်မြန် ရွေ့လျားလို့တော့မရပါဘူး။ အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၃၇မိုင်ဖြစ်ပါတယ်။ လေဒလက်များနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဆဲလ် များက အိမ်အတွက် စွမ်းအင်ရအောင် ထောက်ပံ့ပေးပါတယ်။ထို့အပြင် အိမ်ရဲ့ အတွင်းပိုင်း၌လည်း ထင်းမီးဖိုတစ်ခုရှိပါသေးတယ်။
(၂)The Aplsတောင်ပေါ်က UFOGEL သဘာဝလုံးချင်းအိမ်
UFOGEL အိမ်သည် ၄၅ စတုရန်းမီတာရှိပြီး Peter Jungmann ကဖန်တီးခဲ့ပါတယ်။သူဟာ စာလုံးနှစ်ခုကိုပေါင်းပြီးနာမည်ပေးခဲ့တာဖြစ်ပြီး UFO(Unidentified flying object) ပန်းကန်ပြားပျံ ၊ Vogel (a bird)ငှက် ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ သင်အနေနဲ့ဒီအိမ်လေးကိုငှားရမ်းနိုင်ကာ လှပတဲ့တောတောင်သဘာဝရှုခင်းတွေကိုခံစားနိုင်မှာဖြစ်ပါတယ်။
(၃)ဂရိတ်ဗြိတိန်က The Pier House
Conwy တွင်ရှိသောဒီအိမ်ေလးဟာ ဂရန်းနစ်မှတ်တမ်းတင်စာအုပ်ထဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။အိမ်ရဲ့အကျယ်မှာ ၅.၄၉ စတုရန်းမီတာ ရှိပြီး၁၆ရာစုမှ ၁၉၀၀ အထိ ထိုနေရာမှာ လူများနေထိုင်ခဲ့ကြပါတယ်။ ရောဘတ်ဂျုံးစ် ဟာ တံငါသည်တစ်ဦးဖြစ်ပြီးထိုနေရာတွင် နေထိုင်ခဲ့သောနောက်ဆုံးလူလည်းဖြစ်ကာ မျက်နှာကြတ်များနိမ့်လာသောကြောင့် ပြောင်း ရွေ့နေထိုင်ခဲ့ရပါတယ်။ ယနေ့ခေတ်မှာတော့ ဒီအိမ်လေးဟာ
ဂျုံးစ်၏သားစဉ်မြေးဆက်နေထိုင်ခဲ့တဲ့ ပြတိုက်တစ်ခုအဖြစ်သာကျန်ရှိပါတော့တယ်။
(၄)The Exbury Egg (ဥပုံစံအိမ်)
ဗိသုကာပညာရှင်စတီဗင်တာနာဟာ ဆန်းသစ်တီထွင်မှုများကိုနှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ SPUD အဖွဲ့နှင့် PAD စတူဒီယိုတို့နှင့်အတူအလုပ်လုပ်ပြီး ဥပုံသဏ္ဍန်ရှိသော သဘာဝအိမ်လေးကို တီထွင်ဆောက်လုပ်ခဲ့ပါတယ်။မယုံနိုင်လောက်အောင်အံ့ဩဖွယ်ဖြစ်သော Exbury Eggအိမ်သေးလေးဟာ (အရှည် – ၆ မီတာ၊ အချင်း – ၂.၈ မီတာ)ရှိပြီး ရေပေါ်တွင်တည်ဆောက်ထားကာ သဘာဝတွင် နေထိုင်နေသလိုမျိုး ခံစားမိစေပါလိမ့်မယ်။ ရေချိုးခန်း ၊ မီးဖိုနှင့် ပုခတ်အိပ်ယာများလည်းပါရှိပြီး အိမ်အတွက်စွမ်းအင်ကိုတော့ နေရောင်ခြည်မှ ရရှိပါတယ်။
(၅)ကော့စတာရီးကာနိုင်ငံကမ်းခြေ မှဘိုးရင်း
လေယာဥ် ဟိုတယ်။
ဒီသံချေးတက်နေတဲ့ ၁၉၆၅က လေယာဉ်အိုကြီးဟာ ထူးခြားလှတဲ့ဟော်တယ်ကြီးအဖြစ်အငြိမ်းစားယူနိုင်ခဲ့ပါတယ်။ ကော့စတာရီကာမှစီးပွားရေးသမားတစ်ဦး က ဒီလေယာဉ်အိုကြီး ကိုဝယ်လိုက်ပြီး သစ်သားအရောင်ရင့်ပုံစံပြောင်းကာ ဟိုတယ်တစ်ခုတည်ဆောက်ဖို့
ဒီဇိုင်းနာတွေကိုငှားလိုက်ပါတယ်။သေသပ်လှတဲ့လက်ရာများကြောင့် လေယာဉ်အိုကြီးအဖြစ်ကနေအံ့ဖွယ်ကောင်းလှတဲ့ဘိုရင်းလေယာဉ်ဟိုတယ်ကြီးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။