ယနေ့ခေတ်အတွက် အနည်းငယ် အထူးအဆန်းဖြစ်နေမယ့် အတိတ်ကာလက ထူးဆန်းသောတီထွင်မှုများ

ယနေ့ခေတ်မှာ နည်းပညာအသစ်အဆန်းများကို အလျင်အမြန်ထုတ်လုပ်နေကြပြီး အရင်မျက်‌မှောက်ခေတ်ကလို ရယ်စရာကောင်းတဲ့ အဖြစ်ပျက်များဟာ ခေတ်ကုန်ခဲ့ပါပြီ။ သို့သော် အရင်တုန်းက ရိုးရိုးရှင်းရှင်းနဲ့ ထူးဆန်းတဲ့အရာများကို ကြည့်ဖို့ အရင်ချိန်တွေကိုပြန်သွားလိုက်ရအောင်။

(၁) Pueblaမြို့ရှိ Palafoxiana စာကြည့်တိုက်တွင် သုတေသီတစ်ဦးဟာ စာအုပ်ခုနစ်အုပ် ကို တစ်ပြိုင်နက်တည်းဖွင့်နိုင်တဲ့ နှစ် ပေါင်း (၃၀၀) သက်တမ်း ရှိတဲ့ ကိရိယာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

(၂) ၁၉၉၅ ခုနစ်တွင် သေးငယ်ပြီး ကျဉ်းမြောင်းတဲ့ သံလမ်းပေါ် သွားနိုင်သည့် လျှပ်စစ်ရထားကို မော်တော်ယာဉ် အသွားအလာအမြန်နှုန်းကို စောင့်ကြည့်မယ့် ရဲတွေအတွက် နယူးယောက်မြို့ရှိ ဟော်လန်ဥမင်လှိုဏ်ခေါင်း၌ တပ်ဆင်မောင်းနှင်ခဲ့ပါတယ်။

(၃) ကိုလံဘီယာလူမျိုးတစ်ဦးမှ ထွင်းထုကာပြုလုပ်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်စိမ်း အိတ်ကပ်နာရီ။

(၄) ကမ္ဘာ့ရှေးအကျဆုံး ရေငုပ်၀တ်စုံကို လွန်ခဲ့တဲ့ ၁၈၆၀ ခုနစ်က တီထွင်ခဲ့ပါတယ်။

(၅) ထိုကားဟာ ၁၉၄၉ ခုနစ်က ပဲရစ် ကားပြပွဲတစ်ခု၌ စတင်မိတ်ဆက်ခဲ့သော Dalahaye 175s Roadster လို့ခေါ်တဲ့ ပြင်သစ်ကားအမျိူးစားတစ်ခုဖြစ်ပါတယ်။ Limit Edition ဖြင့်တစ်စီးတည်းသာ ထုတ်လုပ်ခဲ့ပြီး မကြာသေးမှီကမှ ဒေါ်လာ ငါးသန်း ဖြင့် လေလံတင်ရောင်းချခဲ့ပါတယ်။

(၆) ၁၉၅၉ ခုနှစ်က တီထွင်ထုတ်လုပ်ခဲ့တဲ့ ခေတ်မှီအော်တိုဖုန်စုပ်စက်

(၇) ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်များမှ ဝေဟင်ထဲကနေ ဓာတ်ပုံများ ရိုက်ယူခဲ့သည့် Kodak K-24 ကင်မရာတစ်လုံး

(၈) March 13 တွင် ဗြိတိသျှစုံတွဲ တစ်တွဲဟာ ဒုတိယကမ္ဘာစစ်အတွင်းရှိ ပြင်းထန်တဲ့ Blitz ဗုံးပေါက်ကွဲမှုကြောင့် အိမ်ပြိုကျခြင်းမှကာကွယ်ရန် သံဇကာ အမိုးအကာနဲ့ ပြုလုပ်ထားတဲ့ အိပ်ယာနဲ့အိပ်စက်နေပုံဖြစ်ပါတယ်။

(၉) Motorola ကုမ္မဏီက ဒုဥက္ကဠ John F. Mitchell ဟာ နယူးယောက်မြို့၌ Dyantac အိတ်ဆောင် ရေဒီယိုတယ်လီဖုန်းကို ၁၉၇၃ ခုနစ်တွင် ပြသခဲ့သည့်ပုံဖြစ်ပါတယ်။

(၁၀) ၁၉၂၅ ခုနှစ်က ဂျာမနီနိုင်ငံ မှာတွေ့ရတဲ့ ဘီးတစ်ဘီးတည်းရှိသော ဆိုင်ကယ် ။

(၁၁) ၁၉၂၅ ခုနစ် Montana ပြည်နယ်က အမေရိကန် အင်ဒီးယန်းလူမျိုး တယ်လီဖုန်း အဖွင့်ပိတ် အော်ပရေတာ ၀န်ထမ်း Helen ရဲ့ပုံဖြစ်ပါတယ်။

(၁၂) ၁၉၅၀ ခုနစ်နှောင်းပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ Philco Predicta ခေါ်ရုပ်မြင်သံကြားစက်တစ်လုံးဖြစ်ပါတယ်။

(၁၃) ၁၉၃၁ ခုနစ် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မီးရထားဘူတာ ပလက်ဖောင်းအနီးတွင် တွေ့ရတဲ့ ကျည်ဆံ ရထားနဲ့ ရေနွေးငွေ့ရထား နှစ်စီး ။

(၁၄) ၁၈၉၀ ၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုတွင် ခန့်မှန်းချေ ဖုန်းလိုင်း 5,500 လောက်ချိတ်ဆက်ထားပုံဖြစ်ပါတယ်။

(၁၅) ၁၉၆၁ ခုနစ် ဇွန်လ ၂၁ ရက်ကချီကာဂိုမြို့ရှိ အိမ်တွင်းပရိဘောဂ ရောင်းတဲ့ဈေးကွက်တစ်ခု၌ တီဗီ အစီစဉ်များကို အလိုလျောက် ချိန်းပေးနိုင်သည့် တီဗီ စက်ကိရိယာ တစ်ခုဖြစ်ပါတယ်။

(၁၆) ဆိုဗီယက်တောင်သူလယ်သမားများက ၁၉၂၈ ခုနစ်တွင် ရေဒီယိုကို ပထမဆုံးအကြိမ်နားထောင်နေပုံ

(၁၇) ၁၉၆၁ ခုနစ်က ကယ်လီဖိုးနီးယားရှိ ဆီဖြင့်မောင်းနှင်ရတဲ့ မော်တော်ဖိနပ်စကိတ်နဲ့ အရောင်းစာရေးတစ်ဦး။

(၁၈) TV မျက်မှန်သည် Google မျက်မှန်မတိုင်ခင် ၁၉၆၀ ခုနစ်ကတည်းကရှိတာပါ။

(၁၉) ရှေးခေတ်က ဂဏန်းပေါင်းစက် တစ်ခု၏အတွင်းပိုင်းပုံ။

(၂၀) ၁၉၄၄ ခုနစ်က FBI ရဲ့ လက်ဗွေဖိုင်ဌာနတစ်ခု။

Leave a Comment