မိုက်ခရိုစကုတ်သုံးကာရိုက်ကူးထားတဲ့အလွန်လှပတဲ့ဓာတ်ပုံများ

ပတ်ဝန်းကျင်မှာကျွန်တော်တို့မြင်နေတဲ့အရာတွေကကျွန်တော်တို့အတွက်မထူးဆန်းတော့ပေမယ့်ထိုအရာတွေကိုမိုက်ခရိုစကုတ်နဲ့ချဲ့ကာရိုက်ကူးလိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့အမြင်အာရုံကိုဖမ်းစားသွားနိုင်ပါတယ်။ထိုပုံတွေဟာသင့်​ကိုပတ်ဝန်းကျင်အသစ်တစ်ခုအားခေါ်ဆောင်သွားသလိုခံစားရစေမှာဖြစ်ပြီး သင့်မှာမိုက်ခရိုစကုတ်နဲ့ကင်မရာတွေသာရှိမယ်ဆိုပါကထိုအပုံတွေကိုသင်လည်းလိုက်ပြီးရိုက်ကူးနေတော့မှာပါ။

(၁)ပင်ကူတစ်ကောင်ရဲ့အနီးကပ်ရိုက်ကူးထားတဲ့ပုံရိပ်တစ်ခုဖြစ်ပါတယ်။ ဒီအင်းဆက်ဟာ အန္တာတိကတိုက် မှလွဲ၍ ကမ္ဘာ့နေရာတိုင်းမှာရှိနိုင်ပါတယ်။ ဒီပင့်ကူတွေကို တော့သစ်တောထဲမှာ သို့မဟုတ် ရေအနီးနားတစ်ဝိုက်မှာတွေ့ရှိနိုင်ပါတယ်။

(၂)ဒီပင့်ကူကိုတော့ Saitis barbipesလို့ခေါ်ပါတယ် ။ ဒီပင့်ကူဟာ ခုန်တတ်တဲ့ ပင့်ကူမျိူးဖြစ်ပြီး အနီးကပ်ရိုက်ရတာအန္တာရာယ် ရှိစေနိုင်တာကြောင့် မှန်ဘီလူး မပါပဲ ဒီတိုင်းကြည့်ပါက သင်အထူးသတိထားဖို့လိုအပ်ပါတယ်။ ပင့်ကူရဲ့အရွယ်အစားကတော့ မီလီမီတာ အနည်းငယ်သာရှိပါတယ်။

(၃)သင်အနေနဲ့ပိုးကောင်ကိုတော့ကြားဖူးနားဝရှိမှာပါ။ ဒါဆိုပိုးချည်တွေကိုအရွက်နဲ့ပေါင်းစပ်ကာ အသိုက်ဖွဲ့တတ်တဲ့ ရက်ကန်းပုရွတ်ဆိတ်တွေကိုရောသင်သိပါသလား?။ ဒီပုရွတ်ဆိတ်များကို အာဖရိကနဲ့ တောင်အာရှမှာတွေ့‌တတ်ကြပြီး ထိုဒေသတွေရဲ့သစ်တောထဲတွင်သာမက ဟင်းခွက်ထဲမှာလည်းတွေ့နိုင်ကြပါတယ်။

(၄)ဒီပုံကတော့လိပ်ပြာအစိမ်းတစ်ကောင်ရဲ့မျက်နှာကိုအနီးကပ်ရိုက်ထားတာဖြစ်ပါတယ်။ ထိုလိပ်ပြာများကို တော့ရှေးစာရေးဆရာများရဲ့ကဗျာစာ များတွင် ဖော်ပြတတ်ကြပြီး ဗြိတိသျှကျွန်းကနေစတင်ပေါက်ဖွားလာတဲ့ဒဏ္ဍာရီများလည်းရှိပါတယ်။ဒီလိပ်ပြာဟာ တောထဲ၌ရှာဖွေတွေ့ရှိနိုင်ဖို့အလွန်ခက်ခဲလှပါတယ်။

(၅)ဒီအပုံကတော့လိပ်ပြာတောင်ပံတစ်ခုရဲ့အပုံဖြစ်ကာ အလွန်ကောင်းတဲ့ ရုပ်ထွက်နဲ့ သူ့ရဲ့နူးညံပျော့ပျောင်းတဲ့အမြှေးပါးများကိုတောင်တွေ့နိုင်ပါတယ်။ အနီးကပ်ကြည့်လေလေ အတောင်ပံဟာ pixelတွေနဲ့ဖွဲ့စည်းထားသလိုဖြစ်နေပါတယ်။

(၆)ဒီတစ်ခုကတော့ နောက်ထပ်လိပ်ပြာတစ်ကောင်ရဲ့အတောင်ပံဖြစ်ပါတယ်။ ဒီအတောင်မှာတော့၀တ်မှုန်အပြည့်ဖုံးနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

(၇)ဒီအပုံက​တော့ပုဇဥ်းတစ်ကောင်ရဲ့မျက်နှာပုံဖြစ်ပါတယ်။

(၈)ဒီအပုံမှာတော့ပုဇဥ်းတစ်ကောင်ရဲ့အတောင်ပံကအမြှေးကြောတွေကိုအနီးကပ်မြင်တွေ့ရမှာဖြစ်ပါတယ်။

(၉)ဒီပုံက ကြယ်ငါးတစ်ကောင်၏ အရေခွံအနီးကပ်ပုံတစ်ပုံဖြစ်ပါတယ်။

(၁၀)ဒီအပုံကတော့နွားချီးပိုးကောင်ရဲ့အနီးကပ်ပုံရိပ်ဘဲဖြစ်ပါတယ်။

(၁၁)ဒီအကောင်ကတော့ မြင်းတွေကိုကိုက်တတ်​တဲ့ မှက်ကြီးတစ်ကောင်ဖြစ်ပါတယ်။။ဒီအင်းဆက်က နာကျင်အောင်ကိုက်ပြီး သွေးစုပ်ရုံသာမက ရောဂါပိုးများကိုလည်းသယ်ဆောင်တတ်ပြီး ကူးစက်စေပါတယ်။

Leave a Comment