မိမိတို့ခြံဝင်းထဲကနေမထင်မှတ်ဘဲတွေ့ရှိခဲ့တဲ့ရှေးဟောင်းပစ္စည်းများ

ကွယ်ဝှက်ပျောက်ကွယ်နေတဲ့ ရှေ့တစ်ခေတ်က ပစ္စည်းတစ်ချို့ဟာ ယနေ့ခေတ်တွင် အဖိုးတန်ရှေးဟောင်းရတနာတစ်ခုပါပဲ။ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုများကို စိတ်မ၀င်စားတဲ့သူမရှိသလောက်ပဲထင်ပါတယ်။

(၁) A Ferrari

© jalopnik, © larevueautomobile

၁၉၇၈ ခုနှစ်တွင်လော့စ်အိန်ဂျလိစ်ရှိ‌ နေအိမ်တစ်ခုတွင်နောက်ဖေး၌ကလေးနှစ်ယောက်မြေတူးရင်း Ferrari Dino 246 GTS ကိုရုတ်တရက်တွေ့ခဲ့ပါတယ်။ရဲများက ကားကို တူးဖော်ခဲ့သောအခါ ထိုကားဟာ ခိုးယူပြီး ဖွက်ထားတာ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ခိုးယူပြီး နောက်ဆက်တွဲ မြေကြီးထဲ၌ မြုပ်နှံမှုဟာ အာမခံလိမ်လည်မှုတစ်ခုဖြစ်နိုင်ပါတယ်။ထို Ferrari ကိုအာမခံကုမ္ပဏီသို့လွှဲပြောင်းပေးပြီးလေလံတင်ရောင်းချခဲ့ပါတယ်။ကံမကောင်းစွာဖြင့် မြေကြီးထဲ၌တူးယူရရှိခဲ့သော ကားဟာ ကောင်းမွန်ခြင်းမရှိတော့ပါဘူး။

(၂)ရှေ့ခေတ်က Armadillo အခွံ

© newsner, © natureworldnews

အာဂျင်တီးနားမှ Jose Antonio Nievas ဟာ သူရဲ့ခြံအနီးတွင်ဧရာမ “ဒိုင်နိုဆောဥ” ကိုတွေ့ခဲ့ပါတယ်။Volkswagen Beetle အရွယ်အစားမတိုင်မီသမိုင်းတင် armadillo glyptodon အခွံတစ်ခုဖြစ်ခဲ့ပါတယ်။

(၃)အလယ်ခေတ်က ရတနာ

© HANDOUT,AP PHOTO/BUNDESDENKMALAMT/BETTINA SIDONIE

၂၀၀၇ ခုနှစ်တွင်သြစ‌တြေးလျ မှ Andreas K. ဟာသူရဲ့ အိမ်နောက်ဖေး၌ရတနာ တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ လက်စွပ်၊ လက်ကောက် ချိတ်များနှင့်ငွေလင်ပန်းကဲ့သို့လက်ဝတ်ရတနာ ၂၀၀ ခန့်ကို‌တွေ့ရှိခဲ့ပါတယ်။

(၄)ဥက္ကာခဲများ

© CEN

ဒီလူက ဘာမှအထူးရှာစရာတောင်မလိုခဲ့ပါဘူး။သင့်ရဲ့အိမ်နောက်ဖေးကို ဥက္ကာခဲတစ်လုံးကျဖို့အခွင့်အလမ်းကအရမ်းနည်းတယ်လို့ထင်ပါသလား။
ဘော့စနီးယားမှ Radivoje Lajic ဆိုသူရဲ့ ခြံဝင်းထဲကိုတော့ ဥက္ကာခဲတွေကျလာခဲ့ကာ သူ့အနေနဲ့လွယ်လွယ်ကူကူဘဲရှာဖွေနိုင်ခဲ့ပါတယ်။Belgrade တက္ကသိုလ်မှသိပ္ပံပညာရှင်များက၎င်းတို့ဟာ အမှန်တကယ်ဥက္ကာခဲများဖြစ်ကြောင်းအတည်ပြုခဲ့ပြီး Lajic အိမ်၏ ပတ်၀န်းကျင်မှသံလိုက်ဓာတ်ငွေ့ကိုစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

(၅)အပြည့်အဝပြုလုပ်ထိန်းသိမ်းထားသောဗုံးခိုလှုံရာနေရာ

© Mae Ryan

Chris နှင့် Colleen Otcasek တို့ဟာ ကယ်လီဖိုးနီယားတွင်သူတို့ရဲ့အိမ်ကို ၀ယ်ယူပြီးသည့်အခါ စစ်အေးကာလတွင်တည်ဆောက်ခဲ့သောအိမ်နောက်ဖေးမှအသေအချာတည်ဆောက်ထားတဲ့ ဓါတ်ရောင်ခြည်ဗုံးခိုကျင်းတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ယခင်က ထိုအိမ်၌နေထိုင်ခဲ့ဖူးသောအင်ဂျင်နီယာတစ်ဦး ဟာ ၎င်းကို ကိုယ်တိုင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Leave a Comment