ဗီယက်နမ်နိုင်ငံရဲ့အလှတရားတွေကိုဖော်ပြထားတဲ့ဓာတ်ပုံလက်ရာများ

Dima Gilitukha ဟာ အောင်မြင်တဲ့စတော့ရှယ်ယာဓာတ်ပုံဆရာတစ် ဦး ဖြစ်ပြီးသူဟာ ထူးခြားဆန်းပြားသောတိုင်းပြည်များသို့ရှည်လျားသောလေ့လာရေးခရီးများလှည့်လည်ထွက်တတ်ပါတယ်။သစ်တောမီးလောင်မှုအပေါ် Gilitukha ရဲ့ သုတေသန ဓာတ်ပုံစီးရီး‌ကြောင့် သူ့ကိုလူသိများစေခဲ့ပါတယ်။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

မကြာသေးမီက Dima ဟာ အာရှတွင်ရက်ပေါင်း ၂၁၀ နေထိုင်ခဲ့ပြီး ၎င်းအနက်ဗီယက်နမ်တွင် ၁ လနေထိုင်ခဲ့ပါတယ်။ခရီးစဉ်တွင် သူဟာ သူ့ရဲ့ ကင်မာရာနှင့် မှန်ဘီလူးမျိုးစုံကို ယူလာခဲ့ပါတယ်။ဓာတ်ပုံဆရာရဲ့ ရည်ရွှယ်ချက်ကတော့ ခရီးသွားနေစဉ်အတွင်းတွင် စတော့ရှယ်ယာကို ဆက်လက်ထုတ်ဖို့ပဲဖြစ်ပါတယ်။

Dima Gilitukha ကသူ့ကိုယ်သူခရီးသွားဓာတ်ပုံဆရာဟုခေါ်သော်လည်းတစ်ခါတစ်ရံတွင် ဖောက်သည်များအတွက်ပုံများရိုက်ပေးတတ်ပါတယ်။လူပုံ portraitများ ၊ အရာ၀တ္ထုနှင့် ဗိသုကာ ဓာတ်ပုံများ ၊ ရှူခင်းများကို ရိုက်လေ့ရှိပါတယ်။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

ဗီယက်နမ်နိုင်ငံဟာ Dimaရဲ့ အာရှ ခရီးစဉ်ထဲက သွားရောက်ရန် စီစဉ်ထားသော နိုင်ငံစာရင်းတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။သူဟာ ဗီယက်နမ် တောင်ပိုင်းမှ မြောင်ပိုင်းအထိခရီးသွားနိုင်ခဲ့ပြီး ခရီးလမ်းတွင် ဒေသခံ လူမျိုးစုများနဲ့နေထိုင်ခဲ့ပါတယ်။သူဟာ ဟိုချီမင်း၊ ဟနွိုင်း၊ Can Tho နှင့်အခြားမြို့ကြီးများသို့လည်းသွားရောက်ခဲ့ပါတယ်။ဓာတ်ပုံဆရာဟာ သူ့ရဲ့ရိုက်ချက်များကိုစုပေါင်းပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဘလော့တစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။

Dima ဟာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ Can Tho ရွာငယ်လေးတွင်သူ၏ခရီးကိုစတင်ခဲ့ပါတယ်။ အဲ့ဒီဒေသဟာ ၎င်းရဲ့ရေပေါ်ရွာများနှင့်ကမ္ဘာကျော် Cai Rang စျေးကွက်တို့ကြောင့်လူသိများပါတယ်။ထို့နောက်မြောက်ပိုင်း Hoi An အမည်ရှိတရုတ်မြို့တစ်မြို့တွင် သူဟာခေတ္တနားပြီးနို့စိမ့်အရသာ‌ေလးနဲ့ ဗီယက်နမ်ကော်ဖီကိုနှစ်ခြိုက်ခဲ့ပါတယ်။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

ကျေးလက်ဒေသတွင်ရက်အနည်းငယ်ကြာလာ‌ေသာအခါဓာတ်ပုံဆရာဟာ ဟနွိုင်းသို့သွားခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံသားတွေဟာစောစောစီးစီးထကာမနက်ခင်းလေ့ကျင့်ခန်းတွေလုပ်ပြီးနေ့တစ်နေ့ကို စတင်ကြပါတယ်။ဗီယက်နမ်ဟာ နိုင်ငံခြားခရီးသွားအတွက် ကောင်းမွန်သောရာသီဥတုနဲ့ လမ်းခရီးများရှိပါတယ်။ ဘတ်ဂျတ်အနည်းငယ်ဖြင့် ခရီးသွားအတွေ့ကြုံသိပ်မရှိတဲ့ ခရီးသွားပင်လျှင် ဗီယက်နမ် ‌ယဉ်ကျေးမှုနှင့် သဘာဝကိုလေ့လာနိုင်ပါတယ်။ဗီယက်နမ်မှာနေလို့ရနိုင်မယ့်နေရာတွေအများကြီးရှိပါတယ်။လမ်းပေါ်ကအစားအစာတွေကလည်းစျေးသိပ်မကြီးပါဘူး။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

ဗီယက်နမ်ရဲ့တောင်တန်းများတွင် စပါးစိုက်ပျိုးရာ နေရာဖြစ်သော Sapaရှိ alpineရွှာတွင် dimaဟာ ရက်ပေါင်းများစွာနေထိုင်ခဲ့ပါတယ်။ဗီယက်နမ်သို့ခရီးသွားစဥ် သူဟာ မုံလူမျိုးများနှင့်မကြာခဏတွေ့ဆုံခဲ့ရပါတယ်။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

ဗီယက်နမ်တွင် ခရီးသွားရတာ အလွန်လွယ်ကူပါတယ်။ကောင်းမွန်တဲ့သယ်ယူပို့ဆောင်ရေး စနစ် များနဲ့မြို့များကိုသွားလာနိုင်ပြီး နိုင်ငံခြားခရီးသွားများကို အလွန် ဆွဲဆောင်စေပါတယ်။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

Can Tho ရှိရေပေါ်ရွာများဟာ Dima ၏အကြီးမားဆုံးရှာဖွေတွေ့ရှိမှုဖြစ်ပါတယ်။ဒေသခံများရဲ့ ချက်ပြုတ်အစားစာများ ၊ကလေးများနှင့် ရေတွင်နေစဉ်နေထိုင်မှုပုံစံတွေဟာ သူ့ကိုအံအား‌သင့်စေခဲ့ပါတယ်။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

ပုံမှန်အားဖြင့် ဒေသခံများဟာ သူစိမ်းများနဲ့ စကားပြောခြင်းသိပ်မရှိကြပါဘူး။ ဒါပေမဲ့ dimaဟာ ဒေသခံများနဲ့လိုက်လျောညီထွေစွာနေနိုင်ခဲ့ပြီး သူတို့ရဲ့ရင်းနှီးမှုကို ရခဲ့ကာ သူ့ရဲ့ဗီယက်နမ် ခရီးစဉ်ဟာ အတွေ့ကြုံသစ် နှင့် ပျော်ရွှင်လှပခဲ့ရပါတယ်။

A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com
A Travel Photographer Spent 210 Days in Asia and Fell in Love With Vietnam
© Depositphotos.com

via-Bright Side

Leave a Comment