ဗဟုသုတများစွာရစေမယ့် သမုဒ္ဒရာထဲကလျှို့ဝှက်ချက်-(၁၅)ချက်

သမုဒ္ဒရာဟာ ကမ္ဘာ့မျက်နှာပြင် ၇၀ ရာခိုင်နှုန်းကျော်ကိုဖုံးလွှမ်း‌‌ေနတဲ့ မယုံနိုင်လောက်အောင်ကြီးမားသောနေရာတစ်ခုဖြစ်ပါတယ်။ လူသားများက ၎င်းကို ၂၀ ရာခိုင်နှုန်းသာမြေပုံဆွဲပြီးမှတ်သားခဲ့ကြပြီးအံ့သြထိတ်လန့်ဖွယ်ကောင်းသောအရာအချို့ကိုကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။ရေအောက်မှ အပျက်အယွင်းများ၊အလွန်ကြောက်စရာကောင်းသောပင်လယ်သတ္တဝါများနှင့် အလွန်နက်နဲသောပင်လယ်ပြာအိမ်ဟုခေါ်တဲ့အလွန်ထူးဆန်းစိတ်ဝင်စားဖွယ်ရာအရာအချို့ကိုဒီဆောင်းပါးမှာစူးစမ်းကြည့်ကြပါစို့။

(၁)ရေအောက်ရုပ်ထုပြတိုက်

Credit Image

မက်ဆီကိုနိုင်ငံ၊Cancun ကမ်းရိုးတန်းနားမှာတော့ မူဆာလို့ခေါ်တဲ့ လူသားတွေပြုလုပ်ထားတဲ့ ရုပ်ထု၅၀၀ပါဝင်တဲ့ရေအောက်ပြတိုက်တစ်ခုရှိပါတယ်။စူးစမ်းလေ့လာလိုစိတ်တွေရှိကြတဲ့ ကမ္ဘာလှည့်ခရီးသွားတဲ့ ရေအောက်ဝတ်စုံအပြည့်အစုံကိုဝတ်ဆင်ကာထိုရေအောက်ပြတိုက်ကိုသွားရောက်လှည်ပတ်နိုင်ပါတယ်။

(၂)မီးလင်းသော ရေအောက်က ဂျယ်လီငါး

Credit Image

ဒီ hydrozoan ဂျယ်လီငါးဟာအရွယ်အစားအားဖြင့်တော့ ၁စင်တီမီတာခန့်သာရှိပါတယ်။

(၃)ရေအောက်က ရောမမြို့တော်တစ်ခု

Credit Image

အီတလီနိုင်ငံ နေပယ်မြို့ရဲ့ ကမ်းရိုးတန်းနားမှာတော့ ရေအောက်ကိုနှစ်မြုပ်စွားတဲ့ ရှေးဟောင်းရောမမြို့တော်တစ်ခုတည်ရှိပါတယ်။ထိုမြို့ဟာလည်း Pompeii မီးတောင်ပေါက်ကွဲဖျက်စီးမှုကြောင့်ရေအောက်ကိုနှစ်မြုပ်သွားတာဖြစ်ပါတယ်။

(၄)LIONFISH(ခြင်္သေ့ငါး)

Credit Image

ဒီငါးမှာတော့ လူတွေကိုအကြောသေစေနိုင်ခြေရှိတဲ့ အဆိပ်ရှိတဲ့ အဆူးတောင် ၁၈ချောင်းပါရှိပါတယ်။

(၅)သင်္ဘောပျက်များ

Credit Image

နစ်မြုပ်နေတဲ့သင်္ဘောတွေကိုစူးစမ်းရှာဖွေနိုင်တဲ့နေရာကတော့ သမုဒ္ဒရာပါဘဲ။ခန့်မှန်းခြေအရတော့ ကမ္ဘာသမုဒ္ဒရာတွေထဲမှာ သင်္ဘောပေါင်း ၃ သန်းလောက်နှစ်မြုပ်နေပြီး အစောဆုံးနှစ်မြုပ်ခဲ့တဲ့ သင်္ဘောကတော့ ခန့်မှန်းခြေအားဖြင့်လွန်ခဲ့သောနှစ်ပေါင်း ၁သောင်းလောက်ကဖြစ်မယ်လို့ဆိုကြပါတယ်။

(၆)လိမ္မော်ရောင် TOADငါး

Credit Image

ဒီငါးဟာ ရေမရှိတဲ့အချိန်မှာအချိန်အတိုင်းအတာတစ်ခုလောက်ထိအသက်ရှင်နိုင်မယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမယ့် ဒီငါးကိုတွေ့ရင်လည်း ဝေးဝေးကရှောင်ရမှာပါ သူလည်းဘဲအဆိပ်ရှိတဲ့ငါးတစ်ကောင်အဖြစ်လူသိများပါတယ်။

(၇)သင်္ဘောသင်္ချိုင်း

Credit Image

ကျွန်တော်တို့ဟာကားသင်္ချိုင်းတို့ လေယာဉ်သင်္ချိုင်း တို့ကိုသာ ရင်းရင်းနှီးနှီးကြားဖူးပေမယ့် သင်္ဘောသင်္ချိုင်း ကိုတော့ သိပ်သတိမထားမိကြပါဘူး။ဒါဇင်များစွာသော သင်္ဘော ပျက်ကြီးများကပိုတော့ ဩစတြေးလျနိုင်ငံ Tangalooma ကမ်းခြေဒေသမှာတွေ့နိုင်ပါတယ်။

(၈)ပင်လယ်နတ်မိဖုရား

Credit Image

ကာရေဘီယံပင်လယ် Grand Cayman ကျွန်းရဲ့ ကမ်းခြေနားမှာတော့ ပိုဆိုက်ဒန် ရဲ့ ဇနီးဖြစ်သူ Amphitrite ရဲ့ ကြေးရုပ်ထုကြီးကိုတွေ့နိုင်ပါတယ်။၉ပေရှည်ပြီး ပေါင်အားဖြင့် ၆၀၀ လေးသော ထိုရုပ်ထုကိုတော့ ၂၀၀၀ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

(၉)Cuttle ငါး

Credit Image

Kraken ပင်လယ်မကောင်းဆိုးဝါးရဲ့ အငယ်စားလေးလိုဖြစ်နေတဲ့ထိုအကောင်ကတော့ ကင်းမွန်မျိုးနွယ်ဝင် အကောင်ငယ်လေးတစ်ကောင်ဖြစ်ပါတယ်။

(၁၀)ARTIFICIAL သန္တာကျောက်တန်းများ

Credit Image

ဒါကတော့ ပြင်သစ်ပင်လယ်ကမ်းရိုးတန်းက တည်ဆောက်ထားတဲ့ artificial သန္တာကျောက်တန်းများ ဖြစ်ပါတယ်။ဒါကိုတော့ Rexcor စီမံကိန်းတစ်ခုဖြစ်တဲ့ သက်ရှိတွေသံသရာလည်ခြင်းကို ကူညီပေးတဲ့ စီမံချက်အတွက်တည်ဆောက်ထားတာပါ။

(၁၁)အိမ်ဂျယ်လာငါး

Credit Image

အကယ်၍သင်ဟာ မှောင်မဲနေတဲ့ အတ္တလန်တစ်ပင်လယ်ပင်ရဲ့ နက်ရှိုင်းတဲ့ နေရာတစ်ခုမှာ ထိုငါးတည့်တည့်ကို ကူးခတ်သွားမယ်ဆိုပါက သူ့ဆီကနေ ပစ်လွှတ်လိုက်တဲ့ ဆူးတောင်အပိုင်းအစတစ်ချို့နဲ့ ချောင်းမြောင်းတိုက်ခိုက်တာကိုခံရမှာပါ။

(၁၂)STARGAZER

Credit Image

ဒီရုပ်ဆိုးလှတဲ့ ငါးကတော့ သဲထဲမှာ မြုပ်ထားသလိုနေနေတတ်ကာ သူ့ရဲ့မျက်လုံးနဲ့အစွယ်တွေကလည်း သူ့ရဲ့ အစာဖြစ်တဲ့ အရာတွေကို တိုက်ခိုက်ဖို့အမြဲချောင်းနေတတ်ပါတယ်။

(၁၃)ရေအောက်က ခရစ်တော်ရုပ်ထု

Credit Image

၉မီတာရှိတဲ့ ဒီကြေးရုပ်ထုကြီးတာ ဖလော်ရီဒါပြည်နယ်က Key West ကမ်းရိုးတန်းနားမှာတည်ရှိပါတယ်။

(၁၄)ပင်လယ်ထဲကရေကူးကန်တစ်ခု

Credit Image

ငါးမန်းရန်ကကင်းဝေးအကာအရံတွေနဲ့ ဒီပင်လယ်ရေကူးကန်ကိုတော့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီကမ်းခြေမှာတည်ဆောက်ထားပါတယ်။

(၁၅)မန္တီပုဇွန်

Credit Image

အရောင်အသွေးစုံလင်လှတဲ့ ဒီပုဇွန်ကတော့ အထူးသဖြင့် အပူပိုင်းရေတိမ်ပိုင်းဒေသတွေမှာနေထိုင်ကြပါတယ်။

Bonus

ပင်လယ်အောက်ကယာဉ်အပျက်ပေါ်မှယာဉ်မှုးရဲ့အရိုးစု

Leave a Comment