ယနေ့အချိန်အထိ၊ ကျွန်ုပ်တို့ကမ္ဘာမြေ၏ ၆၅ ရာခိုင်နှုန်းသည်ခြောက်သွေ့သောမြေမှလွဲ၍ ကျန်တဲ့အပိုင်းတေွကိုတော့လျှို့ဝှက်ဆန်းကြယ်စွာ ဖုံးလွှမ်းထားဆဲဖြစ်ပြီး ကမ္ဘာ့မျိုးစိတ်များ၏ ၈၆ ရာခိုင်နှုန်းလောက်ကိုအတိအကျလေ့လာဖို့ကြိုးစားနေကြဆဲပါ။သို့ပေမဲ့ သိပ္ပံပညာဟာအမြဲတိုးတက်နေပြီးသုတေသီများမှာလည်း ကျွန်ုပ်တို့ကိုအံ့အားသင့်စေနိုင်တဲ့အရာတွေကိုအမြဲဖော်ပြပေးနေပါတယ်။
(၁)ခိုတွေဟာပန်းချီကားကောင်းတွေကို မှတ်မိနိုင်ပါတယ်

ပန်းချီကားကောင်းတွေကိုသင်ဖော်ပြနိုင်ပါသလား။ခိုတွေကတော့လုပ်နိုင်ပါတယ်။ဂျပန်နိုင်ငံရဲ့လေ့လာမှုတစ်ခုအရ လေ့ကျင့်သင်ကြားထားပေးတဲ့ခိုတွေဟာ ကောင်းတဲ့ပန်းချီကားနဲ့ ဆိုးတဲ့ပန်းချီကြားတွေကို ခွဲခြားနိုင်ပါတယ်။သိပ္ပံပညာရှင်များ၏တွေ့ရှိချက်အရ ခိုများဟာပန်းချီကားကောင်းခြင်းမကောင်းခြင်းလှခြင်းမလှခြင်းများကို အရောင်၊မျက်နှာပြင်၊ဒီဇိုင်းတွေကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။
(၂)ပိုးဟပ်တစ်ကောင်ဟာခေါင်းမပါပဲ ရက်သတ္တပတ်ပေါင်းများစွာအသက်ရှင်နိုင်ပါတယ်

ပိုးဟပ်များသည် ကျယ်ပြန့်သောသွေးကြောများမပါရှိတာကြောင့်ခေါင်းမပါပဲအချိန်အကြာကြီးအသက်ရှင်နိုင်ပါတယ်။တကယ်လို့ပိုးဟပ်ခေါင်းပြတ်သွားပါက ဒဏ်ရာကနေသွေးခဲများပိတ်သွားမှာဖြစ်ပါတယ်။ထိုကဲ့သို့အင်းဆက်များဟာ ဘေးနှင့်ဝမ်းဗိုက်တွင်ရှိသော ပြွန်ပုံသဏ္ဍာန်အပေါက်များကတစ်ဆင့်အသက်ရှူပါတယ်။သို့သော်ဦးခေါင်မပါပဲအစာမစားနိုင်တာကြောင့် ရက်သတ္တပတ်အကြာမှာတော့ ဆာလှောင်၍သေဆုံးသွားကြပါတယ်။
(၃)သိုးများဟာ မျက်နှာတွေကိုမှတ်မိနိုင်ပါတယ်

မကြာသေးမီကပြုလုပ်တဲ့သုတေသနအရ သိုးများဟာကျွန်ုပ်တို့ထင်ထားတာထက်များစွာ ထက်မြက်ကြောင်းတွေ့ရှိခဲ့ပါတယ်။သူတို့ဟာ မျောက်ဝံများကဲ့သို့မျက်နှာကိုမှတ်မိနိုင်စွမ်းရှိကြပါတယ်။ထို့ကြောင့် သိုးများဟာ သခင် ဟုတ်မဟုတ်ကိုမှတ်မိနိုင်ပြီးနောင်တွင် မတူညီတဲ့လူသားအသုံးအနှုန်းတွေကိုရောမှတ်မိနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
(၄)လူတွေရဲ့သွားများဟာငါးတွေရဲ့ဘိုးဘေးကနေရရှိခဲ့ပါတယ်

ကျွန်တော်တို့ရဲ့သွားတွေဟာ ဘယ်နေရာကနေစတင်ပေါက်ဖွားလာလဲဆိုတာကိုယ့်ကိုကိုယ် မေးကြည့်မယ်ဆိုရင် ပင်လယ်နေစတင်ဖြစ်ပွားလာတယ်လို့တော့သင်ယူဆမိမှာမဟုတ်ပါဘူး။သို့သော် သိပ္ပံပညာရှင်များက ထိုအရာကဖြစ်နိုင် ချေရှိတယ်လို့ယူဆကြပါတယ်။ယခင်က မေးရိုး၏ အရိုးများတွင် ထည့်ထားသည့် ရှေးအကျဆုံးငါးများအနက်မှ သွားများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။၎င်းတို့၏မေးရိုးများသည်ခေတ်သစ်လူ့မေးရိုးများနှင့် ဆင်တူမှုများရှိနေပါတယ်။
(၅)ရေဘဝဲများတွင် နှလုံး၃ခု ၊ဦးနှောက်၉ခုနှင့်အပြာရောင်သွေးများပါရှိပါတယ်

ရေအောက်မှာနေထိုင်တဲ့မယုံနိုင်စရာအကောင်းဆူံးသတ္တဝါကတော့ ရေဘဝဲပါပဲ။သူတို့မှာ နှလုံး၃ခု ဦးနှောက်၉ခုနှင့်အပြာရောင်သွေး တွေပါရှိပါတယ်။သူ့ရဲ့လက်၈ခုရဲ့တစ်ခုစီဟာ ဗဟို၉ခုနှင့်ချိတ်ဆက်ထားသောကိုယ်ပိုင်ဦးနှောက်ငယ်ပါရှိပါတယ်။ဒါကြောင့်လက်အားလုံးသည် တစ်ခုနှင့်တစ်ခုအမှီအခိုကင်းသော်လည်း စည်းလုံးညီညွတ်စွာလုပ်ဆောင်နိုင်ပါတယ်။ရေဘဝဲများတွင် ၎င်းတို့၏ဖွဲ့စည်းပုံအရနှလုံး၃ခုရှိပါပြီးနှလုံး၂ခုမှာပါးဟက်ဆီသို့ သွေးများစုပ်ယူကြပြီး တတိယအကြီးဆုံးတစ်ခုမှာ ကျန်တစ်ကိုယ်လုံးရှိ သွေးများလည်ပတ်မှုအတွက် တာဝန်ယူပေးပါတယ်။ရေဘဝဲတစ်ကောင်၏သွေးတွင် ဟေမိုဆိုက်ယာနင်ဟုခေါ်သော ကြေးနီဓာတ်ကြွယ်ဝသော ပရိုတင်းဓာတ်ပါရှိတယ်။ ၎င်းသည် အေးသောသမုဒ္ဒရာအခြေအနေများတွင် အောက်ဆီဂျင်သယ်ယူပို့ဆောင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး သွေး၏အရောင်အတွက် တာဝန်ယူပေးပါတယ်။
(၆)လျှာတွေကအနံ့ခံနိုင်ပါတယ်

သုတေသနပြုချက်အသစ်တစ်ခုအရ လျှာများသည်အစားအစာများကိုမြည်းစမ်းရုံသာမက အနံ့လည်းရနိုင်ပါတယ်။လျှာအရသာဆဲလ်များတွင် ကျွန်ုပ်တို့၏နှာခေါင်းအတွင်း အနံ့ခံအာရုံခံနိုင်သည့် တူညီသော မော်လီကျူးအချို့ ပါဝင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။