ထူးဆန်းတဲ့ ဆင့်ကဲဖြစ်စဉ်များနဲ့ တိရစ္ဆာန်မျိုးစိတ်များ

အချို့သော သဘာ၀တရားကြီးရဲ့ဖန်တီးမှုတွေဟာ အလွန်ထူးဆန်းလှပါတယ်။သင်ကိုယ်တိုင် ဒီဆောင်းပါးမှာပါတဲ့ အင်းဆက်တွေ ၊ မြေခွေးတွေ ၊ ဝံပုလွေ‌ သို့မဟုတ် သမင် တွေကိုမြင်တွေ့ပါက လုံး၀အံအားသင့်စေမှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း မဟုတ်တဲ့ ဆင့်ကဲဖြစ်စဉ်မျိူးနဲ့ သင့်ကို လုံး၀စိတ်၀င်စားစေမှာဖြစ်ပါတယ်။

(၁) Hickoryလို့ခေါ်တဲ့ ဂျိုပါသောဒီသတ္တဝါလေးက ကမ္ဘာ့အကြီးဆုံးခူကောင်တစ်ကောင်ဖြစ်ပါတယ် ။သူ့ရဲ့အရွယ်အစားကတော့ ၀က်အူချောင်း လောက်ရှိပါတယ်။

(၂)မီးခရုရဲ့ အရောင်က နက်မှောင်ပြီး အညိုရောင်မျိူးရှိကာ အသက်ကြီးလာသည်နှင့်အမျှ ပိုပြီး အရောင်ရင့်လာကြပါတယ်။ နှစ်တွေကြာအောင်အသက်ရှင်လာသည်နှင့်အမျှ မီးခရုဟာပိုပြီးမာကြောလာကြပါတယ်။

(၃)ဧရာမ ပိုးဖလံ လို့ခေါ်ရမလား?။ နှင်း ပိုးဖလံလို့ ခေါ်တာပိုပြီး သင့်လျော်ပါလိမ့်မယ်။

(၄)အမြှီးက သစ်ရွက်လိုဖြစ်နေသော တောက်တဲ့ ။ သူက ကြောက်စရာကောင်းပြီး ချစ်စရာလေးလိုလဲဖြစ်နေပါတယ်။ပုံစံက​တော့ မိစ္တာကောင်လိုဖြစ်နေပါတယ်။

(၅)ဒေါင်းတစ်ကောင်လို လှပနေတဲ့ ကိုယ်လုံးနှင့်ပင်ကူတစ်ကောင်။

(၆)တောနက်တောင်နက်ထဲက သမင်တစ်ချို့ဟာ ဂျိုများမရှိကြပါဘူး အဲ့ဒီအစား အစွယ်အချွန်နှင့် သမင်များပဲရှိတတ်ကြပါတယ်။

(၇)၀က်နှာခေါင်းနဲ့လိပ် တစ်ကောင်ပါ။ သူ့ကိုကြည့်ရတာအလွန်ပျော်ရွှင်နေသလိုပါပဲ။

(၈)အရှည်၅၆ပေရှိတဲ့ အရှည်ဆုံးစံချိန်တင် ငါးရှည်ကြီးတစ်ကောင်ဖြစ်ပါတယ်။

(၉)ဒီ ကင်းမြှီးကောက်ပျံကတော့ လုံး၀ကိုအန္တရာယ်ကင်းပါတယ် ။ သူ့ရဲ့လက်တံကို မိတ်လိုက်ဖို့အတွက်သာအသုံးပြုကြလို့ဖြစ်ပါတယ်။

(၁၀)အာရတ် သဲကန္တရ ကမြွေတစ်ကောင်ရဲ့ပုံစံက ကလေးတစ်ယောက်ရေး ဆွဲထားတဲ့ မြွေပုံ လိုမျိူးဖြစ်နေပါတယ်။

(၁၁)တရုတ် ရေကန်‌ထဲမှာနေလိပ်တစ်ကောင်က သူ့ရဲ့မျက်စိကနေ ထွက်နေတဲ့ ဂျိုတစ်စုံရှိပါတယ်။

(၁၂)ဝံပုလွေလည်းမဟုတ် မြေခွေးလည်းမဟုတ်တဲ့ ဒီကောင်က တောရိုင်းခွေးလို့သာပြောရပါတော့မယ်။

(၁၃)ဒီလည်ပင်းရှည်ရှည်လိပ်တစ်ကောင်က အသားစားသတ္တဝါမျိူးဖြစ်ပြီး သူ့လည်ပင်းကို အစာရှာ အမဲလိုက်ခြင်းအတွက်အသုံးပြုပါတယ်။

(၁၄)သူ့ရဲ့ အပြာရောင်အ‌ရေခွံရှိတဲ့လျှာဟာ သူရဲ့ရန်သူများအတွက် ထိတ်လန့်စရာကို သတိပေးနေသလိုဖြစ်နေပါတယ်။

(၁၅)ဒီကောင်က လင်းနို့ နားရွက်မျိုးနဲ့ မြေခွေးဖြစ်ပါတယ်။ သူ့ကို သွားပြီးအသံပေးပါက အကုန်လုံးကိုသူ ကြားနိုင်ရပါတယ်။

(၁၆)ကြောက်စရာကောင်းတဲ့အရွက်ပုံစံနဲ့ ဓါးခုတ်ကောင်ဟာ လုံး၀ကာကွယ်နိုင်တဲ့သံချပ်ကာ၀တ်ထားတဲ့ အမဲလိုက်သူရဲကောင်းကြီးလိုဖြစ်နေပါတယ်။

(၁၇)အမွှေးတွေဖွာပြီးထူးဆန်းနေတဲ့ဒီကြက်ဟာ rocker လိုလို ပန့်ဒီဇိုင်းလိုလိုဖြစ်နေပါတယ်။

(၁၈)ရှည်လျားတဲ့ဂျိုနှစ်ချောင်းနဲ့ ဒီဘီလူးပင့်ကူဟာ သူ့ရဲ့ အမျှင်နှင့် အစာများကို ဂျိုဖြင့်သယ်ဆောင်ကြပါတယ်။

(၁၉)ကိတ်မုန့်ပုံစံ ရေဘဝဲဟာ ချစ်စရာကောင်းတဲ့ဂျယ်လီလိုဖြစ်နေပါတယ်။

(၂၀)ဒီLunaပိုးဖလံဟာ အစာမစားဘဲ တစ်ပတ်ခန့်အသက်ရှင်ကြတယ် ၊ မိတ်လိုက်တယ် ၊ ပြီးရင်တော့ သေသွားကြပါတယ်။

Leave a Comment