ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့နေထိုင်ရာအိမ်တစ်ခုပါပဲ။တစ်ခါတစ်ရံတွင် ၎င်း၏ထောင့်အစွန်းနေရာတိုင်းကလဲ ဘဝတွေအတွက်သင့်လျော်ပုံရပါတယ်။သို့ပေမဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ဖန်တီးထားတဲ့ သက်သောင့်သက်သာရှိသောအိမ်နေရာများရှိသကဲ့သို့ သက်သောင့်သက်သာမရှိသောအိမ်နေရာများလဲရှိပါတယ်။
(၁)စပိန်နိုင်ငံရှိ Castellfollit de la Roca
Castellfollit de la Roca ဟာ Girona ပြည်နယ်ရှိကျေးရွာတစ်ရွာဖြစ်ပါတယ်။၎င်းဟာလွန်ခဲ့သောနှစ်ပေါင်းထောင်ချီတုန်းက ခိုင်မာသည့်ချော်ရည်များဖြင့်ဖွဲ့စည်းထားသောကျောက်တုံးပေါ်တွင်တည်ရှိပါတယ်။အဲ့ဒီကျေးရွာတည်ရှိရာ Basalt ကမ်းပါးဟာ အမြင့် ၅၀ မီတာအမြင့်ရှိပြီး အကြမ်းအားဖြင့် တစ်ကီလိုမီတာလောက်ကျယ်ပါတယ်။ရွှာရဲ့လူဦးရေမှာ ၁၀၀၀ ၀န်းကျင့်ခန့်သာရှိပါတယ်။
(၂)တရုတ်နိုင်ငံရှိ Hanging ဘုန်းကြီးကျောင်း
ဒီဘုန်းကြီးကျောင်းဟာ Heng တောင်တန်းအနီး ၄၉၁ချောက်ကမ်းပါးထဲမှာတည်ဆောက်ထားပါတယ်။၎င်းတွင်ဗုဒ္ဓဘာသာ၊ တာအိုနှင့်ကွန်ဖြုးရှပ် ယဇ်ပလ္လင်များပေါင်းစပ်ထားပါတယ်။ ကျောင်းဆောင်များရဲ့ နောက်ကျောနံရံကို မတ်စောက်သော ကျောက်ဆောင်တစ်လျောက်၌ ဆောက်လုပ်ထားပါတယ်။၁၉၈၂ ခုနှစ်မှစ၍ ဘုန်းတော်ကြီးကျောင်းသည်တရုတ်နိုင်ငံ၏အထိမ်းအမှတ်အဆောက်အ ဦး တစ်ခုအဖြစ်ကာကွယ်ခံခဲ့ရပါတယ်။
(၃)ဂျာမနီနိုင်ငံရှိ Lichtenstein ရဲတိုက်
ဒီဒဏ္ဍာရီဆန်ဆန်ပုံပြင်ရဲတိုက်ဟာအမြင့် ၈၁၇ မီတာအမြင့်မှာတည်ရှိပါတယ်။အဲ့ဒီရဲတိုက်ရဲ့ ဘေးတွင် ၁၁၅၀-၁၂၀၀ တုန်းကတည်ဆောက်ခဲ့ပြီး ၁၄ရာစု နှောင်းပိုင်းတွင်ပျက်စီးခဲ့သော ခံတပ် အပျက်ယွင်းများရှိပါတယ်။လက်ရှိရဲတိုက်ကို ၁၈၄၀-၁၈၄၂ တွင်တည်ဆောက်ခဲ့ပြီးယနေ့ခေတ်ဥရတ်မင်းများပိုင်ဆိုင်ပါတယ်။၎င်းတွင်သမိုင်းဝင်လက်နက်များနှင့်သံချပ်ကာများစုဆောင်းထားရှိပြီး လာရောက်လည်ပတ်သူများအတွက် ဖွင့်ထားပေးပါတယ်။
(၄)ဂရိနိုင်ငံရှိ Meteora ဘုန်းကြီးကျောင်းများ
မတ်စောက်သောချောက်ကမ်းပါးများရှိ Meteora ဘုန်းကြီးကျောင်းများရဲ့ တည်နေရာဟာ ကျူးကျော်မှုမှကာကွယ်ပေးခဲ့နိုင်ပါတယ်။သမိုင်းတစ်လျှောက်တွင်ဘုန်းတော်ကြီးကျောင်း ၂၂ မှ ၂၄ ခုရှိခဲ့ပါတယ်။အဲ့ထဲက တော်တော်များများဟာ ပျက်စီးခဲ့ပြီဖြစ်ပြီး ယနေ့တွင် ဘုန်းတော်ကြီးကျောင်း ၄ခု နှင့် သီလရှင်ကျောင်းတိုက် ၂ခု ၊ စုစုပေါင်း ၆ခုသာကျန်ရှိပါတယ်။
(၅)ဟာဝိုင်အီ ရှိ Kalapana
၁၉၈၆ ခုနစ်တွင် မီးတောင်မှ ချော်ရည် စီးဆင်းမှုကြောင့် ဤအရပ်ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒါပေမဲ့ ယခုတွင်မြို့ကို ပိတ်ထားတာ တွေ့ရပင်မဲ့ မြို့တွင် လူအနည်းငယ်နေထိုင်လျက်ရှိပါတယ်။၂၀၁၀ ခုနှစ်တွင် Kalapana ၌အိမ် ၃၅ လုံးသာ ကျန်ရှိပါတယ်။