တောလိုက်မုဆိုးတွေကြောင့် မိခင်ဆုံးရှုံးလိုက်ရတဲ့ ဂေါ်ရီလာလေးကို နှစ်သိမ့်ပေးနေတဲ့ သစ်တောဝန်ထမ်းတစ်ဦး

ဒီလောကမှာ မိဘနဲ့ သားသမီးတွေရဲ့ ချစ်ခြင်းမေတ္တာထက် ပိုခိုင်ခံ့တဲ့အရာ မရှိပါဘူး။ ၎င်းသည် လူသားများသာမက သတ္တဝါအားလုံးနှင့်လည်း သက်ဆိုင်ပါသည်။ ထို့ကြောင့် မိဘတစ်ဦး ဆုံးရှုံးရခြင်းသည် ကမ္ဘာပေါ်ရှိ မည်သည့်သတ္တဝါအတွက်မဆို ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာ Phil Moore က အဲဒါကို သက်သေပြဖို့ ထိထိမိမိ ဓာတ်ပုံတချို့ ရိုက်ယူနိုင်ခဲ့ပါတယ်။

တောလိုက်မုဆိုးတွေရဲ့ အမဲလိုက်ခြင်းကြောင့် မိခင်ကို ဆုံးရှုံးလိုက်ရပြီးနောက် ဂေါ်ရီလာကလေးဟာ စိတ်ထိခိုက်ကာ ဝမ်းနည်းနာကျင်နေပုံရပါသည်။ ထိုအခိုက်အတန့်သည် အလွန်ဆိုးရွားသောကြောင့်၊ သစ်တောစောင့်ဝန်ထမ်းတစ်ဦးဖြစ်သူ ပက်ထရစ် ကာရာဘာရန်ဂါ (Patrick Karabaranga) က ဂေါ်ရီလာလေးကို ပွေ့ဖက်ကာနှစ်သိမ့်ပေးနေခြင်းဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ Virunga အမျိုးသားဥယျာဉ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်သော တောလိုက်မုဆိုးများရဲ့ အန္တရာယ်နှင့်ရင်ဆိုင်နေရတဲ့ ဂေါ်ရီလာများဟာဆိုရင် ယခုဆိုရင် မျိုးတုန်းပျောက်ကွယ်တော့မည့် အခြေအနေမှာရှိနေပါတယ်။

သစ်တောပြုန်းတီးမှု၏ ရလဒ်အနေဖြင့် တောင်ဂေါ်ရီလာများသည် အခြားသောမျိုးစိတ်များကဲ့သို့ပင် မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နိုင်သည့်မျိုးစိတ်များ ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ အရေအတွက်ဟာ သိသိသာသာကို ကျဆင်းလာခဲ့သည်။ ထို့အပြင် တောရိုင်းတိရစ္ဆာန်များကို ခြိမ်းခြောက်သည့် အခြားသော လူသားများ၏ လုပ်ဆောင်ချက်များကလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ဂေါ်ရီလာများကို မျိုးတုန်းမှုမှကာကွယ်ရန်နှင့် ပြန်လည်ထိန်းသိမ်းရန်အတွက် ကြီးစွာသောထိန်းသိမ်းမှုအချို့ကို Virunga အမျိုးသားဥယျာဉ် ပြုလုပ်ထားပါသည်။ ဤနေရာတွင် ကမ္ဘာ့တောင်ဂေါ်ရီလာအကောင်ရေ၏ လေးပုံတစ်ပုံခန့်ရှိသော ဂေါ်ရီလာ ၂၀၀ ခန့်နေထိုင်ကြပါသည်။
