တောင်ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Boryeong Mud Festival ရွှံ့လူးပွဲတော်ကြီး

တောင်ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Boryeong Mud Festival ရွှံ့လူးပွဲတော်ကြီး

ကမ္ဘာပေါ်က အချို့သောနိုင်ငံများတွင် ခန္ဓာကိုယ်ဆေးခြယ်ခြင်း၊ ရေခဲငါးဖမ်းခြင်း၊ ရေကစားပွဲတော်( သက်ြန်၊ဆုန်ခရမ် ) စသည်ဖြင့် နိုင်ငံများတွင် နာမည်ကျော်ပွဲတော်များရှိတတ်ကြပါတယ်။

Credit Photo

Boryeong Mud Festival သည် တောင်ကိုရီးယားနိုင်ငံ၏ အကျော်ကြားဆုံးပွဲများထဲမှ တစ်ခုဖြစ်လာပြီး ကမ္ဘာပေါ်မှ ရွှံ့နွံပွဲတော်များတွင် အမိုက်ဆုံးပွဲတော်ဟု သတ်မှတ်ထားကြပါသည်။

Credit Photo

ကိုးရီးယားကျွန်းဆွယ်တစ်ဝိုက်နှင့် ကမ္ဘာလှည့်ခရီးသည်များသည် Mudfest ပွဲတော်အတွက် တောင်ကိုရီးယားနိုင်ငံအနောက်ဘက်ကမ်းရှိ မြို့ငယ်လေးဖြစ်သည့် Boryeong သို့ ထောင်နှင့်ချီသောလူများသည် စုပြုံရောက်ရှိလာသည်။ ထိုပွဲတော်သည် ဇူလိုင်လတွင်ကျင်းပလေ့ရှိပြီး ခန့်မှန်းခြေ နှစ်ပတ်ခန့် ကြာမြင့်စွာကျင်းပလေ့ရှိပါတယ်။

Credit Photo

ထို့ထက်ပို၍ အခြားနိုင်ငံမှ လူများသည်လည်း ရွှံ့နွံပွဲတော်ကို ဆင်နွဲရန် တကူးတကလာတတ်ကြပါသေးသည်။ ရွှံ့နွံပွဲတော်တွင် ရွှံ့စကိတ်စီးခြင်း၊ ရွှံ့များဖြင့်မျက်နှာပန်းချီချယ်ခြင်း၊ ဂီတနှင့် အကပြိုင်ပွဲများ၊ ရွှံ့ထဲတွင်လူးပြီး ရွှံ့နပမ်းသတ်ခြင်းတို့ပါဝင်ပါသည်။ World Skin Beauty Pageant၊ Firework Fantasy နှင့် Hip Hop Rave ပါတီတို့လဲ ပါဝင်သောကြောင့် ညအချိန်လှုပ်ရှားမှုများကို အထူးအာရုံစိုက်ကြပါသည်။

Credit Photo

ကမ္ဘာတစ်ဝှမ်းလုံး လူများအတွက်ပျော်ပျော်ပါးပါးဆင်နွှဲနိုင်ရန် ဖွင့်လှစ်ပေးထားသောကြောင့် ကန့်သတ်ချက်များမရှိပါဘူး။ စိတ်ဝင်စားစရာကောင်းသည်မှာ ခရီးသွားများသည် ပင်လယ်တစ်လျှောက်ရှိ ဈေးငယ်လေးများမှ ရွှံ့နွံဖြင့်ပြုလုပ်ထားသည့် အလှကုန်များကို ဝယ်ယူနိုင်ပြီး အလှပြင်ဆေးခန်းများစွာမှ စိတ်အပန်းဖြေမှု ကုသမှုများကိုပင် ရရှိနိုင်ပါသည်။

Credit Photo

ဤတွင် ကျွန်ုပ်တို့သည် ပွဲတော်အကြောင်း သိထားသင့်သည့် နောက်ထပ် စိတ်ဝင်စားဖွယ် အချက်အလက်အချို့ကို စုစည်းထားပြီး ၎င်းတို့သည် သင့်အား အံ့သြသွားစေမည်မှာ သေချာပါသည်။

Credit Photo

ယခုနှစ်ကိုးရီးယားဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားဝင်ငွေဒေါ်လာသန်းနှင့်ချီ၍ ရရှိနေသည့် ဤနာမည်ကျော်ပွဲတော်သည် နှိမ့်ချဖွယ် အစပြုမှုတွေနဲ့စတင်ခဲ့ရတာ။ သို့သော်လည်း ပွဲတော်သည် ခရီးသွားများကို အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပြီး တောင်ကိုရီးယားတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တိုးမြင့်လာကာ ခရီးသွားနှင့် ပတ်သက်သည့် လုပ်ငန်းသစ်များ တိုးလာခဲ့သည်။

Credit Photo

ယခင်နွေရာသီက ပွဲတော်ကို လာရောက်လည်ပတ်သူ ၃.၉၅ သန်းခန့်နှင့် ကိုရီးယားမဟုတ်သူ ၄၃၉,၀၀၀ ခန့်ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ ပွဲတော်ကို နှစ်စဉ် ဇူလိုင်လတွင် ကျင်းပပြီး နှစ်ပတ်ကြာ ကြာမြင့်ပါသည်။

Credit Photo

ကမ်းခြေတစ်လျောက်များပြားလှသောနေရာများတွင် ဝင်ကြေးပေးဆောင်ရန် လိုအပ်သော်လည်း ရွှံ့စမ်းများ၊ ရွှံ့အနှိပ်ဇုန်များ၊ ရွှံ့ထောင်နှင့် ရွှံ့ရေကန်များ ပြုလုပ်ပေးထားပြီး ၎င်းတို့အားလုံးသည် သင့်ကို ရွှံ့ပေနေတဲ့ဖုတ်ကောင်ကဲ့သို့ ဖြစ်သွားစေရန် အာမခံပါသည်။

Credit Photo

လက်မှတ်တစ်ဆောင်လျှင်တစ်ရက်တာဖြတ်သန်းခွင့်ရှိပြီး ရွှံ့ပြိုမှုများ၊ အပြေးပြိုင်ပွဲများ၊ လေဖောင်းကစားကွင်းများနှင့် အတားအဆီးသင်တန်းများအပါအဝင် လက်မှတ်ပြရသောနေရာများနှင့် ပွဲတော်ကျင်းပရာ နေရာများအားလုံးသို့ သင့်အား ပို့ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

Credit Photo

မင်မင်တို့လဲ ချက်ချင်းကို ရွှံ့လူးပွဲတော်မှာဆင်နွှဲချင်စိတ်တွေပေါက်လာပြီး

Credit Photo

Leave a Comment