တရုတ်နိုင်ငံမှာတော့ မမျှော်လင့်မိတဲ့အရာမျိုးစုံကို အမြဲလိုလိုမြင်နေရပြီး ထူးဆန်းတဲ့အပြုအမှုများက ကမ္ဘာတစ်ဝှမ်းက သူများကို အလန့်တကြားဖြစ်သွားနိုင်ပါတယ်။ယခုဆောင်းပါးမှာတော့တရုတ်နိုင်ငံနဲ့ပက်သက်တဲ့ထူးထူးခြားခြားအကြောင်းအရာအချို့ ကိုဖော်ပြပေးလိုက်ပါတယ်။
(၁)ငါးမန်းများနှင့်မိကျောင်းများကိုလက်လီလက်ကား ဖြင့်ဈေးတွင် ရောင်းချနေခြင်း


လူများဟာ ဒီတိရိစ္ဆန်များရဲ့ အချို့ အစိတ်အပိုင်းကိုသာ စားကြတာမှန်ပင်မဲ့ တရုတ်ငါးဈေးဆိုင်များတွင် ၎င်းတို့ကို ပါးစပ်ဟ ထားကာ အကောင်လိုက်ရောင်းချကြပါတယ်။
(၂)ရဲများရဲ့ အနံ့ခံခွေးများအစား ငန်းများကို အစားထိုးထားခြင်း

တရုတ်နိုင်ငံရဲ့အချို့သီးခြားဒေသများတွင် တရုတ်ရဲများဟာ ခွေးများနေရာမှာအခြားနည်းလမ်းတစ်ခုနဲ့အစားထိုးခဲ့ပါတယ်။သူတို့ဟာ ငန်းတွကို ခွေးတွေနေရာမှာအစားထိုးခဲ့ကာ ငန်းတွေဟာ အလွန်ကောင်းမွန်တဲ့အမြင်အာရုံနဲ့အလုံးစုံရန်လိုတတ်တဲ့ အပြုအမူတွေရှိတယ်လို့ပြောကြပါတယ်။
(၃)အရောင်းပြစက်များဖြင့်ရောင်းချသော အသက်ရှင်နေသည့် ဂဏန်းများ

တရုတ်မြို့ကြီးအချို့ရဲ့မြေအောက်ရထားဘူတာရုံများရှိအရောင်းအ၀ယ်စက်များတွင် ဂဏန်းများကို အပူချိန် ၅ ဒီဂရီစင်တီဂရိတ်တွင်အမြဲသိုလှောင်ထားပြီးပလတ်စတစ်သေတ္တာများဖြင့်ရောင်းချပါတယ်။
(၄)ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းတဲ့အကျိုးတော်ဆောင်

သင်ဟာ ယာဉ်ကြောပိတ်ဆို့ နေလျှင် လူနှစ်ဦးကို ငှားရမ်းနိုင်တဲ့သည့် ၀န်ဆောင်မှုဟာတရုတ်နိုင်ငံမှာရှိပါတယ်။သူတို့ထဲက တစ်ယောက်ကတော့သင့်ရဲ့ ကားကို ဂရုတစိုက်စောင့်ပေးမှာဖြစ်ပြီး တစ်ယောက်ကတော့ ဆိုင်ကယ်ဖြင့် သင့်ကို လာရောက်ခေါ်ဆောင်ပေးမှာဖြစ်ပါတယ်။
(၅)Teabucks: Starbucks ၏ ပုံတူကော်ဖီဆိုင်

Teabucks ဟာ American Starbucks ၏ပုံအတိုင်းဖန်တီးထားသောတရုတ်လက်ဖက်ရည်ဆိုင်ဖြစ်ပါတယ်။သူတို့ဟာ လက်ဖက်ရည်ပူပူနဲ့ အအေးအချိုရည်အမျိုးမျိုးတို့ကိုရောင်းချပါတယ်။
(၆)ကုမ္ပဏီများဟာ ဝန်ထမ်းများမိမိကိုယ်ကိုယ်သတ်သေမှုမှကာကွယ်ရန်အတွက်၎င်းတို့၏အဆောက်အအုံများပတ်လည်တွင်ပိုက်ကွန်များချိတ်ဆွဲထားပါတယ်။

တစ်ခါတစ်ရံစီးပွားရေးလုပ်ငန်းကုမ္ပဏီများဟာ ၀န်ထမ်းများ မိမိကိုယ်ကိုသတ်သေရန်ကြိုးစားမှုမှကာကွယ်ရန်အတွက်ဝန်ထမ်းများ၏အဆောင် အပြင်ဘက်တွင်အကာအကွယ်ပိုက်များတပ်ဆင်ထားကြပါတယ်။
(၇)တစ္ဆေလက်ထပ်ပွဲ

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့သေ ဆုံးသွား သောမိမိရဲ့ဆွေမျိုးသားချင်းများကိုလက်ထပ်ချင်သော ကျန်ရစ်သူမိသာစုးအတွက် အလောင်း ကောင်အချင်းချင်းလက်ထပ်ပေးနိုင်တဲ့ဝန်ဆောင် မှုတရုတ်မှာရှိပါတယ်။ ထိုဝန်ဆောင်မှုပေးသူတွေဟာ အလောင်းတွေကိုငွေကြေးနဲ့ရောင်းချကာ လက်ထပ်ပေးကြတာပါ။
(၈)လေကောင်းလေသန့် ဗူး

တစ်နိုင်ငံလုံးတွင်ညစ်ညမ်းတဲ့မီးခိုးမြူများမြင့်မားနေသောကြောင့်တရုတ်စတိုးဆိုင်များတွင် လေကောင်းလေသန့်ဘူးများကိုအရသာမျိုးစုံဖြင့်ဝယ်ယူနိုင်ပါတယ်။