တစ်ချို့အနုပညာရှင်တွေဟာ ကျွန်ုပ်တို့ထင်ထားတာထက်ပိုတဲ့စွမ်းရည်များပိုင်ဆိုင်ထားကြပါတယ်။ သူတို့ဟာ ဆီဆေး နှင့် အိမ်သုတ်ဆေး၊ မီးသွေး ၊ ဘောပင်များ သို့မဟုတ် ခဲတံအလွတ်တစ်ခုကို အသုံးပြုပြီး ၊ ဓာတ်ပုံလားတကယ်အစစ်မှန်လားဆိုတာ ခွဲခြား၍ မရေသာ သက်ရှိရုပ်ပုံများကို ဖန်တီးပြုလုပ်နိုင်ကြပါတယ်။
ယခုဆောင်းပါးထဲမှာတော့အနုပညာရှင်၈ဦးတို့ရဲ့လက်ရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပြီး သူတို့ဖန်တီးထားတာတွေကိုကြည့်လိုက်ပါ ကသင့်မျက်လုံးကိုတောင်မယုံနိုင်ဖြစ်သွားပါလိမ့်မယ်။
Diego Fazio
Diegoဟာ မှင် ပုံထုတ်စက် လို့တောင်တင်စားရလောက်အောင်တော်တဲ့သူပါ။ သူဟာ စာရွက်တစ်ဖက်ကနေဖြေးဖြေးခြင်းစတင်ရေးဆွဲပြီး မီးသွေးနဲ့ရိုးရိုးခဲတံကိုသာ အသုံးပြုပါတယ်။ သူဟာ ပုံတစ်ပုံရေးဆွဲဖွဲ့စည်းမှု တစ်ခုပြီးဖို့ အတွက် နာရီ ၂၀၀ ၀န်းကျင်ခန့်အချိန်ယူရေးဆွဲရပါတယ်။
Omar Ortiz
Omarသည် အရောင် ၊ အလင်း နှင့်အရိပ် တို့ကို ရေးဆွဲထိန်းညှိရာ၌ မယုံနိုင်လောက်အောင် သေသပ်လွန်းသောကြောင့် အဲ့လိုကျွမ်းကျင်မှုဟာ သူ့ရဲ့ အမှတ်တံဆိပ်တစ်ခုလိုဖြစ်လာပါတယ်။ သူဟာ လူခန္ဓာကိုယ်ပေါ်ရှိမျဉ်းကြောင်းများနှင့် အကွေ့ကောက်များကို သေချာရေးဆွဲနိုင်သည့် ပင်ကိုယ် စွမ်းရည်ရှိပါတယ်။
Gregory Thielker
Gregory Thielkerဟာ သူ့ရဲ့မိုးရွာနေတဲ့ပုံကို ရေရောင်စုံဆေးနှင့် ဆီဆေးကို အသုံးပြုကာ သူ့လက်ဖြင့် ရေးဆွဲဖန်တီးခဲ့သော ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ သူ့ရဲ့ပန်းချီကားကိုကြည့်လိုက်ပါ ကမိုးအေးပြီးစိုစွတ်နေသောနေ့တစ်နေ့တွင် ကားဖြင့် သွားလာနေခြင်းကိုခံစားမိစေလောက်အောင်အသက်ဝင်လှပါတယ်။
Ruth Tyson
ဗြိတိသျှအနုပညာရှင် Ruth Tysonဟာ အနုပညာသမိုင်းနောက်ခံရှိသူပါ။ထို့အတူ သူမရဲ့ တကယ့် သဘာ၀ပန်းချီကားများ ဖန်တီးထုတ်လုပ်နိုင်ဖို့အတွက် ထူးခြားတဲ့စွမ်းရည်ကိုလည်းပိုင်ဆိုင်ထားပါတယ်။သူမဟာ ခဲတံအမျိုးမျိုးကိုရောစပ် အသုံးပြုပြီး တစ်ခါတစ်ရံ ဆေးရောင်များကို အသုံးပြုကာ ဖန်တီးလေ့ရှိပါတယ်။
Roberto Bernardi
Roberto Bernardi ရဲ့ပုံပန်းချီကားများကို ကင်မရာဖြင့် ရိုက်ကူးထားတာမဟုတ်ဘူးဆိုတာကိုယုံကြည်ဖို့ခက်ခဲလောက်အောင်လက်ရာမြောက်လွန်းသူပါ။ ပုံထဲမှာပါတဲ့ အရာတစ်ခုခြင်းစီတိုင်းက ရှင်းလင်းပြတ်သားကြပြီး အသေးစိတ်ကို အာရုံစိုက်ရေးဆွဲထားသောကြောင့် အံ့အားသင့်ဖွယ်ကောင်းပါတယ်။
Robin Eley
ဒီလန်ဒန်အခြေစိုက် အနုပညာရှင်ဟာ သူ့ရဲ့ကြီးမားတဲ့ကျွမ်းကျင်မှုနှင့် တကယ့်လက်တွေ့ဆန်တဲ့ပန်းချီကားချပ်ကို ဆီဆေးနဲ့ဖန်တီးထားပါတယ်။ Robin Eleyဟာ အ၀တ်မပါတဲ့ မော်ဒယ်တစ်ဦးရဲ့ ပလက်စတစ်ဖုံးထားသော ပုံမှန်မဟုတ်တဲ့ ပုံများကို ဆွဲရတာနှစ်သက်ပါတယ်။
Gottfried Helnwein
Gottfried Helnwein ဟာ သူ့ရဲ့ပန်းချီလက်ရာများကိုဖန်တီးရန် ရေေဆးအရောင်များကိုအဓိကအသုံးပြုထားပါတယ်။ သူဟာ ဒီတစ်ခုပဲ ကျွမ်းကျင်တာမဟုတ်ပါဘူး ။သူဟာ ပန်းချီဆရာအပြင် ၊ ဓာတ်ပုံဆရာ ၊ ပန်းပု နှင့် ပန်းချီပုံကြမ်းများကိုလည်း လုပ်ကိုင်နိုင်သူဖြစ်ပါတယ်။
Vincent Fantauzzo
ဩစတြေးလျအနုပညာရှင် Vincent Fantauzzo ရဲ့ ပန်းချီလက်ရာကိုတော့ ကမ္ဘာအနှံအပြားမှာ ကျော်ကြားလူသိများကြပါတယ်။သူဟာ သရုပ်ဆောင် Health Ledgerရဲ့ပုံတူကို သရုပ်ဆောင်မသေဆုံးမှီ ရက်သတ္တပက် အနည်းငယ်လောက်က ပြုလုပ်ဖန်တီးခဲ့ပါတယ်။