ကျွန်တော်တို့ ငယ်ငယ်က ဇီ၀ဗေဒစာအုပ်များကို ဖတ်ခဲ့ကြသော်လည်း တချို့သော နက်နဲသည့် တိရစ္ဆာန်အကြောင်းများဟာ ၎င်းစာအုပ်ထဲမှာတောင်မပါဝင်တာကိုတွေ့ရပါတယ်။ အခုဖော်ပြပေးမှာကတော့ သင်တို့မသိလောက်သေးတဲ့ နက်နဲသော တိရစ္ဆာန်တွေအကြောင်းပဲဖြစ်ပါတယ်။
(၁)ဒီကောင်ဟာ Rock hyraxလို့ခေါ်ပြီး ဆင်တွေရဲ့အနီးစပ်ဆုံးဆွေမျိုးဖြစ်ပါတယ်။

(၂)သားပိုက်ကောင် အမများဟာ ကြံခိုင်သန်မာဘော်ဒီတောင့်တဲ့ သားပိုက်ကောင်အထီးများကို သဘောကျတတ်တာကြောင့် အထီးများဟာ muscleများကိုပြသလေ့ရှိပါတယ်။

(၃)အကယ်၍ ဒီ kamikaze ပုရွက်ဆိတ်များဟာ ပွဲတွင်ရူံး ပါကသူတို့ရဲ့ ရန်သူများကိုမလှုပ်ရှားနိုင်အောင်စေးကပ်သောအရည်အချို့ကို ပတ်ဖြန်းပြီး သူတို့ကိုကို ဖောက်ကွဲပစ်ပါတယ်။

(၄)ကမ္ဘာပေါ်ရှိအကြီးမားဆုံးသောသက်ရှိများဟာမှိုများဖြစ်ပါတယ်။ Armillaria ostoyae ၏နမူနာတစ်ခုကို Oregon ရှိ Malheur အမျိုးသားသစ်တော၌တွေ့ရှိခဲ့ပြီး နှစ်ပေါင်း ၂,၄၀၀ သက်တမ်းရှိပါတယ်။

(၅)Tithorea terracina pupas များဟာ ရွှေလက်ဝတ်ရတနာများနှင့်ဆင်တူနေတယ်။

(၆)ကြယ်ငါးများဟာ ကျွမ်းကျင်မှုရှိသော အကောင်များဖြစ်ကြပြီး သူတို့ဟာ အစာကို သူ့တို့ရဲ့အစာအိမ်ကိုအလွယ်တကူ ဖွင့်ပြီးစားသုံးကြပါတယ်။
(၇)Cachalots များသည်ဒေါင်လိုက်အိပ်ကြပါတယ်။

(၈)ကြံ့ငယ်များဟာ ကြောင်အသံများကိုပြုနိုင်ကြပါတယ်။
(၉)black heronsများဟာ ထီးပုံစံလုပ်တတ်သော သားကောင်များဖြစ်ကြပြီး သူတို့ဟာ အရိပ်နှင့် အေးမြမှုကို ပေးပြီး ငါးများကို ဖမ်းယူစားပါတယ်။

(၁၀)ဒီပင့်ကူများဟာ သူတို့ရဲ့တစ်သက်တာမှာ လိင်ဆက်ဆံပြီးနောက် သူတို့ရဲ့ လိင်အဂ်ါကို ထပ်အသုံးပြုဖို့မလိုတော့သည့်အခါ ဖြတ်ပစ်တတ်ကြပါတယ်။

(၁၁)ဒီ anglerfish အထီးများဟာ အမများထက်သေးငယ်သဖြင့်၎င်းတို့သည် အမကောင်များနှင့် ယှဉ်တွဲနေထိုင်ကျက်စားခြင်းဖြင့်အချိန်ကြာလာသည်နှင့်၎င်းတို့ကိုခွဲလို့မရတော့ပါဘူး။
