စားသောက်ရန်မသင့်တော်သောငါးအမျိုးအစား(၅)မျိုး

ငါးတွေဟာစားသောက်ရတာအရသာရှိပြီးကျန်းမာရေးကောင်မွန်တယ်ဆိုတာကိုကျွန်တော်တို့တော်တော်များမျးကတော့သိထားပြီးသားဖြစ်မှာပါ။ဒါပေမယ့်ယခုဖော်ပြမယ့်ငါးတွေကတော့ ကျွန်တော်တို့ကိုကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်စေတာကိုတွေ့ရပါတယ်။
ယခုဆောင်းပါးထဲမှာတော့ ကျွန်တော်တို့အတွက်စားသောက်ရန်မသင့်တော်သောငါးအမျိုးအစား၅မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)ငါးခူ

credit photo

ငါးခူတွေဟာ မွေးမြူရေးသမားတွေစိတ်ကြိုက်အတော်အတန်ကြီးထွားနိုင်ကြပါတယ်။အထူးသဖြင့်အာရှမှတင်သွင်းသောငါးခူများဟာ မြန်မြန်ကြီးထွားစေဖို့အတွက် များစွာသော ငါးမွေးမြူရေးသမားတွေဟာဟော်မုန်းတွေကိုကျွေးကြပါတယ်။ဒါပေမယ့်လို့ လွတ်လပ်စွာပင်လယ်ထဲမှာကြီးထွားကြတဲ့ ငါးခူတွေကတော့ အန္တာရာယ်ကင်းပြီး အာဟာရဓာတ်တွေလည်းကြွယ်ဝစွာပါဝင်ကြပါတယ်။

(၂)မက်ကရယ်ငါး

credit photo

မက်ကရယ်ငါးတွင် ပါဝင်သော မာကျူရီဓာတ်ဟာ ခန္ဓာကိုယ်တွင် တဖြေးဖြေးစုဆောင်းလာပြီး ရောဂါများကိုဖြစ်စေနိုင်ပါတယ်။အတ္တလန္တိတ် မက်ကရယ်ငါးဟာ အန္တရာယ်အနည်းဆုံးဖြစ်ပြီးသင်ကြိုက်သလောက်စားနိုင်ပါတယ်။

(၃)တူနာငါး

credit photo

တူနာငါးတွင်လည်း မာကျူရီဓာတ်များစွာပါ၀င်ပြီး အထူးသဖြင့် အနက်ရောင်နှင့် အပြာရောင်ငါးများတွင်ပိုမိုပြီးပါဝင်တတ်ပါတယ်။ထို့အပြင် တူနာငါးများဟာမျိုးတုန်းနီးနီးဖြစ်လာတာကြောင့် တူနာတွေကိုများစွာမွေးမြူလာကြပါတယ်။အဓိကစားသုံးနေသောတူနာငါးများ အားလုံးဟာ antibioticsနှင့် ဟော်မုန်းများကိုကျွေးထားသော မွေးမြူရေးကန်များမှလာတာပဲဖြစ်ပါတယ်။

(၄)တီလာပီးယားငါး

credit photo

တီလာပီးယားငါးမှာတော့ ကျန်းမာတဲ့ အက်စစ်နဲ့အဆီတွေများစွာပါဝင်ခြင်းမရှိဘဲချက်ပြီးသားဝက်ဆီကဲ့သို့အဆီဓာတ်တွေတော့ကြွယ်ဝစွာရှိနေပါတယ်။ဒီငါးကို အလွန်အကျွံစားသုံးခြင်းဟာ ကိုလက်စထရောဓာတ် ကိုမြင့်တက်စေပြီး ခန္ဓာကိုယ် ဓာတ်မတည့်မှုများဖြစ်စေကာ လူကိုထိခိုက်စေနိုင်ပါတယ်။

(၅)ငါးရှဉ့်

credit photo

ငါးရှဉ့်ဟာအဆီဓာတ်တွေများစွာပါဝင်ပြီးငါးရှဉ့်ဟာစက်ရုံတွေနဲ့လယ်ယာတွေကထွက်လာတဲ့အညစ်အကြေးတွေကိုလည်းအလွယ်တကူစုပ်ယူတတ်ကြပါတယ်။အမေရိကန်ငါးရှဉ့်မျိုးစိတ်တွေကတော့အဆိပ်သင့်စေတဲ့ဓာတ်တွေများစွာပါဝင်ပါတယ်။ဥရောပမျိုးစိတ်တွေကတော့ညစ်ညမ်းတဲ့အရာတွေနဲ့မာကျူရီဓာတ်တွေများစွာပါဝင်နေပါတယ်။

Leave a Comment