ဂိမ်းစွဲလန်းသူတစ်ဦးရဲ့ နှစ် ၂၀ ကြာရင်ဖြစ်ပျက်လာမယ့် ကြောက်စရာပုံစံအားသရုပ်ဖော်ပြသ

နှစ်၂၀ အကြာ ဂိမ်းကိုစွဲလန်းစွာ နေ့ညမအိပ်ဘဲ ဆော့သူတစ်ယောက်ရဲ့ ဖြစ်ပေါ်လာမယ့် နမူနာရုပ်ပုံသဏ္ဌာန်ကိုတော့ OnlineCasino.ca ကဖန်တီးခဲ့တာဖြစ်ပြီး လူတစ်ဦးဟာ ဂိမ်းအလွန်အကျွံ ကစားပါက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာဖြစ်နိုင်ကြောင်းသရုပ်ဖော်ပြသခဲ့ပါတယ်။ထိုပုံစံကိုတော့ Michale လို့အမည်ပေးထားပြီး အောက်မှာဖော်ပြထားတဲ့အတိုင်း ထိုပုံထဲကလူတစ်ကိုယ်လုံးဟာ ကြောက်မက်ဖွယ်ပုံစံဖြစ်နေတာပါ။

Credit Photo

ထိုပုံထဲမှာတော့ သူဟာခါးကုန်းကြီးတစ်ယောက်ဖြစ်နေတဲ့ အပြင်မျက်လုံးများကလည်း နီရဲနေကာ မျက်ကွင်းများမှာလည်းညိုမဲနေပါတယ်။ထိုပုံကတော့ လူငယ်တွေအနေနဲ့ ဂိမ်းကိုစွဲလမ်းခြင်းမရှိဘဲ အချိန်အကန့်အသတ်နဲ့ ဆော့ကြဖို့ ရည်ရွယ်ကာရေးဆွဲထားတာပါ။Michale ကိုတော့ ဂိမ်းစွဲလမ်းမှုကြောင့်ဖြစ်ပေါ်လာမယ့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို အခြေခံကာရေးဆွဲထားတာဘဲဖြစ်ပါတယ်။

Credit Photo

အထက်မှာဖော်ပြခဲ့သောသက်ရောက်မှုတွေအပြင် ဂိမ်းစွဲသူတစ်ယောက်ဟာ Vitamin D နဲ့ B12 တွေချို့ တဲ့လာမှုကြောင့် အသားရေ ဖြုဖျော့လာမှာဖြစ်သလို ပုံမှန်လေ့ကျင်ခန်းတွေမရှိသောကြောင့် ခန္ဓာကိုယ်ကလည်း အလေးချိန်တိုးလာဦးမှာပါ။ထိုအပြင် လက်မကိုအကြိမ်ရေများစွာအားစိုက်မှုတွေကြောင့် ပြည်တည်နာတွေဖြစ်လာမှာကိုလည်း ထည့်သွင်းရေးဆွဲထားပါတယ်။

Credit Photo

သူရဲ့ခေါင်းမှာဖြစ်နေတဲ့ ချိုင့်ခွက်ကတော့ နှစ်ပေါင်းများစွာကြာအောင် နားအုပ်နားကြပ် ဝတ်ဆင်ထားသောကြောင့် ထိုနားကြပ်ကိုင်းရဲ့ ဖိအားတွေကနေတစ်ဆင့်ဖြစ်လာရတာဖြစ်ပါတယ်။သူရဲ့ လက်များမှာလည်းဂိမ်းခလုတ်ကို ကြာရှည်စွာကိုင်တွယ်လာခဲ့တာကြောင့် ဒဏ်ရာတွေဖြစ်နေတာကိုလည်းတွေ့ရပါတယ်။

Credit Photo

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပြောကြားချက်မှာတော့ ဗီဒီယို ဂိမ်းစွဲ လမ်းမှုကြောင့် စိတ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေလည်းဖြစ်နိုင်သလို ဂိမ်းစွဲလမ်းမှုကြောင့် အခြားဝါသနာပါရာ စိတ်ဝင်စားစရာတွေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွအပေါ်မှာလည်း အချိန်ပေးနိုင်ခြင်းမရှိတော့သလို ဂိမ်စွဲလမ်းခြင်းဟာ အနုတ်လက္ခဏာဆောင်သော အကျိုးဆက်တစ်ခုသာဖြစ်ကြောင်း ပြောကြားထားပါတယ်။

Credit Photo

ယခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ် ကြောင့် Stay Home ဖြစ်နေချိန်မှာ ဂိမ်းကစားသူများအလွန်များပြားလာကာ စွဲလမ်းမှုတွေဖြစ်လာမည်ကို စိုးရိမ်သောကြောင့် Michale ကို ရေးဆွဲခဲ့တာလည်းဖြစ်ပါတယ်။OnlineCasino.ca မှ သုတေသီတွေကလည်း ဂိမ်းကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကစားရမလဲဆိုတာကိုလည်းအကြံပြုထားပါသေးတယ်။

Credit Photo

အပြည့်အစုံကိုတင်ဆက်ပါက စာအရမ်းရှည်သွားမှာ ဖြစ်တာကြောင့် အခြားသိချင်သည့် အရာများကို https://www.onlinecasino.ca/future-gamer တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။(ထိုအချက်များသည် ဂိမ်းကိုနေ့ညမအိပ်မစားစွဲလမ်းသူများကိုသာ ရည်ရွယ်ခြင်းဖြစ်ပြီး အချိန်သတ်မှတ်ချက်နဲ့ စီးပွားရှာနေသော streamer များကိုရည်ရွယ်ခြင်းမရှိပါကြောင်း)

References :onlinecasino.ca

Leave a Comment