နည်းပညာဆိုတာ အချိန်နဲ့အမျှ တိုးတက်လာနေပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျွန်မတို့ရဲ့ လူနေမှုအဆင့်အတန်းတွေဟာ ဒီနေ့ခေတ် ကမ္ဘာကြီးမှာဆိုရင် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ပါပြီ ။ လူတော်တော်များများဟာ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို တိုးတက်လာတဲ့ နည်းပညာ ပစ္စည်းတွေကို သုံးပြီး လုပ်ဆောင်လာတာကို မြင်တွေ့ရမှာပါ။ မိတ်ဆွေတို့အနေနဲ့ အလုပ်တစ်ခုပြီးမြောက်ဖို့အတွက် ခေတ်မှီတဲ့အသုံးအဆောင်ပစ္စည်းတွေမရှိဘဲနဲ့ လုပ်ကိုင်လို့ ရကောင်းရနိုင်ပေမယ့်လည်း အချိန်နဲ့ အားစိုက်ထုတ်မှုတွေက ကွာခြားသွားနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျွန်မတို့အနေနဲ့ လူသားတွေအတွက် အများကြီး အဆင်ပြေစေမယ့် အံ့ဩစရာတီထွင်မှု အချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
1. အိမ်သာ အခန်းအားမအား မီးလေးတွေနဲ့ ပြသပေးထားပေးတဲ့ တိုင်ပေမှ အိမ်သာ

2. ရာသီဥတုကို ပြောပြပေးနေတဲ့ ဟိုတယ်မှမှန်များ

3. ကလေးငယ်လေးတွေအတွက် သေးငယ်တဲ့ အိမ်သာခုံပါတဲ့ ရှော့ပင်းစင်တာက အိမ်သာ

4. အလေးချိန်ကို ပြသပေးတဲ့ ဓာတ်လှေကား

5. စာကြည့်တိုက်ထဲက လူတွေ အနှောက်အယှက် မဖြစ်အောင် ဖုန်းပြောရတဲ့ အခန်းငယ်

6. လေ့ကျင့်ခန်းလုပ်ရင်း စောင့်လို့ရတဲ့ ကိုယ်တိုင်အဝတ်လျှော်ရတဲ့ဆိုင်

7. ကလေးငယ်များ လမ်းစည်းကမ်းနားလည်စေဖို့ ပြုလုပ်ပေးထားတဲ့ စက်ဘီးစီးကွင်းငယ်

8. ထိုင်ခုံနောက်မှီကို လိုအပ်သလို ရှေ့နောက် ပြောင်းလို့ရတဲ့ ပန်းခြံက ထိုင်ခုံ

9. “တာယာလဲရန်” ဆိုတဲ့စာသားပေါ်လာရင် တာယာလဲဖို့ ပြသထားပေးတဲ့ ကားတာယာ

10. ကားနောက်ခန်းမှာ အသုံးပြုရတဲ့ လေထိုးမွေ့ယာ

11. ကားပါကင်ထိုးရတာ လွယ်ကူစေဖို့ မျဥ်းဝါကို နံရံထိဆွဲထားပေးတဲ့ ကားပါကင်

12. ယူမယ့်ပစ္စည်းတွေကို တခါတည်း တွက်ချက်လို့ရမယ့် စျေးခြင်းတွန်းလှည်း

13. လူကြီးရော ကလေးပါ တွဲစီးလို့ရတဲ့ ဒန်း

14. ဒုက္ခိတများအတွက် လက်တွန်းလှည်းနဲ့ သွားလို့ရအောင် ပြုလုပ်ထားပေးတဲ့ ကမ်းခြေ

15. မိုးသီးကျတဲ့အချိန် ကားကို ကာကွယ်ပေးမယ့် ပစ္စည်း

16. ဦးထုတ်ပုံစံ မပျက်စေဖို့ လေဖောင်းအိတ်

17. ပေါင်မုန့် ဖုတ်စက်ပါတဲ့ မိုက်ခရိုဝေ့ဖ်

18. password နှိပ်ထားတဲ့နေရာတွေကနေ ရှာလို့မရအောင် မကြာခဏ အလိုအလျောက် ပြောင်းပေးတဲ့စက်

19. ပီဇာကပ်ကြေး

20. ရေချိုးရင်း ဒွန့်ချင်သူများအတွက် Bluetooth စပီကာ
