ကျွန်တော်တို့ မသိလောက်သေးတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပက်သက်တဲ့ အကြောင်းအရာများ

ကျွန်န်ုပ်တို့ ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်နေတဲ့အကြောင်းအရာများကို ပြန်လည်လေ့လာဖို့ တင်ပြပေးလိုက်ပါတယ်။

(၁) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲက ထုတ်လွှတ်တဲ့ လျှပ်စစ်ဓါတ်တွေဟာ မီးလုံးသေးသေးလေးကို မီးလင်လာစေဖို့ လုံလောက်တဲ့ စွမ်းအင်ရှိပါတယ်။

© depositphotos

(၂) လူတွေရဲ့ သွား များဟာ ငါမန်းတွေရဲ့ သွား များကဲ့သို့ သန်မာကြပါတယ်။

© flickr

(၃) အစာအိမ်အတွင်း၌ရှိသော အစာခြေအက်စစ်ဟာ အရေပြားတစ်ခုကို အပေါက်ဖြစ်သွားအောင် စားနိုင်တဲ့အထိ ပြင်းပါတယ်။

© depositphotos

(၄) လူသားတွေဟာ ကွဲပြားတဲ့ မျက်နှာအမူရာ ၇၀၀၀ ခန့်ကိုပြုလုပ်နိုင်ပါတယ်။ ဒါကတော့ မျက်နှာရဲ့ ကြွက်သား အားလုံးကို ဖယ်လိုက်ပြီး ကျန်ရှိနေတဲ့ ကျွန်တော်တို့ရဲ့မျက်နှာပုံပါပဲ။

© imgur

(၅) ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေထက် အရိုးပေါင်း ၆၀ကျော်ခန့် ပို၍များပါတယ်။

© depositphotos

(၆) လူသားတွေရဲ့ မျက်စိဟာ သာမန်ကင်မရာများထက် ကြည်လင်ပြတ်သားမှု ခန့်မှန်းချေ 500 megapixel ရှိပါတယ်။

© Max Pixel

(၇) အရွယ်ရောက်လူတစ်ဦးရဲ့ အရေပြားဟာ ၈ ကီလိုဂရမ် သို့မဟုတ် ထိုထက်ပိုရှိနိုင်ပြီး လူ့ခန္ဓာကိုယ် စုစုပေါင်း အလေးချိန်၏ ၁၆% ရှိပါတယ်။

© depositphotos

(၈) လူ့ အရိုးဟာ ဆယ်နှစ်ကြာတဲ့အခါတိုင်း ပြန်လည်ပြီးတော့ အရိုးအသစ်များထွက်ပေါ်လာတတ်ပါတယ်။ ဒီလို ဆက်တိုက်ဖြစ်နေတာကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲတွင် အရိုးအဟောင်းရောအသစ်တွေပါ ရောနှောရှိနေပါတယ်။

© depositphotos

(၉) ကျွန်တော်တို့ မျက်တောင်ခတ်ခြင်းအချိန်ဟာ နိုးနေတဲ့အချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကို မျက်လုံးပိတ်ထားတာနဲ့ ညီမျှနေပါတယ်။

© flickr

(၁၀) ကျောက်ကပ်ဟာ ကျွန်တော်တို့ရဲ့ သွေးတွေကို တစ်ရက်တွင် ၂၅ ကြိမ် စစ်ထုတ်ပေးပြီး ၁၈၀ လီတာလောက် ပြန်ထုတ်လွှတ်ပေးပါတယ်။

© depositphotos

(၁၁) ကျွန်တော်တို့ရဲ့ မျက်စိမှာရှိသော ပန်းရောင် ထောင့်ဟာ ငှက်နှင့် အခြား တွားသွားသတ္တဝါတွေမှာလည်း ပါရှိနေပြီး အတွင်း မျက်ခွံကို ဆင့်ကဲကာကွယ်ထားပေးခြင်းဖြစ်ပါတယ်။

© depositphotos

(၁၂) အသည်းတစ်ခုလုံး၏ ၇၅% ကိုဖယ်ရှားလိုက်ရင်တောင်မှ သူ့ရဲ့မူလအရွယ်စားအတိုင်း အပြည့်အ၀ပြန်လည်ဖွံဖြိုးနိုင်စွမ်းရှိပါတယ်။

© depositphotos

(၁၃) သင့်ရဲ့ နှလုံးခုန်သံဟာ သင်နားထောင်နေတဲ့ ဂီတ သံစဉ်နှင့်အတူ စည်းချက်ညီစွာ ခုန်နေတတ်ပါတယ်။

© Netflix

(၁၅) ကျွန်ုပ်တို့ အစာချေဖျက်ရန် လုပ်‌ဆောင်ပေးတဲ့ အင်ဇိုင်းတွေဟာ ကျွန်တော်တို့ သေဆုံးသည့်အခါမှာလည်း ခန္ဓာကိုယ် ကို စတင်ချေဖျက်ပေးခြင်းကိုပါ လုပ်ဆောင်ပေးပါတယ်။

© depositphotos

(၁၆) ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တချို့ အက်တမ်တွေဟာ အမှန်တကယ်တော့ နှစ်ပေါင်းဘီလီယံချီသက်တမ်းရှိနေတဲ့ ကြယ်မှုန်အမြွား လေးတွေဖြစ်ပါတယ်။

© depositphotos

(၁၇) ပျှမ်းမျ အသက်ရှင်သည့်အချိန်တွင် နှလုံးဟာ သွေး သန်း၂၀၀ လီတာ ၀န်းကျင်စုပ်ထုတ်ပေးပါတယ်။ ခန်းမှန်း‌ခြေအားဖြင့် စည်ပေါင်း ၁.၅ သန်းခန့် အပြည့်ဖြည့်ဖို့ လုံလောက်ပါတယ်။

© depositphotos

Leave a Comment