ကျွန်တော်တို့မသိသေးတဲ့တိရိစ္ဆာန်လေးများနဲ့ ပက်သက်သော စိတ်ဝင်စားစရာ အချက်များ

အကယ်၍သာဇီဝဗေဒသင်ခန်းစာကို သင်ကြားပို့ချပေးနေတဲ့ ဆရာဆရာမများကသာ‌ဤတိရိစ္ဆာန်လေးများနဲ့ သူတို့ရဲ့ထူးခြားလှတဲ့ အလေ့အထတွေအကြောင်းကို ပြောပြနေမယ်ဆိုပါက ဘယ်သူမှထိုအတန်းကိုပြေးတော့မှာမဟုတ်ပါဘူး။

ယခုဆောင်းပါးလေးထဲမှာတော့ သိပ္ပံပညာရှင်များကိုယ်တိုင် အံ့ဩရတဲ့ တိရိစ္ဆာန်လေးများနဲ့ပက်သက်တဲ့ အချက်အလက်တွေကိုစုစည်းဖော်ပြပေးသွားမှာပါ။ဒီအကြောင်းအရာ‌တွေကိုသင်ဖတ်ပြီးတဲ့အခါမှာသူတို့ဟာ ဘယ်လောက်ထိထူးခြားနေလည်းဆိုတာကို သိမြင်ရမှာဖြစ်ပါတယ်။

(၁)ကြွက်‌များအားသူတို့နေထိုင်ရာတွင်းထဲကနေထွက်လာဖို့မြက်ပင်တွေကိုမီးရှို့ကြတဲ့ သိန်းငှက်ငယ်များ

© Reacher-Said-Nothing / reddit

ဒီအချက်ကိုတော့သင်တို့အနေနဲ့ယုံကြည်ချင်မှ ယုံပါလိမ့်မယ်။ဒါပေမယ့်လို့ အချို့ငှက်များက တောမီးလောင်ကျွမ်းပြန့်ပွားတဲ့ နေရာမှာတစ်စိတ်တစ်ဒေသကနေ ပါဝင်နေတာကိုတွေ့ရပါတယ်။ဩစတြေးလျနိုင်ငံမှာ သတ္တဗေဒပညာရှင်တွေရဲ့ ပြောကြားချက်အရ သိန်းငှက်ငယ်လေးများနဲ့ အချို့ငှက်များဟာ မီးလောင်ကျွမ်းနေတဲ့ သစ်သားချောင်းများကိုသူတ်ု့ရဲ့‌ ခြေသည်းများနဲ့ကုပ်၍သယ်ဆောင်ကာခြောက်သွေ့နေသော မြက်ပင်တွေအပေါ်ကိုပစ်ချနေတာကို တွေ့မြင်ရတယ်လို့ဆိုပါတယ်။ဒီလိုမြက်ပင်တွေကို မီးရှို့တာဟာ ပုန်းအောင်းနေကြတဲ့သူတို့ရဲ့ သားကောင်တွေထွက် လာစေအောင်လုပ်ဆောင်ကြတာလည်းဖြစ်ပါတယ်။

(၂)တစ်ကိုယ်လုံးခဲနေတဲ့အနေအထားဖြစ်အချိန်ကြာကြာနေနိုင်သော ဖား

© SharkRancher/reddit

Alaskan တောဖားတစ်ကောင်ဟာ သူကိုယ့်သူခြောက်လကနေခုနှစ်လထိအေးခဲနေတာကိုတွေ့ရပါတယ်။သစ်တောတစ်ခုလုံးဆီးနှင်းများဖုံးအုပ်လာတဲ့အချိန်မှာထိုဖားရဲ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အေးခဲသွားပြီး၎င်းရဲ့အဆုတ်နဲ့ နှလုံးတို့ဟာလည်းအလုပ်လုပ် တာရပ်တန့်သွားပြီးသူရဲ့သွေးလည်ပတ်မှုလည်းပဲရပ် တန့်သွားပါတယ်။ဒါပေမယ့်ထိုဖားမှာတော့cryoprotectant လို့ခေါ်တဲ့ ယန္တာရားတစ်ခုရှိပြီး ၎င်းဟာ သွေးနဲ့ခန္ဓာကိုယ်အတွင်းကအခြားအရည်တွေရဲ့ ရေခဲတာတွေကိုလျော့ချပေးကာ သူ့ဟာအေးခဲနေတဲ့အချိန်မှာ အသက်ရှင်နိုင်ဖို့ကို ကူညီပေးပါတယ်။‌‌နွေဦးကာလရောက်လာတဲ့အခါမှာတော့ ထိုဖားဟာပြန်လည်နိုးထလာကာကောင်းကောင်းအသက်ရှင်နိုင်ပါတယ်။

(၃)အရမ်းအေးတဲ့ဆောင်းရာသီမှာအသက်ရှင်နိုင်ဖို့ အီသနော(အရက်)ဓာတ်ကိုထုတ်လွှတ်တဲ့ငါး

© timemit/deviantart.com

ရွှေငါးလေးတွေဟာ‌အရမ်းအေးလာပြီးလို့ခံစားရတဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ကနေအီသနောဓာတ်ကိုထုတ်လွှတ်ပါတယ်။ငါးရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ထူးကဲတဲ့ပရိုတိန်းတစ်မျိုးဟာ လတ်တစ်အက်စစ် ကိုအရက်တွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။မြင့်မားစွာပါဝင်တဲ့အရက်ဓာတ်တွေဟာ ငါးရဲ့ပါးလွှာတဲ့ဆဲလ်အမြှေးပါးတွေပေါက်ထွက်တဲ့အန္တာရာယ်ကနေထိန်းသိမ်းထားပေးပြီး ရေခဲတွေအရည်ပျော်သည့်တိုင်အောင်အသက်ရှင်နိုင်ပါသေးတယ်။

(၄)ကြီးမားလွန်းလှတဲ့ငါးမန်းတွေဟာ ကျွန်တော်တို့ကိုမကိုက်ပါဘူး

© SharkRancher/reddit

ထိုငါးမန်းအမျိုးစားကြီးကတော့ဝေလငါးပြီးရင်ဒုတိယအကြီး ဆုံးငါးမျိုးစိတ်လည်းဖြစ်ပါတယ်။ထိုကြီးမားတဲ့ငါးမန်းတွေနဲ့ ဝေလငါးတွေဟာ ငါးကြီးတွေနဲ့လူသားတွေကိုမြိုချလိမ့်မယ်လို့ထင်ရပေမယ့်အမှန်တကယ်တော့သူတို့တွေဟာအန္တာရာယ်မရှိပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေဟာ plankton တွေကိုသာစားသောက်လို့ဘဲဖြစ်ပါတယ်။

(၅)ကိုလာဝက်ဝံတွေရဲ့လက်ဗွေဟာလူသားတွေရဲ့လက်ဗွေနဲ့ချွတ်စွတ်နီးပါးတူပါတယ်

© io9.gizmodo.com

ဩစတြေးလျသုတေသီများဟာ ကိုလာဝက်ဝံတွေမှာလူသားတွေနဲ့တူတဲ့လက်ဗွေရာရှိကြောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့လက်ဗွနှစ်ခုဟာ မိုက်ခရိုစကုပ်အောက်မှာယှဉ်ကြည့်တာတောင်အလွန်ဆင်တူတာကြောင့် သုတေသီများဟာသူတို့နှစ်ဦးရဲ့လက်ဗွေတွေကိုခွဲခြားနိုင်ဖို့ ပြဿနာတွေရှိနေခဲ့ပါတယ်။

Leave a Comment