ကျွန်တော်တို့တစ်ခါမှမကြားဖူးသေးတဲ့ကမ္ဘာပေါ်ကထူးထူးခြားခြားအကြောင်းရာများ

ကမ္ဘာကြီးပေါ်မှာကျွန်တော်တို့မသိရှိနိုင်တဲ့အချက်အလက်တွေများစွာကျန်ရှိနေတယ်ဆိုတာကတော့ငြင်းလို့မရတဲ့အချက်ဘဲဖြစ်ပါတယ်။ယနေ့ဆောင်းပါးထဲမှာတော့သင်တို့အနေနဲ့လုံးဝကြားဖူးမှာမဟုတ်တဲ့ အံ့ဩစရာကောင်းတဲ့အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)ကမ္ဘာ​ပေါ်ရှိဓာတ်ပုံ‌ တွေအားလုံးထဲကမှ၁၀ ရာခိုင်နှုန်းဟာလွန်ခဲ့​သော ၁၂ လခန့်က ရိုက်ယူထား​တဲ့ဓာတ်ပုံများဖြစ်ပါတယ်။

(၂)ဆယ်ရာစုလောက်ကအာရှအလယ်ပိုင်းဒေသရှိနေထိုင်သူအများစုဟာဂျစ်ဂျစ်ခန်းရဲ့မျိုးဆက်တွေကနေဆင်းသက်လာကြတာဖြစ်ပါတယ်။

(၃)သြစ​​​တြေးလျနိုင်ငံရဲ့ရွာအချို့မှာသူခိုးတွေရဲ့ရန်ကနေကာကွယ်နိုင်ဖို့Fucking ဆိုတဲ့ဆိုင်းဘုတ်တွေကိုဘိလပ်မြေနဲ့လုပ်ကာစိုက်ထူထားပါတယ်။

(၄)လေယာဉ်ပျက်ကျခြင်းကြောင့်သေဆုံးတာဟာ pumaတစ်ကောင်ရဲ့ကုတ်ဖဲ့ကာကိုက်သတ်ခံရခြင်းထက်သုံးဆလောက်သေ
ဆုံးနိုင်ခြေပိုများပါတယ်။

(၅)အကယ်၍သင်ဟာတစ်နှစ်ကိုဒေါ်လာ ၁၈၀၀၀ ကျော် ၀င်ငွေရနေမယ်ဆိုပါကသင်ဟာကမ္ဘာပေါ်ရှိချမ်းသာသောလူစာရင်းရဲ့ ၄ရာခိုင်နှုန်းမှာပါဝင်ပါတယ်။

(၆)မိုနာလီဆာပန်းချီကားကို၁၉၁၁ခုနှစ်ကLouvre တွင်ခိုးယူခံရသည့်အချိန်က Pabalo Picasso ဟာသူခိုးအဖြစ်သံသယရှိတဲ့လူစာရင်းမှာပါဝင်ခဲ့ပါတယ်။( Pabalo Picasso ဟာပြင်သစ်နိုင်ငံရဲ့ပန်းချီအကျော်အမော်တစ်ဦးလည်းဖြစ်ပါတယ်။)

(၇)သင်ရဲ့မွေးနေ့မှာသေဖို့အခွင့်အလမ်းဟာအခြားနေ့များထက် ၁၄% ပိုမိုမြင့်မားနေကြောင်းလေ့လာတွေ့ရှိထားကြပါတယ်။

(၈)ဆရာဝန်များရဲ့ဖတ်ရန်မလွယ်ကူတဲ့အရေးအသားတွေကြောင့်အမေရိကန်မှာလူဦးရေ၇၀၀၀ခန့်သေဆုံးနေကာ လူ၁.၅သန်းလောက်ကတော့ကျန်းမာရေးအခြေအနေဆိုရွားစွာရင်ဆိုင်နေကြရပါတယ်။

(၉)စိန်အများစုဟာအနည်းဆုံး သက်တမ်း ၃ဘီလီယံခန့်ရှိနေပြီဖြစ်ပါတယ်။

(၁၀)ဥရောပက ဆယ်နှစ်၀န်းကျင်ကလေးများဟာ IKEAတံဆိပ်အိပ်ယာကို သဘောကျလိုချင်နေကြပါတယ်။

(၁၁)အစပိုင်းတွင်ဘိန်းဖြူကိုချောင်းဆိုးခြင်းအတွက်ကုထုံးအဖြစ်အသုံးပြုနိုင်ကြောင်းကြော်ငြာခဲ့ပါသေးတယ်။

(၁၂)နတ်ပကျွန်းဂြိုလ်တွင်နွေရာသီသည်အနှစ် ၄၀ ကြာမြင့်ပြီးအပူချိန် -328 ° F (-200c) ရှိပါတယ်

(၁၃)Beyoncé knowles သည် တေးရေးဆရာ Gustav Mahlerကို ၄ကြိမ်တိုင် ငြင်းခဲ့သော ၈ယောက်မြောက်၀မ်းကွဲမောင်နှမဖြစ်ပါတယ်။

(၁၄)ကမ္ဘာပေါ်ကဘာသာစကားတွေထဲက ဒေသိယစကားတစ်ခုစီဟာ ၁၄ရက်ကြာတစ်ခါပျောက်ကွယ်နေပါတယ်။

(၁၅)စိတ်ပညာရှင်များသည်ပင်ကိုစရိုက်၏အဓိပ္ပါယ်နှင့် ပတ်သက်၍ ငြင်းခုံနေကြဆဲဖြစ်ပါတယ်။

(၁၆)Gerbilsဆိုတဲ့သတ္တဝါဟာ adrenaline ကိုအာရုံခံနိုင်တာကြောင့် အကြမ်းဖက်သမားတွေကိုဖော်ထုတ်နိုင်ဖို့ လေဆိပ်လုံခြုံရေးမှာနေရာချထားပါတယ်။

(၁၇)အကယ်၍သင်ဟာ ကမ္ဘာမြေကြီးကို တည့်တည့်တူးပြီး အပေါက်ထဲသို့ခုန်ချလျှင် ၄၂မိနစ်နှင့် ၁၂စက္ကန့်အကြာတွင် တစ်ခြားတစ်ဖက်သို့ထွက်ကာအာကသထဲလွင့်သွားမှာပါ။

(၁၈)ဥရောပတစ်ခွင်လုံးထက်တနင်္ဂနွေနေ့မှာ ခရစ်ယန်ဘုရားကျောင်းသွားတဲ့လူဦးရေကတရုတ်နိုင်ငံမှာပိုများပါတယ်။

(၁၉)လ‌ပေါ်ရှိဖုန်မှုန့်တွေ ရဲ့ အနံတွေဟာ ယမ်းမှုန့်အနံလိုဖြစ်နေပါတယ်။

(၂၀)ပျှမ်းမျှအားဖြင့် လူအများစုမှာ သူတို့ရဲ့သူငယ်ချင်းတွေထက် သူငယ်ချင်းနည်းတတ်ကြပါတယ်။အဲ့တာကိုတော့ သူငယ်ချင်းဆက်နွယ်မှု “friendship paradox”လို့ခေါ်ပါတယ်။

Leave a Comment