ကမ်းခြေမှာ လည်ပတ်အပန်းဖြေရခြင်းကို လူတိုင်းနှစ်သက်ကြပါတယ်။သဲသောင်ပြင်ပေါ်လမ်းလျောက်ရတာတွေ ၊ ရေလှိုင်းရဲ့ သာယာငြိမ့်ညောင်းသောအသံ နှင့် နေရောင်အပူနွေးနွေးလေးတို့က ဘယ်အရာနဲ့မှ မတူညီပါဘူး။သိုပေမယ့်ပင်လယ်ဟာအံ့ဩဖွယ်ရာများနှင့်ပြည့်နှက်နေတတ်ပါတယ်။ယခုဆောင်းပါးမှာတော့ကမ်းခြေကိုမျောပါလာကာသောင်တင်နေတဲ့ထူးဆန်းတဲ့အရာအချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)Snowballs

၂၀၁၆ခုနှစ်နို၀င်ဘာလတွင်ဆိုက်ဘေးရီးယားရှိကမ်းခြေတစ်ခု၌ထောင်ပေါင်းများစွာသော snowballs များပေါ်လာခဲ့ပါတယ်။Snowballsများသည် လေနှင့်အေးခဲသောရာသီဥတုကြောင့် အာတိတ်စက်ဝိုင်းရှိရုရှားကမ်းရိုးတန်း ၁၁ မိုင်အကွာတွင် ပေါ်လာခဲ့ပါတယ်။ထိုအရာဟာအမှတ်မထင်တွေ့ရှိခဲ့သောအရာပြီးပထမဆုံးအကြိမ်မြင်ဖူးသောအရာလည်းဖြစ်ပါတယ်။
(၂)Sea Glass Creatures

Jellyfish နှင့်တူသောဤအပြာရောင်ဖန်သားကဲ့သို့ ပင်လယ်သတ္တဝါများသည် U.S ကိုဖြတ်၍လေးပတ်မှခြောက်ပတ်လျှင်တစ်ကြိမ်ကမ်းခြေ၌ပေါ်လေ့ရှိပါတယ်။၎င်းသတ္တဝါများသည် ပြားသောသဏ္ဌာန်ရှိပြီး ရေပေါ်မျောနေကာ တြိဂံပုံရွက်လွှင့်၍ လေကိုပင်လယ်မှတစ်ဆင့်လမ်းပြပေးပါတယ်။
(၃)Scary Fish

များသောအားဖြင့် ပင်လယ်သတ္တဝါများသည် မရေမတွက်နိုင်လောက်အောင် ကမ်းခြေများပေါ်သို့မျောပါသွားကြပါတယ်။သို့သော်ယခုတစ်ကြိမ်တွင်သင်ထွက်ပြေးချင် လောက်အောင်အလွန်ကြောက်စရာ ကောင်းသည့်ငါးတစ်ကောင်သည် Mooloolaba သဲသောင်ပြင်ပေါ်သို့မျောပါလာခဲ့ပါတယ်။ပင်လယ်၏အနက်ရှိုင်းဆုံးနေရာများတွင်နေထိုင်သော ဤကြောက်မက်ဖွယ်သတ္တဝါသည် ချွန်ထက်သောသွားများနှင့်ထူးခြား သောအစိတ်အပိုင်းများပါရှိသည့်ရှားပါးမျိုးစိတ်
တစ်ခုလဲဖြစ်ပါတယ်။ထို့အကြောင်းအရာများကြောင့်
“Hell Fish” ဟုလည်း ခေါ်ဝေါ်ခဲ့ကြပါတယ်။
(၄)Jellyfish

ထိုအရာများကတော့တစ်ချိန်တည်းမှာကံဆိုးခြင်းနှင့်လှပခြင်းနှစ်ခုလုံးဖြစ်ပေါ်နေသလိုပါပဲ။ ပုံမှန်အားဖြင့်သမုဒ္ဒရာထဲမှာနေထိုင်ကြတဲ့ Velella လို့ခေါ်တဲ့သန်းထောင်နဲ့ချီ သောအပြာရောင်Jellyfishများဟာအမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်းခြေတစ်လျှောက်တွင်ပြန့်ကျဲနေတာကိုတွေ့ရှိခဲ့ပါတယ်။သူတို့သည်ကယ်လီဖိုးနီးယားကမ်းခြေတွင်
မပေါ်ထွက်ခင်က Oregon နှင့် Washington ပြည်နယ်ကမ်းခြေများပေါ်တွင်စတင်ပေါ်ထွက်ခဲ့ပါတယ်။ထိုသတ္တဝါများသည်များသောအားဖြင့်သမုဒ္ဒရာ၏မျက်နှာပြင်ပေါ်တွင်ရှိနေပြီးလေနှင့်ရေစီးကြောင်းများကိုအလိုက် နေထိုင်ကြပါတယ်။ကံမကောင်းစွာနဲ့ပဲ ကမ်းခြေများပေါ်တွင်သောင်တင်နေခဲ့ရတာပါ။
(၅)Massive Driftwood

ကြီးမားသောထိုသစ်ပင်စည်ကြီးသည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရှိ La Push သဲသောင်ပြင်ပေါ်မျောပါလာခဲ့ပါတယ်။အချင်း ၅ ပေမှ ၁၀ ပေနှင့် အမြင့်ပေ ၁၀၀ အထက်ရှိသော အရွယ်အစားကြောင့် ထိုပင်စည်ကြီးကို
drift logဟုလည်းခေါ်ထွင်စေခဲ့ပါတယ်။ထိုကြီးမားသောအရာများပေါ်လာရခြင်းသည် အားကြီးသောလေ (သို့)ပြင်းထန်သောလေပြင်းမုန်တိုင်းများကြောင့် ဖြစ်နိုင်ပါတယ်။