ကမ္ဘာပေါ်က အကြီးမားဆုံးဆောက်လုပ်ရေးစီမံကိန်း တွေကို သင်အနေနဲ့ မြင်တွေ့ရတဲ့အခါမှာသင့်ရဲ့စိတ်ကဘယ်လိုခံစားချက်မျိုးတွေဖြစ်လာနိုင်ပါသလဲ?။ လေဆိပ်တွေ၊မြေအောက်ရထားလမ်းတွေနဲ့ တံတားတွေကိုဆောက်လုပ်တဲ့ စီမံကိန်းကြီးတွေဟာ အလွန်ကိုရှုပ်ထွေးကိုပြီး အရမ်းကိုလည်းခက်ခဲတဲ့စီမံကိန်းတွေဖြစ်ပါတယ်။ထိုစီမံကိန်းတွထဲကမှကမ္ဘ့ာအကြီးဆုံးဆောက်လုပ်ရေးစီမံကိန်းအချို့ကိုလည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)ဒူဘိုင်းရှိ အာလ်မက်တူး အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဘယ်လေဆိပ်မဆို ဒူဘိုင်းက အာလ်မက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ အကျယ်အ၀န်းကို ယှဉ်နိုင်လိမ့်မှာမဟုတ်ပါဘူး။ ၂၁စတုရန်းမိုင် အကျယ်အဝန်းနဲ့ဆောက်လုပ်ထားပြီး လေယာဉ်ကွင်းဟာ တစ်ချိန်တည်းမှာပဲ လေယာဉ်အစီး ၂၀၀ လုံးအသုံးပြုလို့ရအောင် ဒီဇိုင်းဆွဲထားပါတယ်။ လေဆိပ်ရဲ့ ဒုတိယအကြိမ် တိုးချဲ့ဆောက်လုပ်မှုမှာတော့ ခန့်မှန်းချေ အားဖြင့်ဒေါ်လာ၃၂ဘီလီယံကျော်ကုန်ကျခဲ့ပါတယ်။မူလအစကတော့ ထိုတိုးချဲ့တည်ဆောက်မှုကို ၂၀၁၈တွင် ပြီးစီးရန် မျှော်မှန်းထားသော်လည်း ယခုအခါမှာတော့သတ်မှတ်ထားသောရက်ထက် နောက်ကျနေပြီဖြစ်ပါတယ်။
(၂)ဆော်ဒီအာရေးဘီးယားကJubail II စက်မှုမြို့တော်
Jubail II သည် ၂၂ နှစ်ကြာဒီဇိုင်းဆွဲထားတဲ့စက်မှုမြို့ပြစီမံကိန်းဖြစ်ပြီး နောက်ထပ်ဘတ်ဂျက် ဒေါ်လာ ၁၁ ဘီလီယံအသုံးပြုကာ တိုးချဲ့သော စီမံကိန်းကိုတော့ ၂၀၀၄ခုနစ်ကစတင်ခဲ့ပါတယ်။ ဆောက်လုပ်ပြီးစီးသွားပါက အနည်းဆုံးစက်ရုံ ၁၀၀ခန့် ထိုနေရာမှာလုပ်ငန်းလည်ပတ်လုပ်ကိုင်မှာဖြစ်ပါတယ်။ ၈ သောင်းကုဗမီတာ ရှည်သော desalination plantတွေ၊မိုင်များစွာရှည်တဲ့ရထားလမ်းများ ၊ ကားလမ်းများ၊အဝေးပြေးလမ်းမများ နှင့် တစ်နေ့လျှင် အနည်းဆုံး စည်၃သောင်းခွဲ ထုတ်လုပ်နိုင်သည့် ရေနံချက်စက်ရုံများလည်း တည်ရှိလာမှာဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံးကိုတော့ ၂၀၂၄တွင် အပြီးစီးပြုလုပ်ရန် စီစဉ်ထားပါတယ်။
(၃)ဒူဘိုင်း မှာရှိတဲ့ Dubailand
Walt Disney World သုံးခုဟာ ရူပ်ထွေးတဲ့ Dubailandအတွင်းတည်ရှိနေပါတယ်။ ၂၇၈ စတုရန်းကီလိုမီတာကျယ်တဲ့ထိုနေရာမှာတော့ ဒေါ်လာ ၆၄ ဘီလီယံတန်ဖိုးရှိသောနေရာ ခြောက်ခုပါဝင်ပါတယ်။ထိုနေရာတွေကတော့ theme park၊ အားကစားရုံများ၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းထားတဲ့လည်ပတ်စရာနေရာတွေ၊ ကျန်းမာရေးအဆောက်အအုံများ ၊ စိတ်၀င်စားစရာကောင်းသော သိပ္ပံ ပြတိုက်များ နှင့် ဟိုတယ်များ ပါဝင်ပါတယ်။ အခန်း ၆၀၀၀ ပါသော ကမ္ဘာ့အကြီးဆုံး ဟိုတယ်များ နှင့် ၁၀မီလီယံ စတုရန်း ပေကျယ်တဲ့ကုန်တိုက်များလည်းရှိပါတယ်။ဒီစီမံကိန်းကြီးကို တော့၂၀၂၅ခုနစ်တွင် အပြီးသတ်နိုင်ရန်စီစဉ်ထားပါတယ်။
(၄)အာကာသထဲရှိ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း
အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ဟာ ၉၂ မိနစ်ကြာတစ်ခါကမ္ဘာကိုလည်ပတ်နေလေ့ရှိပါတယ်။ နိုင်ငံပေါင်း၁၅နိုင်ငံနှင့် အာကာသအေဂျင်စီ ၅ခုတို့က စုပေါင်းတည်ထောင်ထားပြီး လက်ရှိ မှာတော့ဒေါ်လာ ၆၀ ဘီလီယံ ကျော် ဆောက်လုပ်ရေးကုန်ကျစရိတ် ရှိပါတယ်။ အာကာသ စခန်းရဲ့အပြီးသတ်ကုန်ကျစရိတ် နှင့် နောက်ထပ်ချဲ့ထွင်မှု အတွက် စုစုပေါင်း ဒေါ်လာ ၁ထရီလီယံ ကျော်ကုန်ကျနိုင်ကြောင်းခန့်မှန်းထားပါတယ်။ ထိုစခန်းကြီးဟာနောင်တစ်ချိန်မှာ ကမ္ဘာအပြင်၌နေထိုင်နိုင်မယ့် နေရာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။
(၅)တရုတ်က တောင်-မြောက်ရေလွဲပြောင်းစီမံကိန်း
တရုတ်နိုင်ငံမြောက်ဘက်ပိုင်းဟာ တရုတ်နိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးနေထိုင်ကြပေမယ့် နိုင်ငံရဲ့ ရေအရင်းအမြစ်ကတော့၂၀ရာခိုင်နှုန်းသာရှိပါတယ်။ထို မညီမျှမှုကို ဖြေရှင်းနိုင်ဖို့ ကိုတော့ တူးမြောင်းကြီးသုံးခုကိုဆောက်လုပ်နိုင်ရန်အတွက် တရုတ်အစိုးရက ရန်ပုံငွေချပေးခဲ့ပါတယ်။ တူးမြောင်းတစ်ခုခြင်းစီဟာ မိုင်၆၀၀ကျော် ရှည်လျားပြီး မြောက်ဘက်ပိုင်းကို တရုတ်နိုင်ငံရဲ့ အကြီးဆုံးမားဆုံးမြစ်သုံးစင်းကနေသယ်ယူပို့ဆောင်သွားမှာဖြစ်ပါတယ်။ ထိုစီမံကိန်းကြီးကိုတော့၄၈နှစ်ကြာအစီစဉ်ချကာတည်ဆောက်သွားမှာဖြစ်ပြီး တည်ဆောက်ပြီးစီးသွားပါက နှစ်စဉ်ရေ ၄၄.၈ ဘီလီယံ ကုဗမီတာထောက်ပံ့သွားနိုင်မှာလည်းဖြစ်ပါတယ်။