ကမ္ဘာပေါ်ရှိ အထူးဆန်းဆုံးသောပြိုင်ပွဲများ
ပြိုင်ဆိုင်မှုတိုင်း ပြိုင်ပွဲတိုင်းဟာ ခက်ခဲတဲ့ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။သို့သော် တစ်ချို့ ပြိုင်ပွဲများဟာ ပြိုင်ပွဲ ခေါင်းစဉ်ကိုယ်တိုင်က အဓိပ္ပာယ်မရှိ ဟာသဆန်နေပြီး ထင်ရှားတဲ့ ပြိုင်ပွဲများလည်းရှိပါတယ်။ ယနေ့တွင် ကမ္ဘာအရပ်ရပ်မှာ အရူးဆန်ဆန်ပြိုင်ပွဲများအကြောင်းနှင့် ၎င်းတို့တွင် ဖြစ်ပျက်သော အရာများကို ပြောပြပေးလိုက်ပါတယ်။
(၁) ဆူဒန်နိုင်ငံက အ၀ဆုံးလူ ပြိုင်ပွဲ

တစ်နေ့တွင် လူတို့ဟာ “အားကစားသမားနှင့် သွယ်လျသော ခန္ဓာကိုယ် ရှိဆုံးသူ” ဟူသော ပြိုင်ပွဲများ ပြိုင်ဆိုင်လိမ့်မည်ဟုထင်ရသော်လည်း ဗိုက်နှင့် ခန္ဓာကိုယ် အဆီရာခိုင်နှုန်း အများဆုံးရှိသော သူများဟာ အ၀ဆုံး ပြိုင်ပွဲ အဆီအများဆုံးပြိုင်ပွဲကို ကျင်းပခဲ့ကြပါတယ်။ဆူဒန်နိုင်ငံတွင် နှစ်စဉ်ပုံမှန်မဟုတ်တဲ့ပွဲတော်တစ်ခုမှာ အမျိုးသားအများစုက အဝဆုံးဘွဲ့အတွက် တိုက်ပွဲဝင်နေချိန်ပဲဖြစ်ပါတယ်။ကိုယ်အလေးချိန် မြန်မြန်တက်ဖို့အတွက် နွားနို့ပါတဲ့အစားအစာကို စားသုံးကြပြီး အဆီပိုဖြစ်လာသူက အနိုင်ရရှိပါတယ်။
(၂) အမေရိကန်နိုင်ငံမှ ကိုယ့်ဇနီးကို ပခုံးပေါ်တင်ပြီး အတားအဆီးကျော်ဖြတ်ခြင်းပြိုင်ပွဲ

ခုပြိုင်ပွဲက ပိုထူးဆန်းတယ် မဟုတ်လား? အဓိကအချက်ကတော့ သင့်ချစ်သူကို ပခုံးပေါ်တင်ပြီး အတားအဆီးလမ်းကြောင်းကို ဖြတ်ကျော်ဖို့ပါပဲ။ပြိုင်ပွဲတွင် လုပ်ဆောင်ရသည်များမှာ ခုန်ခြင်း ၊ ရွံဗွက်ထဲတွင် တွားသွားခြင်း နှင့် ရေကူးခြင်း တို့ပါ၀င်ပါတယ်။ပြိုင်ပွဲတွင် အနိုင်ရရှိပြီး အောင်နိုင်သူဟာ မိမိအိမ်ထောင်ဖက်ကို ဘယ်တော့မှ လက်မလျှော့ဘဲ အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သူဖြစ်သည်ဟု ပြောကြပါတယ်။
(၃) Sauna (အပူဒဏ်ခံ)ပြိုင်ပွဲ၊ ဖင်လန်

ယှဉ်ပြိုင်သူများဟာ ချွေးပေါင်းခန်းထဲသို့ ၀င်ပြီးနောက် အပူချိန်မြင့်တက်မှုကို ခံနိုင်ရည်ရှိရမှာပဲဖြစ်ပါတယ်။အမြင့်ဆုံးအပူချိန်မှာ ၁၁၀ ဒီဂရီစင်တီဂရိတ်ထိ ဖြစ်ပါတယ်။အရေးကြီးသောအချက်မှာ ပါဝင်ယှဥ်ပြိုင် သူသည် မတ်မတ်ထိုင်နေရ မည်ဖြစ်ပြီး လဲလျောင်းခြင်း ထိုင်ပြီး ကွေးညွှတ်၍မရပါ။၎င်းတို့ကို ပြုလုပ်မိပါက ပြိုင်ပွဲ၏ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ယူဆပါတယ်။
(၄) တရုတ်နိုင်ငံရှိ ပျားများကို ဆွဲဆောင်ခြင်းပြိုင်ပွဲ

အနည်းငယ်တော့ ကြောက်စရာကောင်းပါတယ်။ ပျားမွေးမြူတဲ့သူများဟာ သူတို့မွေးထားတဲ့ပျားတွေကို သူတို့စီ အများဆုံးလာစေဖို့ဖြစ်ပါတယ်။ပြိုင်ပွဲဝင်များဟာ သေးငယ်သော ပလက်ဖောင်းပေါ်တွင် ရပ်နေကြပြီးနောက် ပျားအုံများမှ ပျားများကိုလွတ်လိုက်ပါတယ်။ထို့နောက် ပါဝင်သူများဟာ ပျားများကို တတ်နိုင်သမျှ များများဆွဲဆောင်ခေါ်ယူပြီး ၎င်းတို့တစ်ကိုယ်လုံးတွင် ကပ်နေစေရန် “ဝတ်စုံ” တစ်မျိုးကို ဖန်တီးထားကာ ၀တ်ဆင်ထားကြပါတယ်။ဂင်းနစ်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတစ်ခု၀င်ခဲ့ခြင်း ရှိပါတယ် ။ ၎င်းမှာ ပြိုင်ပွဲတစ်ခုတွင် ပါဝင်သူတစ်ဦးဟယအလေးချိန် ၄၀ ကီလိုဂရမ်ခန့်ရှိသော ပျားများကို ခံနိုင်ရည်ရှိခဲ့ပါတယ်။
(၅) ဖင်လန်နိုင်ငံက မိုဘိုင်းလ်ဖုန်း ပစ်ပေါက်ပြိုင်ပွဲ

သင်က ဒေါသ တကြီးနဲ့ သင်ဖုန်း သို့မဟုတ် တခြားတစ်ခုခုကို တယောက်ယောက်သိုမဟုတ် တစ်ခုခုဆီသို့ ပစ်ချဖူးပါသလား။ ဤပြိုင်ပွဲတွင်လည်း အရသာ တူတူနီးပါးပင်ဖြစ်ပါတယ် ။ ပါ၀င်သူများဟာ ဖုန်းအဟောင်းများနှင့် အလုပ်မလုပ်တော့တဲ့ ဖုန်းများကို ယူလာပြီး ၎င်းတို့ကို လွင့်ပစ်ကြပါတယ်။