ကမ္ဘာကြီးဟာ အံဩစရာကောင်းလောက်အောင် အလွန်လှပပါတယ်။ ရှူခင်းများဟာ အရောင်နဲ့ ပုံသဏ္ဍာန်တို့ ပေါင်းစပ်လိုက်တဲ့အခါမှာ အံဩဖွယ် မြင်ကွင်းမျိူးကို တွေ့ရှိရတာပဲဖြစ်ပါတယ်။
(၁)Portugal နိုင်ငံက odeleiteမြစ်
Odeleite မြစ်သည်ပေါ်တူဂီကို ဖြတ်ပြီး Serra de Caldeirao တောင်တန်းများမှစီးဆင်းပါတယ်။ ထိုမြစ်ဟာ နဂါးပုံသဏ္ဍာန်နှင့်တူနေသောကြောင့် Blue Dragonဟုတင်စားခေါ်ဝေါ်ကြပါတယ်။
(၂)တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသGaungxi Zhuangရှိ၊ Li မြစ်
လီမြစ်သည် သဘာ၀လေကောင်းလေသန့်များစီးဆင်းနေသော ရှူခင်းများ ဖြင့်ကျော်ကြားရုံသာမက Lijiangမြို့နှင့်ပါဆက်သွယ်နေသောကြောင့် လီမြစ်တွင်ငါးဖမ်းလုပ်ငန်းများလည်းလုပ်ကိုင်ကြပါတယ်။
(၃)Colombiaနိုင်ငံSerrania de la Macarenaတောင်တန်းရှိ Caño Cristalesမြစ်
မြစ်သည်နေေရာင်၏လွမ်းမိုးမှုကြောင့် ရေညိုရေမော်များမှာ ထူးခြားတဲ့အရောင်များလှပစွာထွက်ပေါ်နေပါတယ်။ မြစ်ဟာ ဇွန်လနှင့် နို၀င်ဘာလအတွင်းပိုမိုလှပပါတယ်။
(၄)USAက The Alatnaမြစ်
ဒီမြစ်ဟာ အမေရိကန်ပြည်ထောင်စုတွင် အလှဆုံးမြစ်တစ်ခုဖြစ်ပါတယ်။ Alatnaမြစ်ဟာ Alaskaတွင်ရှိသော Brook Rangeတောင်တန်းများ ကြားတွင် တည်ရှိပါတယ်။
(၅)အီတလီနိုင်ငံ Sloveniaမြို့ရှိ The Sočaမြစ်
Socaမြစ်ဟာ သူရဲ့အရောင်များကြောင့် Emerald Beautyဟုနာမည်ရှိခဲ့ပါတယ်။ သူ့ရဲ့ လှပသော ရေစီးမှုကြောင့် လာရောက်လည်ပတ်သူများကို ဆွဲဆောင်ထားနိုင်ပါတယ်။
(၆)အာဖရိကရှိ The Zambezi မြစ်
နှစ်စဉ် လူနှစ်သန်းကျော်လောက်ဟာ ရေတံခွန်က ရှူမောဖွယ်ရှူခင်းကို ကြည့်ရန် Zambeziမြစ်သို့လာရောက်လည်ပတ်ကြပါတယ်။ Zambeziဟာ ကမ္ဘာ့အကြီးဆုံး ရေတံခွန်တစ်ခုလည်းဖြစ်ပါတယ်။
(၇)တရုတ်နိုင်ငံရှိThe Yangtzeမြစ်
Yangtzeမြစ်ဟာ တရုတ်နိုင်ငံတွင်သာမက အာရှတစ်ဝှမ်းရှိ အရှည်လျားဆုံးမြစ်ဖြစ်ပါတယ်။Yangtzeမြစ်ဟာ ကမ္ဘာ့ တတိယ အရှည်ဆုံး မြစ်လည်းဖြစ်ပါတယ်။
(၈)အမေရိကန်နိုင်ငံ Dakotaမြောက်ပိုင်းရှိ The ‘Heart’ မြစ်
The Heartမြစ်ဟာ အမေရိကန်တွင်Dakotaမြောက်ပိုင်း ရှိ အရှည်ဆုံးမြစ် ဖြစ်သော Missouriမြစ်နှင့်ဆက်နွယ်လျက်ရှိပါတယ်။ဒီမြစ်ကို the Heart မြစ်ဟု ဘာကြောင့်ခေါ်သလဲဆိုတာပုံမှာကြည့်ကြည့်နိုင်ပါတယ်။
(၉)အမေရိကန်နိုင်ငံက မြင်းခွာပုံစံရှိသည့် Coloradoမြစ်
‘Horseshoe Bend’သည် ကမ္ဘာပေါ်တွင် ထင်ရှားသော သဘာ၀အလှ ဆွဲဆောင်သော မြစ်တစ်ခုဖြစ်ပါတယ်။Coloradoမြစ်ဟာ ကွေ့ဝိုက်ဝိုင်းပတ်ပြီး အတွင်းဧရိယာတွင် ရှိသောကျောက်တုံးကြီးကို မြစ်က၀န်းရံထားပါတယ်။
(၁၀)အမေရိကတောင်ပိုင်းရှိ Amazonမိုးသစ်တော
အမေဇုံသည်အကြီးဆုံး မြစ်ပြင်ကျယ်တည်ရှိရုံသာမက ကမ္ဘာပေါ်ကအလှပဆုံးမြစ်ဝှမ်းကြီးတစ်ခုလည်းဖြစ်ပါတယ်။
(၁၁)Russiaနိုင်ငံ ရှိ Lenaမြစ်
Lenaမြစ်ဟာ ဆီဘရီးယားအရှေ့မြောက်ဘက်တွင်ရှိေသာအကြီးဆုံး မြစ်ဖြစ်ပါတယ်။Lena မြစ်ဘေးက သဘာ၀ကျောက်ဆောင်များဟာ ထူးဆန်းေသာပထဝီအနေထားနဲ့တည် ရှိ နေပါတယ်။
(၁၂)အမေရိကန်နိုင်ငံရှိ The Hudsonမြစ်
Hudsonမြစ်သည် New Yorkမြို့ကို ဖြတ်သန်းစီးဆင်းသောမြစ်ဖြစ်ပါတယ်။ ၁၆၉၀တွင် မြစ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Henry Hudsonရဲ့နာမည်ဖြင့် မြစ်ကို နာမည်ပေးထားပါတယ်။