အပြည်ပြည်ဆိုင်ရာ ပြတိုက်ကောင်စီရဲ့အဆိုအရ နိုင်ငံပေါင်း ၂၀၂ ၌ ပြတိုက်ပေါင်း ၅၅၀၀၀ ရှိတယ်လို့သိရပါတယ်။ သူတို့ထဲက တော်တော်များများဟာ ကမ္ဘာပေါ်တွင် ဘယ်နေရာမှာမှ မမြင်ရနိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပြီး နှစ်ပေါင်း ၃၅၀၀ သက်တမ်းအကြာ ထိန်းသိမ်းထားခဲ့တဲ့ အမဲသား၊လွန်ခဲ့တဲ့ နှစ် ၇၀၀ လောက်က Nogorvod မှာနေထိုင်တဲ့ ၇ နှစ်အရွှယ်ကောင်လေးရဲ့ပုံ ပန်းချီတွေ အစရှိတဲ့အရာတွေဘဲ ဖြစ်ပါတယ်။ ဒီပြတိုက်တွေထဲမှာ နှစ်ပေါင်း၂၀၀၀ ရှိပြီဖြစ်တဲ့ ရောမ အုတ်မြစ်တွေတောင်တွေ့ရနိုင်ပါတယ်။
(၁)ဒီအရုပ်ဟာ ရောင်စုံဆင်စွယ်နဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်းရောမရုပ်ဖြစ်ပါတယ်။ အဲ့ဒီအရုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀လောက်က sarcophagueတွင်အသက်ရှင်နေထိုင်ခဲ့တဲ့ ၈နှစ်အရွှယ် ကလေးတစ်ယောက်က တွေ့ရှိထားတာဖြစ်ပါတယ်။
(၂)လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀နှင့် ၁၄၀၀အတွင်းက ခေါင်းစွပ်ပါတဲ့ ကလေးတစ်ယောက်ရဲ့ အင်္ကျီ။
(၃)ကာဗွန်နိုက် ဓာတ်ကြောင့် ယခုချိနခထိ တစ်စိတ်တစ်ပိုင်း ကို ထိန်းသိမ်းထားနိုင်သောပေါင်မုန့်တစ်လုံးဖြစ်ပါတယ်။ဒီ ပေါင်မုန့် ဟာ နှစ်ပေါင်း ၁၉၄၀ကျော်ရှိပြီဖြစ်ပါတယ်။
(၄)၁၇နှစ်ရာစုက ပလိပ်ကပ်ရောဂါကု ဆရာ၀န်တစ်ယောက် အသုံးပြုခဲ့ မျက်နှာဖုံး။
(၅)ဒီအရာကတော့ နှစ်ပေါင်း၃၅၀၀သက်တမ်းရှိပြီဖြစ်တဲ့ အမဲသားတုံးဘဲဖြစ်ပါတယ်။
(၆)နောက်ထပ်နှစ်ပေါင်း ၃၅၀၀ရှိတဲ့အစာ ခွက်တစ်ခုဖြစ်ပြီးအထဲမှာတော့ မူလပုံစံအတိုင်းပုံမပျက်ဘဲရှိနေတဲ့ဘဲသားပါဝင်ပါတယ်။
(၇)၁၇ရာစုက သံနဲ့ပြုလုပ်ထားတဲ့ လက်အတု ။
(၈)၁၅၈၄ ခုနစ်က Pantanazzi မိသားစု၏ အလုပ်ရုံတခုတွင် ပြုလုပ်ခဲ့သော Apollo နဲ့ Muses ရုပ်ပုံများပါ တ ဲ့inkstandတခုဖြစ်ပါတယ်။
(၉)ခန့်မှန်းချေ နှစ်ပေါင်း၃၅၀၀ခန့်ရှိပြီဖြစ်တဲ့ သေးငယ်တဲ့ပိတ်စတစ်ခု ။
(၁၀)လွန်ခဲ့သောနှစ်ပေါင်း၃၄၀၀နဲ့၃၅၀၀အတွင်းက လှေပုံစံ စောင်း တခု။
(၁၁)၁၆၀၀ ပြည့်နှစ်တွင်အီတလီ၌ပြုလုပ်ခဲ့သော ဖာဒီနန် ၂ ရောမဧကရာဇ်ဘုရင်၏သံချပ်ကာ။
(၁၂)နှစ်ပေါင်း ၇၀၀သက်တမ်း ရှိပြီဖြစ်သော Onfim အမည်ရှိ ၇ နနှစ်အရွယ် ကေကောင်လေးရေးဆွဲထားသည့်အရုပ်ပုံ။
(၁၃)ပုပ်ရဟန်းမင်းကြီးကလီးမင့်(၁၁)၏ရထားကိုခေတ်မီဆန်းပြားတဲ့ဒီဇိုင်းပုံစံဖြင့်ပြုခဲ့ပုံ(ပုပ်ရဟန်းမင်းကြီးကာလ ၁၇၀၀ မှ ၁၇၂၁ အထိ)။
(၁၄)ဤဗိုက်ကင်းသင်္ဘောကို ၁၉၀၄ ခုနှစ်တွင်နော်ဝေနိုင်ငံ၊ တန်စဘာ့ဂ်အနီးတွင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုသင်္ဘောဟာခန့်မှန်းခြေအားဖြင့်ခရစ်နှစ် ၈၂၀ ခုမှစ်လောက်ကရွက်လွှင့်နေခဲ့ကြောင်းသိရပါတယ်။
(၁၅)နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိပြီဖြစ်သော ရိုမန် မိတ်ကပ် ဖောင်ဒေးရှင်း။
(၁၆)Mainzသဘာဝသမိုင်းဝင်ပြတိုက်မှာရှိသော ဒီနိုသရီရမ် အမည်ရှိ ဆင်တစ်ကောင်၏ ဦးခေါင်းပုံ။
(၁၇)ရိုမန် တံဆိပ်ရေမွှေးနှင့် အကန့် ၂ ကန့်ပါဝင်သောမိတ်ကပ်။
(၁၈)ခန့်မှန်းခြေအားဖြင့်နှစ်ပေါင်း 2000 ရှိပြီဖြစ်သော မရှိမဖြစ်လိုအပ်သောအဆီများသိုလှောင်သည့်ဖန်ခွက်အိုး။
(၁၉)ဘီစီ ၂၆၀၀ မှ ၂၃၅၀ ဝန်းကျင်း၌ပြုလုပ်ခဲ့သော ရေစင်။
(၂၀)စကော့တလန်၌တွေရှိခဲ့သော ထူးဆန်းသည့်ကျောက်တုန်းများ။
(၂၁)စားပွဲတင်ရေပန်း(၁၇၂၇-၁၇၂၂ ခန့်)
(၂၂) အေဒီ ၅၀၀ မှအေဒီ ၁၀၀၀ အတွင်းမက္ကဆီကိုတောင်ပိုင်း Oaxaca မှာပြုလုပ်ခဲ့သောအသုဘဆိုင်ရာပစ္စည်း
(၂၃)ခန့်မှန်းခြေအားဖြင့် ၂၁၀၀ မှ ၂၄၀၀ သက်တမ်းရှိပြီဖြစ်သော ရှေးဟောင်း အီဂျစ် မမ်မီ ခွေးနှင့် မမ်မီကြောင်