ကမ္ဘာပေါ်မှာတစ်ခုသာရှိတဲ့ ရှေးဟောင်းပြတိုက်အတွင်းမှ ထူးဆန်းတဲ့ပစ္စည်းများ – ဓာတ်ပုံ( ၁၈ )ပုံ

ကမ္ဘာပေါ်က ရှေးဟောင်းပြတိုက်တွေ အားလုံးမှာ ရှေးဟောင်းပစ္စည်း အရေတွက်အားဖြင့် ဘယ်လောက်ထိ ရှိနေလည်းဆိုတာကို ကျွန်တော်တို့ အတိအကျ ရေတွက်ဖို့ မဖြစ်နိုင်ပါဘူး။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Louvre ပြတိုက်တစ်ခုတည်းမှာတင် မတူညီတဲ့ရှေးဟောင်းပစ္စည်းပေါင်း ၃၈၀၀၀၀ ကျော်ကို ခင်းကျင်းပြသထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အချို့ပစ္စည်းတွေဟာ ကမ္ဘာပေါ်မှာတစ်ခုတည်းသာတည်ရှိပြီး ထိုအရာတွေကိုတော့ သင့်တို့အတွက် ယနေ့ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ရှေးခေတ်က လူတွေရဲ့ ဆံပင်အတု ( ၁၅၄၃ -၁၂၉၂ဘီစီ )

(၂) ဝေလငါးရဲ့ကျောရိုးမှာ စိုက်ကာကျန်နေခဲ့တဲ့ megalodon ရဲ့ သွားတစ်ချောင်း

(၃) ၁၈၀၅ခုနှစ် Trafalgar တိုက်ပွဲအတွင်းက Nelson ဦးဆောင်တဲ့ ဗြိတိသျှရေတပ်ကို တိုက်ထုတ်ခဲ့သော စပိန်စစ်သင်္ဘော San Ildefonso ရဲ့အလံ

(၄) မြင်းတစ်ကောင်နဲ့ မြင်းစီးနေသော လူတစ်ဦးရဲ့အရိုးစု

(၅) ရှေးဟောင်းပြတိုက်တစ်ခုမှာ တွေ့ရတဲ့ မြင်းတစ်ပိုင်းလူသားတစ်ပိုင်းရဲ့ အရိုးစု

(၆) ရှေးခေတ်ရောမတွေရဲ့ ခွဲစိတ်ကိရိယာတစ်ခု (ထိုကိရိယာဟာ အရိုး သို့မဟုတ် ကြွက်သားတစ်ရှုးတွေကို ဖြတ်တောက်ဖို့အတွက် ခွဲစိတ်တဲ့ နေရာမှာ သုံးပါတယ်)

(၇) ကျိုးပဲ့သွားသော ရုပ်ထုတွေရဲ့ နှာခေါင်းနဲ့ နားတွေကို စုစည်းဖော်ပြထားပုံ

(၈) ၁၈ ရာစုက ရှေးအကျဆုံး ရေငုပ်ဝတ်စုံ

(၉) ၁၆ရာစုက ဘက်ဆုံသုံး ရှေးဟောင်းကိရိယာတစ်ခု

(၁၀) ခေါက်သိမ်းပြီး သယ်သွားလို့ရတဲ့ ကမ္ဘာမြေပုံ

(၁၁) အီဂျစ်ဘုရင် တူတန်ခမန်ရဲ့ ဖိနပ်

(၁၂) တရုတ်နိုင်ငံ ဟန်မင်းဆက်လက်ထက်က အသုံးပြုခဲ့သော ကြံ့ပုံစံထွင်းထုထားတဲ့ ဝိုင်ထည့်တဲ့စည်တစ်ခု

(၁၃) ကမ္ဘာ့ရှေးအကျဆုံး မိုနိုပိုလီတစ်ခု (၁၉၃၀)

(၁၄) နော်ဝေးနိုင်ငံတောင်ပိုင်း ရေခဲမြစ်ရဲ့ အရည်ပျော်ချိန်မှာ ပေါ်ထွက်လာခဲ့တဲ့ နှစ် ၁၇၀၀ သက်တမ်းရှိ သိုးမွေးအင်္ကျီ

(၁၅) ပင်လယ်ခရုခွံပုံစံ ထွင်းထုထားတဲ့ သံခမောက်တစ်လုံး

(၁၆) ရှေးအကျဆုံးကမ္ဘာလုံးပုံ

(၁၇) လန်ဒန်ရှိသဘာဝသမိုင်းတိုက်မှာ ပြသထားတဲ့ အပြာရောင်ဝေလငါးရဲ့အရိုးစု

(၁၈) နယ်သာလန်နိုင်ငံ သင်္ဘောပျက်တစ်ခုကနေ ပြန်လည်တွေ့ရှိခဲ့တဲ့ ပန်းချီကားဒီဇိုင်းတွေ ပါဝင်တဲ့နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ ပိုးထည်တစ်ခု

၁၉။ ဆင်စွယ်တစ်ချောင်းတည်းနှင့် ပြုလုပ်ထားပြီး ဘောလုံးအကြီးရဲ့အထဲမှာ ‌ရွေ့လျားနိုင်တဲ့ ဘောလုံး ၁၄ လုံးပါဝင်တဲ့ ၁၉ရာစုက တရုတ် Qing မင်းဆက်မှ လက်ရာတစ်ခု

၂၀။ Hexahedral ပုံစံဖန်တီးထားတဲ့ ဆားဗူး ( ၁၅၅၀-၁၅၇၀ ပြင်သစ်နိုင်ငံနိုင်ငံမှ လက်ရာတစ်ခု )

 

Leave a Comment