ကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့ထက် အဆပေါင်းများစွာ ကြီးမားလှတဲ့သတ္တဝါကြီးတွေ အုပ်ချုပ်တဲ့ အချိန်ကာလသမိုင်းကြောင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့်ယနေ့အချိန်မှာလည်း မိခင်သဘာဝကြီးက ဖန်တီးထားတဲ့ ကြီးမားလွန်းလှတဲ့ အရာတွေက ကျွန်တော်တို့ကိုအံ့အားသင့်စေပါတယ်။ ဒီဆောင်းပါးထဲမှာလည်း ထိုကြီးမားလွန်းလှတဲ့အရာ (၁၀) မျိုးအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁) Sequoia သစ်ပင်
Sequoia သစ်ပင်များဟာ ကျွန်တော်တို့ ကမ္ဘာဂြိုလ်ကြီးပေါ်က အကြီးမားဆုံးသော သစ်ပင်လည်းဖြစ်ပါတယ်။ ထိုသစ်ပင်များဟာအမြင့် ၂၇၅ ပေနှင့်အချင်း ၂၆ ပေအထိကြီးထွားကြပါတယ်။
(၂) Amphicoelia
Amphicoelia တွေဟာကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေထိုင်ခဲ့သမျှ သတ္တဝါတွေထဲမှာ အကြီးဆုံးသတ္တဝါလည်းဖြစ်ပါတယ်။ ဒီအပင်စားသတ္တဝါကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၅-၁၆၁ သန်း လောက်က အသက်ရှင်နေထိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့အရှည်ဟာ ၅၈ မီတာအထိရောက်နိုင်ပြီး သူရဲ့ကျောရိုးတစ်ချောင်းဟာ ၂.၅မီတာအထိရှည်ပါတယ်။
(၃) Titanoboa
Titanoboa ဟာစပါးကြီးမြွေနဲ့ ဆက်စပ်မှုရှိပြီး သူ့ရဲ့အရွယ်အစားဟာ အလွန်ကြီးမားလှပါတယ်။ Titanoboa တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၈-၆၁ သန်းတုန်းက အသက်ရှင်နေထိုင်ခဲ့ကြပြီး သူတို့ရဲ့အရှည်ကတော့ ၁၃ မီတာအထိရှိပါတယ်။ ယနေ့ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ အကြီးဆုံးစပါးအုံးမြွေဟာ ၇.၅မီတာအထိသာ ကြီးထွားနိုင်တာကို တွေ့ရပါတယ်။
(၄) ပိန္နဲသီး
ပိန္နဲသီးဟာ ကမ္ဘာပေါ်မှာ အပင်ကနေသီးတဲ့ အသီးများထဲမှာ အကြီးမားဆုံးအသီး တစ်ခုလည်းဖြစ်ပါတယ်။ ပိန္နဲသီး များဟာအရှည် ၉၀ စင်တီမီတာနဲ့အချင်း ၅၀ စင်တီမီတာအထိ ကြီးထွားနိုင်ပါတယ်။
(၅) Argentavis
Argentavis ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅-၈ သန်းလောက်က အသက်ရှင်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာသမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးသော ငှက်တစ်ကောင်လည်းဖြစ်ပါတယ်။ သူတို့ရဲ့အတောင်ပံတွေဟာ ၇ မီတာအထိကို ဖြန့်ကျက်နိုင်ပြီး သူတို့တွေဟာ ကြွက်နဲ့ရှဉ့်တွေကို စားသောက်ခဲ့ကြပါတယ်။
(၆) Paradise ဂူ
Paradise ဂူ ဟာဗီယက်နမ်နိုင်ငံ Phong Nha-Kẻ Bàng အမျိုးသားဥယျာဉ်အတွင်းမှာတည်ရှိပြီး ကမ္ဘာပေါ်ကအကြီးဆုံးနဲ့ အလှဆုံးဂူတစ်ခုလည်းဖြစ်ပါတယ်။ အကြီးဆုံးဂူတွင်းနေရာဟာ အရှည် ၅ ကီလိုမီတာ၊ ၂၀၀ မီတာအမြင့်နဲ့ အကျယ် ၁၅၀ မီတာရှိပါတယ်။
(၇) Rafflesia ပန်း
Rafflesia ပန်းဟာကမ္ဘာပေါ်မှာရှိတဲ့ အကြီးမားဆုံးသော ပန်းတစ်ပွင့်လည်းဖြစ်ပါတယ်။ သူ့ရဲ့အချင်းဟာ ၁၀၀ စင်တီမီတာထိကိုကြီးထွားနိုင်ပါတယ်။ Rafflesia ပန်းကိုတော့ သူ့ဆီကထွက်တဲ့ အသားပုပ်သလို အနံကြောင့်လူသိများပါတယ်။
(၈) အကြီးဆုံးသောသမင်
Irish elk လို့ခေါ်တဲ့ ထိုကြီးမားတဲ့ သမင်များဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ သန်းလောက်က ရှင်သန်နေထိုင်ခဲ့ကြပါတယ်။ သစ်တောများဟာမြေပြန့်ဒေသတွေကိုပါ စတင်ပျံနှံလာတဲ့အချိန်မှာတော့ ထိုသမင်တွေဟာ သေဆုံးကာ မျိုးတုန်းသွားခဲ့ရပါတယ်။ သူတို့သေဆုံးရတဲ့အကြောင်းကတော့ သစ်တောတွေဟာ သစ်ပင်၊အကိုင်းအခတ်တွေရှုပ်ထွေးလာတဲ့အတွက် သူတို့ရဲ့အကျယ် ၅မီတာရှိတဲ့ ဦးချိုနဲ့သွားလာရတာခက်ခဲလာတာကြောင့်ဖြစ်ပါတယ်။
(၉) Merostomes
Merostomes ဟာကမ္ဘာပေါ်က အကြီးမားဆုံးသော အင်းဆက်တစ်ကောင်လည်းဖြစ်ပါတယ်။ သူတို့ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၈-၅၁၀ သန်းလောက်က ရှင်သန်နေထိုင်ခဲ့ကြပြီး Merostomes တွေဟာ ၂.၅ မီတာအထိရှည်လျားပါတယ်။
(၁၀) Quetzalcoatl
Quetzalcoatl တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆-၆၈ သန်းလောက်က အသက်ရှင်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာကမ္ဘာပေါ်ကအကြီးဆုံး pterosaur နဲ့ သမိုင်းတစ်လျှောက် ပျံသန်းနိုင်တဲ့သတ္တဝါတွေထဲမှာ လည်းအကြီးဆုံးဖြစ်ပါတယ်။ သူရဲ့အတောင်ပံဟာဖြန့်ထုတ်လိုက်ချိန်မှာ ၁၂-၁၅မီတာအထိရှည်လျားပြီး Quetzalcoatlများဟာ အသေကောင်တွေနဲ့ ကျောရိုးရှိသတ္တဝါငယ်လေးတွေကိုစားသောက်ပါတယ်။
Reff; BrightSide.