သိပ္ပံပညာဟာ ရှာဖွေတွေ့ရှိမှု့အသစ်များ ၊ နည်းလမ်းအသစ် အခွင့်လမ်းများဖြင့် ရလဒ်အသစ်အမျိုးမျိုးရရှိနေပြီး လုံးဝရပ်တန်မသွားခဲ့ပါဘူး။ ဥပမာ အနေဖြင့် ယခုဖော်ပြထားတဲ့ ဆောင်းပါးအဆုံးမှာ ပီရူး ဘုရင်မ ဟာဘယ်လိုပုံစံမျိုးရှိလဲဆိုတာ ကို ဖော်ပြပေးတဲ့စမ်းသပ်မှုတွေအထိပြုလုပ်ထားနိုင်ကြပါတယ်။ ရှေးဟောင်းသုတေသန ရှာဖွေမှုများကို နောက်ဆုံးပေါ် နည်းပညာများအသုံးပြုကာ ကျွန်တော်တို့ လူသားတွေ မတွေးဖူးလောက်တဲ့ စိတ်ဝင်စားဖွယ် ရှာဖွေတွေ့ရှိမှုများကို ရရှိခဲ့ပါတယ်။
(၁) ဒိုင်နိုဆောရဲ့ ဦးနှောက်
၂၀၁၄ ခုနစ်တွင် Surssex တွင်တွေ့ရှိသော ကျောက်တုံးတချို့က ဒိုင်နိုဆောရဲ့ ဦးနှောက်ဖြစ်တယ်ဆိုတာ လူအနည်းငယ်က ခန့်မှန်းမိကြပါတယ်။ ထိုတွေ့ရှိမှုဟာလည်း ထင်ထားသလို မှန်ကန်နေပြီး သူရဲ့ သက်တမ်းမှာ ၁၃၃ သန်းခန့် ရှိပြီဖြစ်ပါတယ်။ အကောင်းဆုံးမိုက်ခရိုစကုပ်များရဲ့ အကူအညီဖြင့် သိပ္ပံပညာရှင်များဟာ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနေထိုင်ခဲ့တဲ့ တိရစ္ဆာန်ရဲ့ဦးနှောက်ဟာ ဘယ်လိုလဲဆိုတာ သိရှိခဲ့ရပါတယ်။
(၂) တောင်အာဖရိက နှင့် ဗြိတိသျှ စစ်ပွဲများတွင် နပိုလီယံရဲ့ ရှေ့တန်းစစ်သားများ ပြုလုပ်ခဲ့သောအရာ
အပ်နှင့်ချုပ်ပြီး ပြုလုပ်ထားတဲ့ ချည်သားစောင်များဟာ စစ်သားများ စစ်ပွဲအတွင်းတွင် သုံးခဲ့ကြတဲ့ ထူးခြားပြီး လှပတဲ့စောင်တစ်ခုဖြစ်ပါတယ်။ စစ်ပွဲတွေမှာ ဒီလိုလှပတဲ့ အရာများလည်းရှိကြောင်းကို သက်သေပြနိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။ စစ်သားများက ဆေးရုံတွင်နေစဉ်က ဤစောင်များကိုပြုလုပ်ခဲ့သည်ဟု မူလကယူဆခဲ့ကြပါတယ်။ သို့ပေမဲ့ နောက်ဆုံးတွေ့ရှိချက်ကတော့ စစ်သားများဟာ ရှေ့တန်းစစ်ဆင်ရေးတစ်ခု၌ ခေတ္တ နားနေတဲ့အချိန် စစ်မြေပြင်မှာ ပြုလုပ်ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ အံဩဖွယ်ကောင်းတဲ့ စစ်သားများရဲ့ထို အနုပညာ အပိုင်းအစများကိုတော့ ၂၀၁၇ ခုနှစ်တွင် လူအများကိုပြသပေးခဲ့ပါတယ်။
(၃) ကမ္ဘာပေါ်တွင် ရှေးအကျဆုံး လူသားရဲ့ ကျန်ရှိနေသော အရိုးအကြွင်းကျန်များ။
ဩစတြေးလျတွင် ရှေးအကျဆုံး ကျောက်ခေတ် လူသားအရိုးစုကို ၂၀၁၇ခုနစ်တွင် ပြသခဲ့ပါတယ်။ သူရဲ့သက်တမ်းမှာ နှစ်ပေါင်း ၃.၆သန်း ကျော်ခန့်ဖြစ်ပြီး အရိုးမှာ ပျက်စီးလု နီးပါးဖြစ်နေပါတယ်။ကျောက်ခေတ်ရဲ့ လူသားအရိုးစု ဖွဲ့စည်းပုံဟာ ယနေ့ ခေတ်လူသားများ၏ အရိုးစုနှင့်ပိုမို နီးကပ် တူညီကြောင်း သိပ္ပံပညာရှင်များက ပြသခဲ့ပါတယ်။၎င်းကို တောင်အာဖရိကရှိ Sterkfontein ဂူများ၌တွေ့ရှိခဲ့ပြီး ကျွမ်းကျင်သူများအဆိုအရ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ချောက်ကမ်းပါးမှပြုတ်ကျသေဆုံးခဲ့သူ ဖြစ်ပါတယ်။
(၄)Monet ရဲ့လျှို့ဝှက်မှုများ
နာမည်ကျော်ပြင်သစ်ပန်းချီဆရာ Claude Monetမှာတော့ အနုပညာလက်ရာမြောက်မြားစွာရှိပါတယ်။သို့သော် သူဟာ သူ့ရဲ့အနုပညာများကို သူရဲ့ အတ္တုပ္ပတ္တိ ထဲကနေ ဖယ်ရှားဖုံးကွယ်ထားသောကြောင့် လူအနည်းငယ်သာ ဒီအကြောင်းကိုသိကြပါတယ်။သူဟာသူရဲ့လျှို့ဝှက်ချက်တွေကိုထိန်းသိမ်းထားဖို့အတွက် သူရဲ့ပန်းချီကားတွေဘယ်နေရာသိမ်းထားလည်းဆိုတာကိုအမှတ်အသားတွေမလုပ်ခဲ့ပါဘူး။သို့ပေမယ့်လို့သိပ္ပံပညာရှင်တွေကတော့သူပန်းချီကားတွေကိုရှာဖွေတွေ့ရှိခဲ့ပြီး၂၀၁၇ခုနှစ်မှာလူသားတွေကိုချပြနိုင်ခဲ့ပါတယ်။သူရဲ့ ပန်းချီအနုပညာများဖြစ်သော Pissarro, Manet နှင့် Signac တို့၏ပန်းချီကားများကိုကြည့်ခြင်းအားဖြင့် Monet ဟာ Neo-Impressionists ၏ပြိုင်ဘက်မဟုတ်ကြောင်းသက်သေပြခဲ့ပါတယ်။
(၅)လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ ကနေထိုင်ခဲ့သောပီရူးဘုရင်မ၏မျက်နှာကိုပြန်လည်ပြုပြင်ခြင်း
ပိုလန်နှင့်ပီရူးမှ သိပ္ပံပညာရှင်များဟာ ခေတ်မီ 3D ပုံနှိပ်နည်းပညာဖြင့် ဤမြင့်မြတ်သော ဘုရင်မ ရဲ့ ပုံရိပ်ကိုပြန်လည်ပုံဖော်နိုင်ခဲ့ပါတယ်။ El Castillo de Huarmey ဂူသင်္ချိုင်းတွေဟာအင်ကာတွေ မပေါ်မီ ရာစုနှစ်ပေါင်းများစွာက ထို ဒေသအတွင်းနေထိုင်ခဲ့ကြသော ဝါရီလူမျိုးတို့၏ ယဉ်ကျေးမှုကိုရည်ညွှန်းဖော်ပြထားပါတယ်။Huarmey ဟုအမည်ပေးတဲ့ဘုရင်မ၏အလောင်းဟာ အလွန်ကြီးမားသော လက်ဝတ်ရတနာများ၊ ရိုးရာထုံးတမ်းစဉ်လာပစ္စည်းများနှင့်အတူ သီးခြားပြုလုပ်ထားထားသော လျှိ့ဝှက်သိုလှောင်ကန်ထဲတွင် ရှိနေပါတယ်။