လူ့ဘဝရဲ့ ပျော်ရွှင်ဖွယ်အကောင်းဆုံးအချိန်ဟာ မသိတဲ့ နိုင်ငံ နှင့် နေရာဒေသများသို့ သွားရောက်လည်ပတ်ခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ လှပတဲ့နေရာများနဲ့ပြည့်နက်နေသောကြောင့် သင့်ဘဝတစ်လျောက်လုံးကို မြို့တစ်မြို့ ၊နိုင်ငံတစ်နိုင်ငံ မှာ မနေထိုင် ပဲလည်ပတ်သင့်ပါတယ်။ ခရီးသွားခြင်းဟာ သင့်ကို အမြင်ကျယ်စေရုံသာမက မမေ့နိုင်စရာ အတွေ့ကြုံများကိုလည်းရရှိစေပါတယ်။ သင့်ဘဝမှာ တစ်ကြိမ်လောက် သွားရောက်လည်ပတ်သင့်တဲ့အံ့သြစရာအကောင်းဆုံးကမ္ဘာ့လည်ပတ်ရန်နေရာ များကို စာရင်း
ပြုလုပ်ပေးလိုက်ပါတယ်။
(၁)Bora Bora Island, France

ပြင်သစ်နိုင်ငံ ပေါ်လီနီးရှားရှိ တဟီတီ အနောက်မြောက်ဘက်တွင်တည်ရှိသော တောင်ပစိဖိတ်ကျွန်းငယ်လေးသည် အလွန်ထင်ရှားသည့်ဇိမ်ခံအပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ဒီသာယာတဲ့အပူပိုင်းဒေသလေးဟာခရီးသွားရတာကို ကြိုက်နှစ်သက်သူတို့အတွက် မဖြစ်မနေသွားရောက်လည်ပတ်သင့်သည့်စာရင်းထဲမှာထည့်ထားသင့်ပါတယ်။ညို့ယူဖမ်းစားတတ်သောအလှအပြင် ရေအောက်တွင် ရေငုံ့ခြင်းနှင့် ဒိုင်ဗင်ထိုးခြင်းတို့ကိုလည်း စမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
(၂)Vaadhooကျွန်း Maldivesနိုင်ငံ

ဒီပုံဟာ Life of Piဆိုတဲ့ရုပ်ရှင် မှ ရိုက်ကူးဖော်ပြထားသည်ဟု ထင်ရပေမဲ့ ဒါဟာ တကယ့်ဓာတ်ပုံ အစစ်ဖြစ်ပါတယ်။ Vaadhoo ကျွန်းရှိအပြာရောင်လှိုင်းများကိုခံစားနိုင်ဖို့အတွက်ကတော့Maldives နိုင်ငံကိုသွားရောက်လည်ပတ်သင့်ပါတယ်။
(၃)Skywalk in the Grand Canyon အမေရိကန်နိုင်ငံ

Skywalk in the Grand Canyonဟာ ကြောက်စရာနေရာတစ်ခုမဟုတ်ပါဘူး။ ကြမ်းပြင်မှာ ဖန်ပြင်ဖြစ်ပြီး မြေပြင်နှင့် မီတာ ၂၀၀ခန့် အမြင့်မှာရှိပါတယ်။ သင်ဟာ စိတ်လှုပ်ရှားပြီး စွန့်စားရတာကို နှစ်သက်တဲ့သူဆိုလျှင် သင် ဘာမေးခွန်းမှမမေးပဲ သွားရောက်လည်ပတ်သင့်ပါတယ်။
(၄)Mount Roraima, Venezuela

ဒီနေရာဟာ အခြားစိတ်ကူးယဉ်ကမ္ဘာထဲက နေရာတစ်ခု လိုထင်နေရပေမယ့် ကမ္ဘာပေါ်တွင် တကယ်တည်ရှိပါတယ်။ကမ္ဘာကြီးဟာ ဘယ်လောက်လျှို့ဝှက်ဆန်းကြယ်ပြီးလှပတယ် ဆိုတာ ဒီနေရာလေးက ပြသနေပါတယ်။ အံဩဖွယ်ကောင်းသော မြင်ကွင်းများနှင့် ရှူခင်းများဟာ အလွန်လှပသောကြောင့် သင့်ရဲ့လည်ပတ်ရမဲ့ စာရင်းထဲကနေရာအဖြစ် ထည့်သွင်းလိုက်ပြီး သွားရောက်လည်ပတ်သင့်ပါတယ်။
(၅) Blue Lagoon Galapagos Island, Ecuador
အချို့လူများဟာ Blue Lagoon Galapagos ကျွန်းကိုတောက်ပသော အပြာရောင်မျက်လုံးအဖြစ် တင်စားဖော်ပြကြပါတယ်။ အပြာရောင်အနှစ်ကဲ့သို့ ကြက်ဥ တစ်လုံး ပုံစံနဲ့ ပိုပြီးတူနေပါတယ် ။ ထိုနေရာဟာ မျက်စိနှင့် တူသည်ဖြစ်စေ ကြက်ဥနဲ့တူသည်ဖြစ်စေ အလွန်လှပပြီး ဆန်းပြားသော နေရာဖြစ်သောကြောင့် သွားရောက် သင့်သော နေရာတစ်ခုဆိုတာ သေချာပါတယ်။