Legoအရုပ်တွေဟာ ကလေးတွေအတွက် ကစားစရာတစ်ခုလို့ပဲထင်နေရင်တော့မှားသွားပါလိမ့်မယ်။ မိဘများဟာ သူတို့ရဲ့ကလေးများကို legoအတုံးများဖြင့် သင်္ဘောများ နှင့် အိမ်များဆောက်ပြီး ကစားဖို့ အတွက်ဖြစ်ပေမဲ့ ကမ္ဘာတစ်ဝှမ်းရှိ အင်ဂျင်နီယာများဟာ Legoအတုံးများ နှင့်အတူ အံဩဖွယ်ကောင်းသော နည်းပညာဆိုင်ရာ လက်ရာများဖန်တီးနေကြပါတယ်။
(၁)ဇာထိုးစက်
အပြင်လောကဇာထိုးတဲ့ လက်မှုပညာရှင်များရဲ့အိမ်မက်စက်တစ်ခုလည်းဖြစ်ပါတယ်။
(၂)စက္ကူလေယာဉ်ခေါက်သည့်စက်
သင်ဟာ စက္ကူလေယာဉ်ကို အခေါက်ကျွမ်းဆုံးလို့ထင်နေပါလား။ ဒီစက်ဟာ သင့်ထက် ပိုပြီး မြန်မြန်ဆန်ဆန်လုပ်နိုင်ပါတယ်။
(၃)Lego printer
ဒီစက်ဟာ Lego တုံးများနှင့်ပြုလုပ်ထားတဲ့ ပရင်တာ ဖြစ်ပါတယ်။ပထမဦးစွာ လေဆာတစ်ခုက သင်ရဲ့ ပုံရိပ်ကိုစကင်ဖတ်စစ်ဆေးပြီး ၊ ထို့နောက်မှာတော့စက်ဟာ Lego တုံးများဖြင့်သင့်ရဲ့ပုံရိပ်ကိုပုံဖော်ပေးမှာဖြစ်ပါတယ်။
(၄)ယက်ကန်းစက်
Lego ဟာစိတ်၀င်စားစရာကောင်းတဲ့ ဆောက်လုပ်ရေးစက်တွေကို ဖန်တီးနိုင်ရုံသာမက ဒီလိုယက်ကန်းစက်မျိုးဖန်တီးရာတွင်လည်း အသုံးဝင်ပါတယ်။
(၅)နေကို ကမ္ဘာလှည်ပတ်နေသည့် ပုံစံ
ကျွန်တော်တို့ ကျောင်းတွေမှာ ဒီလိုမျိုးအရုပ်တွေနဲ့သာ လေ့လာခွင့်ရမယ်ဆိုရင် ချက်ချင်း နားလည်သဘောပေါက်စေနိုင်ပါလိမ့်မယ်။
(၆)(Rubik’s Cube)ကာလစုံအတုံးဆက်သည့်စက်
Lego ဖြင့်ပြုလုပ်ထားပြီးစမတ်ဖုန်းဖြင့်ချိတ်ဆက်ထားတဲ့ဒီကိရိယာဟာ ၃၃ မိနစ်အတွင်း 9x9x9 ပတ်လည် Rubik’s Cube ကိုအရောင်တူဖြစ်အောင်ဖြေရှင်းပေးပါတယ်။
(၇)ရွှေ့လျားလည်ပတ်နေတဲ့ စက်
ဒီစက်ဟာ တကယ်တော့ ဘာမှမသုံးမဝင်ပါဘူး။ဒါပေမယ့် legoများနဲ့ ဒီလှပတဲ့စက်ကို ဖန်တီးနိုင်တာ အံဩစရာပါပဲ။
(၈)ကော်ဖီဖျော်စက်
“ကိုယ်တိုင်ဒီလို Lego စက်တစ်ခုတည်ဆောက်လိုက်ပါက သင်ဟာ သင့်ရဲ့ကော်ဖီစားပွဲကနေဘယ်တော့မှထချင်တော့မှာမဟုတ်ဘူးလို့” ဟုတီထွင်သူကပြောပါတယ်။
(၉)ပို့စကတ်ဆွဲစက်
ဒီစက်ပြုလုပ်ပေးတဲ့ ပုံတွေဟာ အရမ်းတော့ အနုပညာမမြောက်ပေမဲ့ မူရင်းပုံကိုရရှိစေပါတယ်။
(၁၀)နာရီ
Legoအရုပ်တွေကို ကြိုက်တဲ့သူတွေအတွက် အလွန်ဒီဇိုင်းဆန်းတဲ့ နာရီတစ်လုံးပါပဲ။
(၁၁)volveကား
ဒီလိုကားနဲ့အပြင်ထွက်ကြမလား?
