မတူညီတဲ့ ခန္ဓာကိုယ်အချိုးအစားပိုင်ရှင် ၂ဦးရဲ့ ဝတ်စုံဆင်တူဆင်မြန်းပြီးနောက် ထွက်ပေါ်လာတဲ့ အလှတရားများ

လူတော်တာ်များများဟာ ခန္ဓာကိုယ်အချိုးအစားလှပမှ အဝတ်အစားဝတ်ရင် ကြည့်ကောင်းတယ် စမတ်ကြတယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဲဒီအတွေးအခေါ်က တကယ်ပဲ မှန်ရဲ့လား။ တကယ်တမ်းကျတော့ စမတ်ကျကျနဲ့ လှပနေဖို့အတွက် အရေးကြီးတဲ့အချက်ကတော့ အဝတ်အစားကို လိုက်ဖက်စွာဝတ်စားဆင်ရင်တတ်ဖို့ပါပဲ။ တချို့လူတွေကတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်နိုင်ပါတယ်။ ဒါကြောင့် Denise Mercedes လို့ခေါ်သူ ဖက်ရှင်ပညာရှင်တစ်ဦးက သူမရဲ့ သူငယ်ချင်းဖြစ်သူ Maria Castellanos နဲ့ပူးပေါင်းပြီး လူတော်တော်များများ လက်ခံထားတဲ့ ခန္ဓာကိုယ်လှမှ အဝတ်အစားဝတ်ရင်ကြည့်ကောင်းတယ်ဆိုတဲ့ အတွေးအခေါ်ကို ပြောင်းလဲပစ်လိုက်ပါတယ်။ မတူညီတဲ့ ခန္ဓာကိုယ်အချိုးအစားနှစ်ခုကို သူတို့နှစ်ဦး စမတ်ကျအောင် ဘယ်လို ဝတ်စားဆင်ယင်ပြသွားမလဲဆိုတာ​ အောက်မှာကြည့်လိုက်ရအောင်နော်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. … Read more

ကြောက်စရာကောင်းတဲ့ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပြီး နာမည်ကြီးလာခဲ့သူလေး-(၁၅)ပုံ

အသက် ၂၅ နှစ်အရွယ် Ellen Sheidlin ဆိုတဲ့ကောင်မလေးဟာ အင်စတာဂရမ်ပေါ်မှာ သူမဖန်တီးထားတဲ့ စိတ်ကူးယဉ်ဆန်ပြီး ထူးခြားဆန်းသစ်လှသော ကမ္ဘာကြီးဆီသို့ ကျွန်မတို့ကို ဖိတ်ခေါ်လိုက်ပါတယ်။ သူမ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ ကျွန်မတို့ တွေ့နေမြင်နေကျ ပုံစံမျိုးမဟုတ်ပါဘူး။ ဖက်ရှင်၊ မိတ်ကပ်၊ ဒစ်ဂျစ်တယ် art နှင့် ဓာတ်ပုံပညာတို့ကို အချိုးကျကျပေါင်းစပ်ပြီး ရိုက်ကူးထားတာမျိုးဖြစ်ပါတယ်။ သူမရဲ့ ကြောက်စရာ စိတ်ကူးတွေနဲ့ ပေါင်းစပ်မှုတွေက စိတ်မသက်မသာဖြစ်နိုင်ပေမဲ့ တစ်ချိန်တည်းမှာပဲ လူအများကို စွဲဆောင်နိုင်ခဲ့ပါတယ်။ တစ်ခုအာမခံနိုင်တာကတော့ ဒီလိုရိုက်ကူးထားတဲ့ ဓာတ်ပုံရိုက်ချက်မျိုးကို ပရိသတ်ကြီးအနေနဲ့ ဘယ်မှာမှ မြင်ဖူးမှာမဟုတ်သေးဘူးဆိုတာပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေတဲ့ ဓာတ်ပုံရိုက်ကူးမှုပုံစံတွေကနေ သူမဘယ်လိုဖောက်ထွက်ပြီး ရိုက်ကူးထားလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ 1. 2. 3. 4. 5. 6. 7. 8. … Read more

ခရုသင်းရောဂါခံစားနေရတဲ့ ခန္ဓာကိုယ်ကို အနုပညာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သူလေး

Ash Soto လို့ခေါ်တဲ့မိန်းကလေးဟာ အသက် ၁၂ နှစ်အရွယ်မှာ ခရုသင်းလို့ခေါ်တဲ့ရောဂါဝေဒနာကို စတင်ခံစားခဲ့ရပါတယ်။ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က သူ့ကို ချွတ်ဆေးနဲ့ရေချိုးထားတာလားလို့ မေးလိုက်တဲ့အချိန်မှာတော့ လျင်မြန်စွာပျံ့နှံ့လာတဲ့ သူ့ရဲ့ခရုသင်းရောဂါကြောင့် ရှက်ရွံ့လာပါတယ်။ ဒါပေမဲ့ ယခု အသက် ၂၁နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Soto ကတော့ သူမရဲ့ အသားအရောင်အတွက် ရှက်ရွံ့ခြင်းမရှိတော့ပါဘူး။ သူမရဲ့ အသားအရောင်ကြောင့် သူမဘ၀ရည်မှန်းချက်တွေကို တက်လှမ်းဖို့ အတားအဆီးအဖြစ်မခံနိုင်ဘူးလို့ သူဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အင်္ကျီလက်ရှည်မဝတ်ဘဲ အပြင်ထွက်ပြီး နေ့စဉ်အလုပ်တွေကို လုပ်ရင်း သူ့ကိုယ်သူ စိန်ခေါ်ခဲ့ပါတယ်။ အခက်အခဲတွေများစွာဖြတ်သန်းပြီးတဲ့နောက်မှာတော့ Soto ရဲ့ခန္ဓာကိုယ်ဟာ အနုပညာတစ်ရပ်ဖြစ်လာခဲ့ပါပြီ။ အသက်၁၂ နှစ်အရွယ်မှာ ခရုသင်းရောဂါကို စတင်ခံစားခဲ့ရတဲ့ Ash soto ရောဂါပျံ့နှံ့ချိန်မှာတော့ Ash ဟာဆယ်ကျော်သက်အရွယ်ဖြစ်ပြီး အနိုင်ကျင့်ခံရမှုတွေစဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ သူ့ကိုယ်သူ အပြင်သွားရင် … Read more

တစ်ခုခုနဲ့ သွားတူနေတဲ့ ဖက်ရှင်ဒီဇိုင်းများ-(၁၅)ပုံ

တိုက်ဆိုင်မှုတွေများတဲ့ ဒီကမ္ဘာကြီးထဲမှာ ဘယ်အရာကိုမှအတိအကျ သင်မျှော်လင့်နေလို့မဖြစ်ပါဘူး။ ဒီလိုတိုက်ဆိုင်မှုတွေက အမြဲတမ်း အံ့ဩစရာကောင်းသလို မျှော်လင့်မထားတဲ့အချိန်တွေမှာပဲ ဖြစ်လာတတ်ကြပါတယ်။ အောက်မှာဖော်ပြထားတဲ့ တိုက်ဆိုင်မှုတွေကို ပရိသတ်ကြီးမြင်ရင်တော့ ရယ်မောမိမှာသေချာသလောက်ပါပဲ။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15.

အိမ်မွေးတိရစ္ဆာန်မမွေးရဘူးဆိုတဲ့ ဖေဖေများရဲ့ ခွေးလေးကြောင်လေးတွေမွေးပြီးနောက် အခြေအနေများ

အဖေတွေဟာ တစ်ခါတလေတော့ ထူးဆန်းပါတယ်။ သူတို့ကို လိုချင်တာ ဘာပဲတောင်းတောင်း အမေ့ကို ဖြောင်းဖျပြီး ဝယ်ပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံရှာပေးတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မွေးတိလေးတစ်ကောင် မွေးဖို့ တောင်းဆိုလိုက်မယ်ဆိုရင်တော့ အရာရာကို အလိုလိုက်တတ်ကြတဲ့ အဖေတို့ဟာ ခါးခါးသီးသီးကို ငြင်းဆိုတတ်ကြပါတယ်။ အိမ်မှာ အမွှေးတွေ ခြေရာတွေ ပေတယ်ဆိုပြီး မမွေးခင်အချိန်ထိ ပူညံပူညံလုပ်တတ်ကြပြီး တကယ်လည်း မွေးပြီးရော တစ်အိမ်လုံးထက် သည်းသည်းလှုပ် ချစ်သွားတတ်ကြပါတယ်။ ကဲ.. စာဖတ်သူပရိသတ်ကြီးမှာကော အဲဒီလို အဖေမျိုးတွေရှိလား။ ရှိခဲ့ရင်တော့ ဒီပုံလေးတွေကို ကြည့်ပြီး comment မှာ မှတ်ချက်လေးတွေ ရေးသွားပေးကြဦးနော်။ 1. လေလွင့်ကြောင်ကို အစာမကျွေးနိုင်ဘူး ငြင်းပြီး နောက်ဘေးမှာ အပူပေးနိုင်တဲ့ ကြောင်နေဖို့အိမ်အပြင် ကင်မရာပါတပ်ပြီး စောင့်ကြည့်ပေးနေတဲ့အဖေ 2. ဒီအိမ်မှာ ဘာခွေးမှမမြင်ချင်ဘူးဆိုတဲ့အဖေ့ရဲ့ လက်ရှိအခြေအနေ 3. … Read more

စားသောက်၊ သီးနှံများကို ဝယ်ယူပြီး ကံမကောင်းခဲ့ကြသူများ-(၁၅)ပုံ

အစားအသောက်တစ်ခုဟာ သင်မျှော်မှန်းထားသလို ဖြစ်မလာတာမျိုး ကြုံဖူးပါသလား။ ဒါဟာ ဗိုက်ဟောင်းလောင်းနဲ့ နေရတာထက် ပိုပြီးကြေကွဲစရာကောင်းပါတယ်နော်။ ဒါပေမဲ့ အခုတစ်ခေါက်ကျွန်မတို့ပြောနေတဲ့အကြောင်းအရာက အာလူးကြော်အိတ်ကြီးထဲမှာ လေတွေပဲပါပြီး အာလူးကြော်လေးတစ်ဖတ်နှစ်ဖတ်ပါတာမျိုး နောက်ပြီး ကော်ဖီအေးမှာ ကော်ဖီလေး နှစ်ငုံစာနဲ့ ရေခဲတွေကြီးပဲပါတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်သလို စားခါနီးမှ ငိုရမလိုရယ်ရမလိုဖြစ်ရတဲ့ အစားအသောက်တချို့ကို အောက်မှာဖော်ပြထားတဲ့ပုံလေးတွေကနေတစ်ဆင့် တင်ဆက်ပေးလိုက်ပါတယ်။ 1. ဖရဲသီး 2. အနှစ်မပါတဲ့ ကြက်ဥ 3. သူမရဲ့ အချစ်တွေလိုပဲ 4. အမြုပ်တစ်ခွက်မှာလိုက်တာ ဘီယာက နည်းနည်းပါလာသေးတယ် 5. ချိစ်ဘာဂါတဲ့ ချိစ်က သေးသေးလေးပဲပါတယ် 6. ထောပတ်သီးဖျော်ရည်ဖျော်သောက်ဖို့ အကြီးဆုံးအလုံးရွေးလာမိတာ ကြီးတာက အစေ့ဖြစ်နေတယ် 7. အပင်ကကြီးတော့ မုန်လာဥနီ အကြီးကြီးရတော့မယ်ထင်ထားတာ 8. ဗူးခွံကကြီးပြီး မုန့်ကသေးသေးလေး 9. … Read more

ကြည့်လိုက်တာနဲ့ ပြုံးမိသွားစေနိုင်မယ့်ဓာတ်ပုံများ-(၁၅)ပုံ

လောကကြီးမှာ ရှင်သန်လှုပ်ရှားနေထိုင်ရင်းနဲ့ စိတ်ညစ်ရတဲ့နေ့တွေ စိတ်ရှုပ်ရတဲ့နေ့တွေဆိုတာ ရှိတတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ တစ်နေ့တာ ဘဝအမောတွေကို ပြေလျော့စေဖို့အတွက် ယခုတစ်ခေါက်မှာတော့ ရယ်စရာဟာသဓာတ်ပုံများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15.

တမူထူးခြားလှပနေသော ကမ္ဘာတစ်ဝှမ်းရှိ ဗိသုကာလက်ရာများ

အဆောက်အဦးတွေရဲ့ ဗိသုကာလက်ရာကို စိတ်ဝင်စားတဲ့သူတွေ နောက်ပြီး ဗိသုကာပညာရဲ့ ရှုပ်ထွေးလှတဲ့ အလှတရားကို သဘောကျသူတွေ စိတ်ဝင်စားမယ့် တမူထူးခြားလှတဲ့ ဗိသုကာလက်ရာရှိသော အဆောက်အဦးပုံစံများကို တစုတစည်းတည်း လေ့လာနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးလည်း သဘောကျနှစ်ခြိုက်မယ်လို့ မျှော်လင့်ပါတယ်။ 1. ရီယိုဒီဂျနေရို ရှိ တော်ဝင်ပေါ်တူဂီ စာကြည့်တိုက် 2. ဂျာမနီရှိ ရှေးခေတ် တော်ဝင် Hohenzollern တို့ စံမြန်းခဲ့ရာ Hohenzollern နန်းတော် 3. ဗီယက်နမ် ဒါနန်းရှိ Golden Bridge (ရွှေရောင်တံတား) 4. ဖီဂျီ နန်ဒီရှိ အရှင်သီ၀ ဆူဘရာမန်နီရ ဟိန္ဒူဘုရားကျောင်း 5. တူရီကီ Trabzon ရှိ ဆူမီလာ ဘုန်းကြီးကျောင်း 6. အင်္ဂလန်နိုင်ငံ အရှေ့အလယ်ပိုင်းရှိ၁၉ ရာစု Ashby … Read more

Makeup ရဲ့ အစွမ်းတွေကို ဖော်ပြပေးနေတဲ့ Before and After ဓာတ်ပုံများ

အခုတစ်ခေါက်မှာတော့ မိတ်ကပ် artist အစွမ်းကြောင့် တခြားလူတစ်ယောက်လို လုံး၀ပြောင်းလဲသွားတဲ့ အမျိုးသမီးထုကြီးရဲ့လှပတဲ့ မျက်နှာဟန်ပန်ပုံစံများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ် ။ ဒါကိုကြည့်ချင်းအားဖြင့် ယနေ့ခေတ် အမျိုးသမီးတွေကြားထဲမှာ မိတ်ကပ် နဲ့ contour ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ခြင်းက အရေးကြီးတဲ့ အရာတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလာစေပါတယ်။ make up မပြင်ခင်နဲ့ ပြင်ပြီး ဘယ်လိုတောင် ကွာခြားသွားမလဲဆိုတာကို ဓာတ်ပုံလေးတွေမှာ ဆက်ကြည့်လိုက်ရအောင်နော်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15.