အရှုပ်တော်ပုံတွေ ဖန်တီးပြီးမှ မသိချင်ယောင်ဆောင်နေတတ်သော အပြစ်ကင်းတဲ့ အိမ်မွေးတိလေးများ
အိမ်ပြန်လာတဲ့အချိန်တိုင်း ကိုယ့်ကို ချစ်မြတ်နိုးပြီး ကြိုနေတတ်တဲ့ သေးငယ်ပြီး ချစ်ဖို့ကောင်းတယ့် အိမ်မွေးတိရိစ္ဆာန်လေးတွေရှိတာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ ……. တစ်နေကုန် အလုပ်မှာ ပင်ပန်းပြီးမောပန်းနွမ်းနယ်လာတဲ့ ချစ်စရာကောင်းတဲ့ တိပိုင်ရှင်လေးတွေအတွက်ကတော့ သူတို့ရဲ့ အိမ်မွေးခွေးလေးတွေ ကြောင်လေးတွေနဲ့ ပွေ့ဖက် ဆော့ကစားပြီး စိတ်အေးလက်အေးအနားယူဖို့ပဲ တွေးမိနေကြမှာပါ အိမ်ပြန်ရောက်ပြီး တံခါးမဖွင့်လိုက်ရသေးခင်အထိတော့ အဲဒီအတွေးလေးက အရမ်းကို ပြီးပြည့်စုံလွန်းတဲ့ အတွေးလေးဖြစ်နေမှာအမှန်ပါပဲ နံရံကို ကုတ်ခြစ်ထားတာတွေ ဆိုဖာမှာ အပေါက်တွေ ဖန်ခွက်ကျကွဲထားတာလေးတွေအပြင် ခေါင်းအုန်းတွေ မွေ့ရာတွေကို တစ်စစီလုပ်ထားတဲ့ မြင်ကွင်းလေးကို မတွေ့ရသေးခင်ထိပေါ့လေ ပြီးရင်တော့ အဲဒီ အရှုပ်တော်ပုံတွေကြားထဲမှာ”ဒါတွေကို ဘယ်သူလုပ်သွားတာလဲ မိမိ မသိပါဘူးနော် ” ဆိုပြီး ရိုးသားတဲ့ မျက်လုံးအစုံလေးနဲ့ စိုက်ကြည့်နေမယ့် သင်တို့ အချစ်တော်တိလေးတွေကတော့ရှိနေမှာပါ ကောင်းတဲ့ဘက်ကစဉ်းစားမယ်ဆိုရင်တော့ အရှုပ်တော်ပုံတွေကို ဖန်တီးတတ်တဲ့ တိလေးတွေက … Read more