ဂျပန်နိုင်ငံတွင်မလုပ်သင့်‌သောအချက် (၁၅) ချက်

ဂျပန်နိုင်ငံသည် ထူးခြားမှုများနှင့်ကွဲပြားခြားနားပြီးလှပသောနိုင်ငံတစ်ခုဖြစ်ပါတယ်။TikTok အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ hangrybynature ကဂျပန်နိုင်ငံမှာမလုပ်သင့်တဲ့အရာတွေကိုစာရင်းတစ်ခုပြုလုပ်ဖော်ပြထားပါတယ်။ (၁)သင့်၏အိတ်ကိုရထားပေါ်ကအခမဲ့ထိုင်ခုံပေါ်တွင်လုံး၀မထားပါနဲ့။အမှန်တော့ တစ်လောကလုံး ဖြစ်သင့်တဲ့အရာတစ်ခုပါပဲ။ (၂)မျက်နှာအဖုံးအကာတစ်ခုမပါပဲ အင်္ကျီကိုစမ်းမဝတ်ပါနဲ့။ဒါကတော့ မိတ်ကပ်များစွန်းထင်းခြင်းမှ ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။ (၃)တက္ကစီတံခါးကိုဆွဲမဖွင့်လိုက်ပါနဲ့ ဂျပန်က ၃၀၂၀ခုနှစ်မှာနေနေတာပါ အော်တိုပွင့်လာပါလိမ့်မယ်။ (၄)အများသုံးသယ်ယူပို့ဆောင်ရေးတွင် ဖုန်းမပြောပါနဲ့။ (၅)စက်လှေကားရဲ့မှားတဲ့ဘက်မှာရပ်မနေပါနဲ့။ သင်အလျင်မလိုလျှင်ဘယ်ဘက်မှာဘဲရပ်နေပါ။ (၆)သင်၏ကျောပိုးအိတ်ကိုအများပြည်သူသယ်ယူပို့ဆောင်ရေးတွေမှာ နောက်၌မလွယ်ထားပါနဲ့ မျက်နှာရှေ့မှာကျောပိုးအိတ်ရှိတာဘယ်သူမှမလိုချင်ပါဘူး။ (၇)လူအများပိုင်နေရာတွင် နှာချေတာတွေနှာခေါင်းမှုတ်တာတွေမလုပ်ပါနဲ့။မကောင်းသောအကျင့်စရိုက်တစ်ခုဖြစ်သွားပါလိမ့်မယ်။သန့်စင်ခန်းသို့သွားပြီးတော့သာ ပြန်လုပ်သင့်ပါတယ်။ (၈)ဈေးမဆစ်ပါနဲ့ အခြားအာရှနိုင်ငံများနှင့်မတူပါဘူး။ဂျပန်နိုင်ငံတွင်အများစုက တရားဝင်ဖြစ်နေပါပြီ။ (၉)ဖိနပ်စီးပြီး အဝတ်လဲခန်းထဲကို မသွားပါနဲ့။အရာအားလုံးသန့်ရှင်းစေရန်အတွက် မဝင်မီဖိနပ်ကိုချွတ်ပြီးမှဝင်ပါ။ (၁၀)လူတိုင်း အင်္ဂလိပ်စာတတ်ဖို့ မမျှော်လင့်ပါနဲ့ ဂျပန်စာအချို့ကိုသာ လေ့လာရန်ကြိုးစားပါ။ (၁၁)စူပါမားကတ်တွေမှာလတ်ဆတ်တဲ့ထုတ်ကုန်တွေကိုလက်ဖြင့်ထိုးခြင်းညှစ်ခြင်းများ မပြုလုပ်ပါနဲ့။အကောင်းဆုံးတွေကိုသာ ထုတ်ပိုးရောင်းချတယ်ဆိုတာကို ယုံလိုက်ပါ။ (၁၂)လမ်းလျှောက်နေစဉ်အတွင်း အစာစားခြင်းများ သောက်သုံးခြင်းများမပြုလုပ်ပါနဲ့ ။ (၁၃)ငွေရှင်းကောင်တာတွင်ငွေကိုင်၏လက်ထဲသို့ငွေတိုက်ရိုက်မထည့်ပေးလိုက်ပါနဲ့။ဗန်းပေါ်တွင်သာ တင်ပေးလိုက်ပါ။ (၁၄)ခြေဖလာဖြင့်သော်လည်းကောင်း အိမ်တွင်းစီးဖိနပ်ဖြင့်လည်းကောင်းအိမ်သာထဲကိုမဝင်ပါနဲ့။အိမ်သာစီးဖိနပ်ကိုသာအသုံးပြုပါ။ (၁၅)အပြင်မှာ မချစ်ပြပါနဲ့ ဟိုတယ်ခန်းတွင်သာ ချစ်ကြပါ။  

ကမ္ဘာပေါ်သွားရောက်လည်ပတ်ဖို့မသင့်တဲ့ အန္တရာယ်အရှိဆုံး နိုင်ငံများ

မကြာသေးမီကပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရ တိုင်းပြည်တစ်ခုအတွင်း၌ အကြမ်းဖက်မှုနှင့်သူပုန်သတိပေးချက်များ၊စာတိုများ ဗီဒီယိုနှင့်ဓာတ်ပုံများ၊အဖြစ်အပျက်များနှင့်သေဆုံးမှုအရေအတွက်တို့ကိုစစ်ဆေးပြီးနောက် ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံများစာရင်းကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။ (၁)အီဂျစ်နိုင်ငံ ၂၀၁၁ ခုနှစ်၌သမ္မတဟိုစနီမူဘာရက်အားဆန့်ကျင်သောအကြမ်းဖက်ဆန္ဒပြမှုများသည် ပိရမစ်များကိုကြည့်ရန်ရောက်ရှိလာသောခရီးသွားများ၊ နိုင်းမြစ်ကိုလာရောက်ကြည့်ရှူကြသောခရီးသွားနှင့် ကမ်းခြေများတွင် နေရောင်အောက်အပန်းဖြေနေကြသောခရီးသွားများကိုခြောက်လန့်စေခဲ့ပါတယ်။နိုင်ငံရေးမငြိမ်မသက်မှုများ၊ မီးပုလင်းများ၊ သေနတ်နှင့်မျက်ရည်ယိုဗုံးများသည်နေရာအတော်များများတွင်တွေ့ရလေ့ရှိပါတယ်။ပြီးခဲ့သည့် နှစ်အနည်းငယ်လောက်ကလည်း သေနတ်သမားအချို့ဟာ ကမ်းခြေရှိ ဗြိတိန်စုံတွဲကို ပြန်ပေးဆွဲခဲ့ကြပါတယ်။ ထို့ပြင်လူရမ်းကားအချို့ဟာ ကိုင်ရို ရှိ လုံခြုံစိတ်ချရသော အဆင့်မြင့် ဟိုတယ်တစ်ခုအား တိုက်ခိုက်၍ ၎င်းအားပိတ်ပစ်ခိုင်းသည်အထိ ဖြစ်ခဲ့ရပါတယ်။၂၀၁၂ ခုနှစ်ကအားကစားကွင်းတစ်ခုတွင်ဖြစ်ပွားခဲ့သောအဓိကရုဏ်းကြောင့်ဘောလုံးပရိသတ် ၂၁ ဦး အား သေဒဏ်ချမှတ်မှုအပေါ်ဆူပူမှုများလည်းရှိခဲ့ပါတယ်။အကြမ်းဖက်မှုများ၊ ရာဇ ၀တ်မှုများ၊လမ်း‌ေပါ်၌ မတော်တဆမှုများ အထိ အီဂျစ်ဟာ ပါကစ္စတန်နှင့်ယီမင်နိုင်ငံတို့၏စံနှုန်းများသို့တဖြည်းဖြည်းရောက်ရှိနေပြီဖြစ်ပါတယ်။ (၂)ပါကစ္စတန် Peshawar ကျောင်းများကို တာလီဘန်များက ရက်စက်စွာတိုက်ခိုက်ခြင်းဟာ နိုင်ငံအတွင်းအကြမ်းဖက်မှုများတိုးပွားလာစေသည့်ဥပမာတစ်ခုဖြစ်ပါတယ်။၂၀၁၂ ခုနှစ်အတွင်းနိုဘယ်ဆုရှင်မာလာလာယူဆွတ်ဇိုင် ပိုင်ဆိုင်တဲ့ Waziristan မြောက်ပိုင်း Swat Valley ၌ ဤကဲ့သို့တိုက်ခိုက်မှုများဟာ မကြာခဏဖြစ်ပွားခဲ့ရပါတယ်။ … Read more

အသုံးဝင်သည့် လုပ်ဆောင်ချက်များပါရှိသော နေ့စဉ်သုံးပစ္စည်းများရဲ့လျှို့ဝှက်ချက်များ

တစ်ခါတရံကျွနုပ်တို့ အသုံးပြုနေတဲ့ နေ့စဉ်သုံးပစ္စည်းများဟာ ကျွန်ုပ်တို့ မသိနိုင်လောက်အောင် အလွန်အသုံး၀င်တဲ့ အင်္ဂါရပ်များရှိပါတယ်။ထိုလျှို့ဝှက်ချက်များ အကြောင်းတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ (၁)Cedarwood အကျီချိတ်များဟာ ပိုးဖလံများနှင့်အခြားပိုးမွှားများကို မကပ်အောင် ကူညီပေးဖို့ရည်ရွယ်ထားတာပါ။ (၂)အရေးပေါ်အခြေအနေတွင်ကားထိုင်ခုံမှခေါင်းအမှီကိုဖြုတ်ကာကားမှန်ကိုခွဲ၍ထွက်ခွာနိုင်ဖို့ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်။ (၃)ရေချိုးကန်များက အမြှုပ်ဟာ ရေ၏အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ (၄)မြေပဲထောပတ်ဗူးကို သိမ်းစည်းရာတွင် ပြောင်းပြန်ထားပြီး သိမ်းဆည်းခြင်းဖြင့်ပုလင်းဖင်မှာကပ်မနေအောင်ကူညီပေးနိုင်ပါတယ်။ (၅)အဖုံးနှင့်ထုပ်ထားသောခဲပြားဘူးများဟာ အလိပ်ထွက်ကျခြင်းမှကာကွယ်ရန်ဘေးနှစ်ဖက်တွင်ဖုလေးများထားရှိထားတာဖြစ်ပါတယ်။ (၆)ချိတ်များကို ဖြုတ်သည့်အခါ ပိုမိုမြန်ဆန်စေရန် သော့များကို အသုံးပြုနိုင်ပါတယ်။ (၇)သွားတိုက်ဆေးရဲ့ အနောက်ဘက်က လေးထောင့်အရောင် အမှတ်အသားဟာ ကုန်ထုတ်စက်ရဲ့ အမှတ်အသားဖြစ်ပါတယ်။ (၈)နို့ဗူးများထဲက နို့ထည့်သည့်အခါ အပေါက်ကို အပေါ်မှ ထားပြီး ထည့်လျှင်ပိုအဆင်ပြေပါတယ်။ (၉)တခါသုံးခွက်များဟာ သူတို့ရဲ့အရွှယ်စားထက် နှစ်ဆ ဆန့်ပါတယ် (၁၀)Legoအရုပ်ခေါင်းများက အပေါက်များဟာ ကလေးများ မတော်တဆ ပါးစပ်ထဲထည့်မိလျှင် အသက်ရူလမ်းကြောင်းမပိတ်အောင် ပြုလုပ်ထားဖြစ်ပါတယ်။ (၁၁)ကျွန်‌တော်တို့ဘောင်းဘီဇစ်ဟာအလိုလျောက်သော့ခတ်နိုင်တဲ့ စနစ်ပါဝင်ပါတယ်။ (၁၃)ကုန်စုံဆိုင်က ပစ္စည်းထည့်သည့်လှည်းများတွင် … Read more

အံ့ဩဖွယ်ကောင်းလှတဲ့ ပုံပန်းသဏ္ဍာန်တွေကိုပိုင်ဆိုင်ထားကြတဲ့သစ်ပင်များ

ကမ္ဘာ့အကြီးဆုံးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော International Union for Conservation of International မှမကြာသေးမီကပြုလုပ်ခဲ့သောလေ့လာမှုတစ်ခုအရကမ္ဘာပေါ်တွင်အပင်မျိုးစိတ်ပေါင်း ၄၂၂၀၀၀ နီးပါးရှိတယ်လို့ဆိုပါတယ်။ယခုဆောင်းပါးကတော့ ကမ္ဘာပေါ်မှာတည်ရှိတဲ့ထူးဆန်းပြီး အံ့ဩဖွယ်ကောင်းလှတဲ့ ပုံပန်းသဏ္ဍာန်တွေကိုပိုင်ဆိုင်ထားကြတဲ့သစ်ပင်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။ (၁)Hydnora africana (ပိုးထောင်ချောက်) (၂)Drosera capensis (Cape sundew ဟုလူသိများသည်) (၃)Lithops (ကျောက်စရစ်ခဲအပင်များသို့မဟုတ်သက်ရှိကျောက်များ) (၄)Rafflesia arnoldii (ကမ္ဘာပေါ်တွင်အကြီးဆုံးပန်း) (၅)Dracunculus vulgaris (နဂါးနှင်းပန်း) (၆)Strongylodon macrobotrys (ကျောက်စိမ်းနွယ်ပင်) (၇)Dracaena cinnabari (Socotra နဂါးပင်) (၈)Tacca chantrieri (အနက်ရောင်လင်းနို့ပန်း) (၉)Actaea pachypoda (အရုပ်မျက်လုံးပင်) (၁၀)Aristolochia salvadorensis (Darth Vader အပင်) (၁၁)Amorphophallus titanum (အလောင်းပန်း) (၁၂)Selenicereus grandiflorus (ညဘုရင်မပင်) (၁၃)Adansonia grandidieri … Read more

ဇီဝဗေဒဆရာတွေမပြောပြခဲ့တဲ့ဇီဝဗေဒရဲ့ ထူးခြားတဲ့အကြောင်းရာများ

ကျွန်တော်တို့ ငယ်ငယ်က ဇီ၀ဗေဒစာအုပ်များကို ဖတ်ခဲ့ကြသော်လည်း တချို့သော နက်နဲသည့် တိရစ္ဆာန်အကြောင်းများဟာ ၎င်းစာအုပ်ထဲမှာတောင်မပါဝင်တာကိုတွေ့ရပါတယ်။ အခုဖော်ပြပေးမှာကတော့ သင်တို့မသိလောက်သေးတဲ့ နက်နဲသော တိရစ္ဆာန်တွေအကြောင်းပဲဖြစ်ပါတယ်။ (၁)ဒီကောင်ဟာ Rock hyraxလို့ခေါ်ပြီး ဆင်တွေရဲ့အနီးစပ်ဆုံးဆွေမျိုးဖြစ်ပါတယ်။ (၂)သားပိုက်ကောင် အမများဟာ ကြံခိုင်သန်မာဘော်ဒီတောင့်တဲ့ သားပိုက်ကောင်အထီးများကို သဘောကျတတ်တာကြောင့် အထီးများဟာ muscleများကိုပြသလေ့ရှိပါတယ်။ (၃)အကယ်၍ ဒီ kamikaze ပုရွက်ဆိတ်များဟာ ပွဲတွင်ရူံး ပါကသူတို့ရဲ့ ရန်သူများကိုမလှုပ်ရှားနိုင်အောင်စေးကပ်သောအရည်အချို့ကို ပတ်ဖြန်းပြီး သူတို့ကိုကို ဖောက်ကွဲပစ်ပါတယ်။ (၄)ကမ္ဘာပေါ်ရှိအကြီးမားဆုံးသောသက်ရှိများဟာမှိုများဖြစ်ပါတယ်။ Armillaria ostoyae ၏နမူနာတစ်ခုကို Oregon ရှိ Malheur အမျိုးသားသစ်တော၌တွေ့ရှိခဲ့ပြီး နှစ်ပေါင်း ၂,၄၀၀ သက်တမ်းရှိပါတယ်။ (၅)Tithorea terracina pupas များဟာ ရွှေလက်ဝတ်ရတနာများနှင့်ဆင်တူနေတယ်။ (၆)ကြယ်ငါးများဟာ ကျွမ်းကျင်မှုရှိသော အကောင်များဖြစ်ကြပြီး သူတို့ဟာ အစာကို သူ့တို့ရဲ့အစာအိမ်ကိုအလွယ်တကူ … Read more

ထူးခြားဖွယ်လမ်းစဉ်များနှင့် အီဂျစ်လူမျိုးတို့ကျင့်သုံးခဲ့သောနည်းလမ်းများ

ထူးဆန်းသောရိုးရာများ၊ မသိသောဘာသာစကားများ စသည်တို့ကြောင့်ကျွန်တော်တို့ဟာ ဟိုးအရင်ရှေးခေတ်က လူတွေနဲ့ လုံးဝမတူဘူးလို့ ထင်ကြပါတယ်။။ဒါပေမယ့်ရှေးဟောင်းသုတေသနပညာက ကျွန်တော်တို့ထင်မြင်ယူဆနေတာတွေဟာ တော်တော်မှားနေတယ်ဆိုတာကိုဒီအချက်တွေကထောက်ပြနေပါတယ်။ယခုဖော်ပြပေးမှာကတော့ ထူးခြားဖွယ်လမ်းစဉ်များနှင့် အီဂျစ်လူမျိုးတို့ကျင့်သုံးခဲ့သောနည်းလမ်းများ အကြောင်းဘဲဖြစ်ပါတယ်။ (၁)အီဂျစ်လူမျိုးတွေရဲ့မျက်စိရောဂါကုသနည်းများ မျက်လုံးပိုးဝင်ခြင်းဟာ အီဂျစ်လူမျိုးတို့တွင်အဖြစ်များသောရောဂါဖြစ်ပါတယ်။သူတို့ ဟာ အမျိုးမျိုးသောကုသမှုများ နှင့် တစ်ခါတစ်ရံထူးဆန်းသော ကုသမှုနည်းလမ်းများကိုသုံးခဲ့ကြပါတယ်။တခါတရံတွင်သူတို့ဟာ လူ့ ဦး နှောက်နဲ့လုပ်ထားတဲ့ဘက်တီးရီးယားပိုးသတ်ဆေးနဲ့ဆေးတွေကိုအသုံးပြုပြီး ကုသကြပါတယ်။ (၂)ရှေးခေတ်အီဂျစ်တွေဟာဘိုလင်းကစားခဲ့ကြသလား? ကိုင်ရိုမြို့အနီးရှိရှေးခေတ်နေရာ တစ်ခုမှာ ဘီစီ ၃၂၀၀ တုန်းက ကစားကွင်းတစ်ခုတွင် လက်ချောင်းများအတွက်အပေါက်များနှင့်အရွယ်အစားအမျိုးမျိုးရှိသောဘောလုံးများတွေ့ရှိခဲ့ပါတယ်။ထိုကစားနည်းဟာ ယခုခေတ်ရဲ့ ဘိုလင်းကစားနည်းနဲ့ ဆင်တူမယ်လို့ယူဆကြပြီး စည်းမျဉ်းများအနည်းငယ်ကွဲပြားသော်လည်း ကစားပုံမှာ တူတူဘဲဖြစ်နိုင်မယ်လို့ယူဆကြပါတယ်။ (၃)တံခါးသော့‌များ အီဂျစ်နှင့်တရုတ်တို့ဟာတံခါးသော့များကိုဖန်တီးခဲ့ကြတဲ့လူမျိူးတွေဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ထိုကိရိယာများကိုလိုအပ်ချက်များတာကြောင့်ဖြစ်ပါတယ်။အီဂျစ်တွေဟာအိမ်အနီးနားမှာ နေတဲ့ အိမ်နီးချင်းတွေဟာ များလာတာကြောင့် တံခါးကိုသော့ခတ်ထားဖို့လိုအပ်လာပါတယ်။အီဂျစ်လူမျိူးတွေရဲ့ သစ်သားသော့ခလောက်တွေမှာတော့ရိုးရှင်းတဲ့ယန္တရားတစ်ခုသာရှိပါတယ်။ (၄)ခွဲစိတ်ဆရာဝန်များအသုံးပြုခဲ့သော ခွဲစိတ်ကိရိယာများ ရှေးခေတ်အီဂျစ်လူမျိုးများဟာ ခေတ်မီအလေ့အကျင့်များနှင့်နှိုင်းယှဉ်နိုင်‌ေသာ တိကျသည့် ထူးခြားဆေးဘက်ဆိုင်ရာဗဟုသုတများပိုင်ဆိုင်ထားပါတယ်။mummies များကိုစစ်ဆေးခဲ့သောသိပ္ပံပညာရှင်များဟာ ခက်ခဲသောခွဲစိတ်မှုအချို့ … Read more

သေမိန့်ကျခံရသူတွေနောက်ဆုံး တောင်းဆိုခဲ့တဲ့ထူးထူးဆန်းဆန်း အစားအစာများ

အကယ်၍သင့်ရဲ့ နောက်ဆုံးအချိန်မှာ နောက်ဆုံးစားဖို့ အစားစာဖြစ်မယ်ဆိုရင် သင်ဘယ်အစားစာကိုရွှေးမလဲ။သေဒဏ်ချမှတ်ပြီးနောက်မှာ တချို့လူတွေတကယ်ဆုံးဖြတ်ရခက်တဲ့ မေးခွန်းတစ်ခုပါပဲ။ဒါကတော့ အထူးဆန်းဆုံး သေခါနီး နောက်ဆုံးစားဖို့ တောင်းဆိုချက်အချို့ကို စုစည်းပေးလိုက်ပါတယ်။ (၁)Peter Kurten ဂျာမန်လူသတ်သမား၊ မုဒိမ်းသမား Peter Kürtenဟာ သူရဲ့ရာဇ၀တ်မှုများကြောင့်ကြောက်စရာကောင်းသောနာမည်ဖြင့်လူသိများပါတယ်။သူဟာ ၁၉၃၁ ခုနှစ် ဧပြီလတွင်သေဒဏ်ချမှတ်ခံရပြီး Wiener schnitzel၊ အာလူးကြော်နှင့်ဝိုင်ဖြူတစ်ပုလင်းတောင်းခံခဲ့ပါတယ်။ (၂)Victor Feguer Feguer ဟာ ဆရာဝန်တစ်ဦးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ကြောင်းဟန်ဆောင်‌ကာအိမ်သို့ဆရာဝန်တစ်ဦး အားခေါ်ဆောင်သွားပြီးဆရာ၀န်ရဲ့ခေါင်းကို သူဟာ သေနတ်ဖြင့်ပစ်ခဲ့ပါတယ်။ထို‌ေကြာင့်သူဟာကြိုး‌ေပးသတ်ခံခဲ့ရကာ သူရဲ့နောက်ဆုံးအစားစာကတော့ ထူးဆန်းပြီး ရိုးရှင်းပါတယ်။ ဒါကတော့သံလွင်သီးတစ်လုံးဘဲဖြစ်ပါတယ်။ (၃)Gary Carl Simmons, Jr. သားသတ်သမားတစ်ဦးဖြစ်သူ Gary Carl Simmons, Jr. ဟာ လူတစ်ယောက်အားသားသတ်တဲ့ဓားနဲ့ဘအစိတ်စိတ်အပိုင်းပိုင်းဖြတ်ကာသတ်ပြီး ခန္ဓာကိုယ်အပိုင်းအစများကိုမိချောင်းစာကျွေးကာ လူသတ်မှုကိုကျူးလွန်ခဲ့တာကြောင့် ဆေးထိုးပြီးသတ်ဖို့သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူနောက်ဆုံး တောင်းဆိုခဲ့တဲ့အစားစာမှာများပြားပြီး ထူးဆန်းလွန်းလှပါတယ်။သူတောင်းဆိုခဲ့တာတွေကတော့ ပီဇာတစ်ခုကိုပုံမှန်အရွယ်အစားအဝိုင်းနဲ့ … Read more

သမိုင်းတစ်လျှောက်လှုပ်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး ငလျင်များ

ကမ္ဘာမြေကြီးပေါ်တွင် ငလျင်များဟာ နှစ်ပေါင်းများစွာ အမြဲတမ်း လှုပ်ခတ်နေကြပါတယ်။ယခုဆောင်းပါးမှာတော့ သမိုင်းတစ်လျှောက်လှုပ်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး ငလျင်တွေအကြောင်းကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ (၁)အာသံ၊တိဘက် ၁၉၅၀(ပမာဏ ၈.၆) အာသံပြည်နယ်နှင့်တိဘက်အရှေ့ခြမ်းတစ်လျှောက်တွင်သဲငလျင်လှုပ်ခတ်မှုများ၊ မြေပြိုမှုများနှင့်မြေအက်ကွဲမှုများကြောင့်လူ ၁၅၀ ခန့်သေဆုံးခဲ့ကြပါတယ်။ထိုလှုပ်ခတ်မှုသည် အလွန်ကြီးမားပြီးတရုတ် Sichuan ပြည်နယ်နှင့် Calcutta (အိန္ဒိယ) တို့ကိုလည်း ထိခိုက်စေခဲ့ပါတယ်။ (၂)အင်ဒိုနီးရှားမြောက်ပိုင်းဆူမတြား ၂၀၀၅(ပမာဏ ၈.၆) ဆူမတြားမြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့်လူတစ်ထောင်ကျော်သေဆုံးကာထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပြီးအများစုမှာအင်ဒိုနီးရှားနိုင်ငံ Nias မှဖြစ်ပါတယ်။ထိုငလျင်ဟာအိန္ဒိသမုဒ္ဒရာ၏မျက်နှာပြင်အောက်တွင်ဖြစ်ပေါ်ခဲ့ပြီး Eurasian plate ကို Indo-Australian Plate မှတွန်းလိုက်တာကြောင့်ဖြစ် ပေါ်လာတာဖြစ်ပါတယ်။ (၃)Rat ကျွန်း၊ Alaska၊ ၁၉၆၅(ပမာဏ ၈.၇) ငလျင်ကြောင့် ၁၀မီတာကျော်ဆူနာမီလှိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့သော်လည်း ထိုငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ မရှိခဲ့ပါဘူး။ဆူနာမီလှိုင်းသည်ဟာဝိုင်အီကျွန်းတွင်စတင်ခဲ့ပြီးနောက်ဆုံးတွင်ဂျပန်သို့ပျံ့နှံ့သွားခဲ့ပါတယ်။ပြီး‌ေနာက်မှာ‌ေတာ့ နောက်ဆက်တွဲဆိုးကျိုး‌ တွေဖြစ်တဲ့ ကတ္တရာပြေးလမ်းများကွဲအက်ခြင်းနဲ့သစ်သားအဆောက်အဦး များပြိုကျခြင်းလည်းမရှိ‌ခဲ့ပါဘူး။ (၄)အီကွေဒေါကမ်းခြေ ၁၉၀၆ခုနှစ်(ပမာဏ ၈.၈) … Read more

Snap မိသွားကြတဲ့တိရိစ္ဆာန်လေးတွေရဲ့ ချစ်စရာပုံရိပ်လေးများ

ပုံတစ်ပုံလှဖို့အတွက် ရှုထောင့် ပေါင်းစုံကနေကောင်းစွာ ရိုက်မိနိုင်ဖို့လိုပါတယ်။ထို့ကြောင့်လူများဟာ ကောင်းတဲ့ရှုထောင့်နှင့် ချော့မောပြေပြစ် လိုက်ဖက်ညီသော filter များကို အသုံးပြုတတ်ကြပါတယ်။ဒါပေမဲ့ လူတွေနဲ့မတူတာက တိရစ္ဆာန်တွေဟာ ဘယ်လိုရိုက်ရိုက်ချစ်စရာကောင်းနေတယ်ဆိုတာပါပဲ။ (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀) (၁၁) (၁၂) (၁၃) (၁၄) (၁၅)

ကံကိုအပြည့်အဝယုံကြည်ကာ ပေါ့ပေါ့ပျက်ပျက်လုပ်ကြသူများ

ပုံမှန်မဟုတ်ပဲ ထူးဆန်းတဲ့ လုပ်ရပ်တွေဟာ အသုံး၀င်တတ်ပြီး ကိုယ်လိုချင်တဲ့အရာကို လွယ်လွယ်နဲ့ လုပ်နိုင်အောင် ‌တွေးတတ်တဲ့ စိတ်ကူးများဟာ အလွန်ကောင်းပါတယ်။ဒါပေမယ့်တစ်ခါတစ်ရံ မှာလူအချို့ဟာ ကံကိုယုံကြည်အားကိုးပြီး မိမိရဲ့အလုပ်တွေကိုလက်လွတ်စပယ်နဲ့လုပ်တတ်ကြပါတယ်။ (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀) (၁၁) (၁၂) (၁၃) (၁၄) (၁၅)