မထင်မှတ်ဘဲကွက်တိကျနေအောင်ရိုက်ကူးထားနိုင်တဲ့ဓာတ်ပုံ(၂၀)

အချို့သောသူတွေဟာ သူတို့ဘဝရဲ့နေစဉ်ဘဝတွေရဲ့ပုံရိပ်အချို့ကို ဖုန်းသို့မဟုတ်ကင်မရာတွေနဲ့မှတ်တမ်းတင်ရိုက်ကူးတတ်ကြပါတယ်။ဒီလိုရိုက်ကူးကြရင်းနဲ့တစ်ချို့ဓာတ်ပုံတွေဟာမထင်မှတ်ဘဲရုတ်တရက်ကွက်တိကျအောင်တူညီနေတဲ့ပုံရိပ်တွေကိုရရှိသွားတတ်ကြပါတယ်။ယခုဆောင်းပါးထဲမှာတော့ထိုဓာတ်ပုံများထဲကမှဓာတ်ပုံ(၂၀)ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (၁)Foul ဘောကိုဖမ်းဖို့ကြိုးစားနေကြတဲ့ ပရိသတ်နှစ်ဦးရဲ့လွဲချော်သွားတဲ့ပုံရိပ်။ (၂)ဘီယာခွက်ဗန်းပေါ်ကမှောက်မကျခင်စက္ကန့်ပိုင်းအလို (၃)ချော်လဲစဉ် (၄)တောင်တက်နေတုန်းမျက်မှန်ပြုတ်ကျစဉ်လေထဲကပုံရိပ် (၅)ဘောလုံးကိုခွေးဖန်းလိုက်စဉ်လေထဲကမခိုက်အတန့် (၆)သားပိုက်ကောင်ရဲ့ပြုံးနေတဲ့ပုံရိပ်ကိုအမိအရရိုက်ယူထားပုံ (၇)ရေအိုင်လေးထဲကိုခုန်ချနေစဉ်လေထဲကဓာတ်ပုံ (၈)ပုခက်ပျက်ကျနေတုန်းအမှတ်တရ (၉)ရေခဲမုန့်လက်ကလွတ်ကျသွားသောအခိုက်အတန့် (၁၀) (၁၁) (၁၂) (၁၃)အပြေးသမားတွေလေထဲပျံနေတာမတွေ့ဘူးဟုတ်လား (၁၄) (၁၅) (၁၆) (၁၇) (၁၈) (၁၉) (၂၀)

အမြင်အာရုံကိုစမ်းသပ်ပေးနိုင်တဲ့ဉာဏ်စမ်းများ

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာမျက်လုံးဟာအရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သလိုအမြင်အာရုံဟာလည်းအရေးပါလှတဲ့အရာတစ်ခုပါ။ကျွန်တော်တို့အမြင်အာရုံတွေအမြဲတမ်းကောင်းမွန်နေစေဖို့အတွက်ကျွန်တော်တို့မျက်လုံးကိုလေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။ယနေ့မှာတော့ကျွန်တော်တို့ရဲ့ဉာဏ်စမ်းမေးခွန်းလေးကိုကူရှာကြည့်ပြီးမျက်လုံးကိုလေ့ကျင့်ခန်းလုပ်ကြရအောင်။(အဖြေများကိုတော့အောက်ဘက်မှာဖော်ပြထားပါတယ်) (၁)မျောက်တစ်ကောင်ကိုရှာကြည့်ပါ။ (၂)ဆင်တစ်ကောင်ကိုတွေ့မိသလား? (၃)ကြက်တစ်ကောင်ကိုရှာကြည့်ပါ။ (၄)ဝက်တံတစ်ကောင်ကိုရှာကြည့်ပါ။ (၅)တစ်ကိုယ်လုံးမဲနေတဲ့ပျားတစ်ကောင်ဘယ်နားမှာလဲ? (၆)ပုတ်သင်ညိုတွေရဲ့ကြားထဲကမိချောင်းတစ်ကောင်ကိုရှာကြည့်ပါ။ (၇)ကြောင်လေးတစ်ကောင်ဘယ်နားမှာရှိနေလဲ? (၈)ရှဉ့်တစ်ကောင်ကိုရှာကြည့်ပါ။ (၉)ဖားပြုတ်တစ်ကောင်ကိုရှာကြည့်ပါ။ (၁၀)မြင်းကျားတစ်ကောင်ဟာဒီထဲမှာပုန်းနေပါတယ်။ (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀)

သင့်ကျန်းမာ​ရေးကို ဆိုးရွားစွာထိခိုက်​စေနိုင်​သော ​အ​လေ့အထ(၈)ခု

ကျန်းမာရေးကိုပျက်စီးစေသောအလေ့အထများကိုစွန့်လွှတ်ခြင်းသည်တော်တော်ခက်ခဲနိုင်ပါတယ်။ကျွန်ုပ်တို့ဟာပုံမှန်အားဖြင့်ကျွန်ုပ်တို့အတွက်အကျိုးရှိစေတယ်လို့ထင်သောအရာတွေကိုစွန့်ပစ်ရန် ပို၍ ပင်ခက်ခဲပါတယ်။ထိုအရာများဟာကျွန်ုပ်တို့၏ကိုယ်ခန္ဓာကိုအမှန်တကယ်ပျက်စီးစေနိုင်ပါတယ်။ (၁)နှာချေခြင်းမှမိမိကိုယ်ကိုကာကွယ်ခြင်း နှာချေခြင်းကိုကာကွယ်ရန်ကျွန်တော်တို့ဟာပါးစပ်များကိုလက်နဲ့ပိတ်ပြီး နှာခေါင်းများကိုဆိတ်လိုက်သည့်အတွက်ကျွန်ုပ်တို့၏အတွင်းပိုင်းသွေးဖိအားဟာသိသိသာသာတိုးလာပါတယ်။ကျွန်တော်တို့ရဲ့ ဦး နှောက်ထဲသို့သွေးစီးဆင်းမှုကိုပျက်ပြားစေပြီးကျွန်ုပ်တို့ရဲ့သွေးကြောများနှင့်အာရုံကြောတစ်သျှူးများကိုဖိအားပေးပါတယ်။၎င်းဟာခေါင်းကိုက်ခြင်း၊​သွေး​ကြောများပျက်စီးခြင်းနှင့်အကြားအာရုံပြသနာများကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်နှာချေတာကိုကျွန်တော်တို့အနေနဲ့ရပ်တန့်ဖို့မကြိုးစားသင့်ပါဘူး။ (၂)​ရေ​မွှေးအသုံးပြုခြင်း ဓာတုပစ္စည်းများကိုရေမွှေးပြုလုပ်ရာတွင်အသုံးပြုလေ့ရှိပြီးပုံမှန်ရနံ့များထက်ပိုမိုပြင်းထန်သောရနံ့များဖြစ်ပေါ်စေပါတယ်။ထိုဓာတုပစ္စည်းများဟာမူး​ဝေခြင်း၊ပျို့အန်ခြင်း၊မျက်လုံးများ၊လည်ချောင်းနှင့်အရေပြားများကိုလည်းနာကျင်စေပါတယ်။ဒါကြောင့်မို့ရေမွှေးတွေကိုအနံလုံသောနေရာများ​​တွင်အသုံးပြုခြင်းကိုလည်းရှောင်သင့်ပါတယ်။ (၃)ညအိပ်ယာမဝင်ခင် စမတ်ဖုန်းအသုံးပြုခြင်း ညဘက်တွင်စမတ်ဖုန်းအလင်းရောင်ဟာအိပ်စက်ခြင်းနှင့်နိုးကြားမှုတို့ကိုထိန်းညှိပေးသည့် မယ်လတိုနင် ဟော်မုန်းထုတ်လုပ်မှုကိုတားဆီးပစ်ပါတယ်။ မယ်လတိုနင် သာနည်းသွား​မယ်ဆိုပါ​ကစိတ်ကျရောဂါ၊ ကင်ဆာ၊ အဝလွန်ခြင်း၊ နှလုံးရောဂါနှင့်ပျက်စီးလွယ်သည့်ကိုယ်ခံအားစနစ်ကိုဖြစ်ပေါ်စေပါတယ်။ထို့ကြောင့်စောစောအိပ်အိပ်ခြင်းသည်သင်၏ကျန်းမာရေးကိုတိုးတက်စေရန်ကျိုးကြောင်းဆီလျော်သောရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။ (၄)အစားအစာများကို ပလပ်စတစ်ဗူးထဲတွင် သို​လှောင်ခြင်း များစွာသောပလပ်စတစ်ဗူးများသည်သူတို့၏ပြောင်းလွယ်ပြင်လွယ်မှုကိုထိန်းသိမ်းရန်ကူညီတဲ့ phthalate နှင့် bisphenol ကဲ့သို့သောဓာတုပစ္စည်းများပါ၀င်နေပါတယ်။ ပလပ်စတစ်ဗူးများ၌အချိန်ကြာမြင့်စွာသိုလှောင်ထားပါကထိုအရာ ၀တ္ထုများသည်အစားအစာထဲသို့စိမ့်ဝင်လာနိုင်ပါတယ်။သူတို့ကိုစားခြင်းက endocrine စနစ်ကိုအကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။အစားအစာကို ဖန်၊သံမဏိသို့မဟုတ်ကြွေထည်များဖြင့်ပြုလုပ်ထားသောဗူး များတွင်သိုလှောင်တာဟာအကောင်းဆုံးဖြစ်ပါတယ်။ (၅)အစာစားပြီးနောက်သွားသွားတိုက်ခြင်း အစာစားပြီးနောက်အနည်းဆုံးမိနစ် ၃၀ ကြာမှ သင့်သွားကိုတိုက်သင့်ကြောင်းသွားဆရာဝန်များကအမြဲတန်းအကြံပြုကြပါတယ်။ဖြစ်နိုင်ရင်တစ်နာရီလောက်ခြားတာကပိုကောင်းပါတယ်။ အစားအသောက်နှင့်အထူးသဖြင့်အက်စစ်ဓာတ်မြင့်မားသောအစားအစာများသည်သွား၏ကြွေနှင့်၎င်းအောက်ရှိအလွှာ (dentin) အပေါ်သက်ရောက်မှုတွေရှိပါတယ်။ သင့်သွားတိုက်တံရဲ့လှုပ်ရှားမှုကအက်ဆစ်ကို dentin နှင့်ပိုမိုနီးကပ်သွားစေပါတယ်။၎င်းဟာပြင်းထန်သော အထိခိုက်မခံမှု ကိုဖြစ်ပေါ်စေပြီးသွားရဲ့ကြွေတွေကိုပျက်စီးစေနိုင်ပါတယ်။ (၆)မကြာခဏ antibacterial ဆပ်ပြာကိုအသုံးပြုခြင်း အသုံးဝင်သောဘက်တီးရီးယားအမြောက်အမြားသည်ကျွန်ုပ်တို့၏အရေပြားမျက်နှာပြင်ပေါ်တွင်နေထိုင်ကြပြီးကျွန်ုပ်တို့၏ကိုယ်ခန္ဓာကိုကာကွယ်တဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့လုပ်ဆောင်နေပါတယ်။ကျွန်ုပ်တို့ဟာantibacterial ဆပ်ပြာများကိုမကြာခဏအသုံးပြုပါကကျွန်ုပ်တို့ရဲ့အရေပြားပေါ်ကအသုံးဝင်တဲ့ဘတ်တီးရီးယား​တွေကိုသေစေနိုင်ပြီးကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာထဲသို့အန္တရာယ်ရှိသောဘက်တီးရီးယားများဝင်ရောက်ရန်အခွင့်အလမ်းများဖန်တီးပေးသလိုဖြစ်စေပါတယ်။ အရေပြားအထူးကုဆရာဝန်များဟာ ဖြတ်မိခြင်း၊ခြစ်မိခြင်းနှင့်ကုတ်မိခြင်းတို့အတွက်သာ antibacterial … Read more

မင်္ဂလာပွဲမှ ရိုက်ကူးခဲ့မိသော အလွဲဓာတ်ပုံများ

မင်္ဂလာပွဲဆိုတာ နှစ်ဦးနှစ်ဖက်လုံးအတွက် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေဆိုရင် တစ်သက်မှာတစ်မင်္ဂလာဆိုသလို မင်္ဂလာပွဲလက်ထပ်ပွဲနေ့ဟာ ဘဝရဲ့ အရေးပါဆုံးသော နေ့တစ်နေ့အဖြစ်မှတ်ယူကြပါတယ် ။ ထို့အတူဘဲ ထိုလက်ထပ်မင်္ဂလာပွဲနေ့လေးမှာ ကောင်းတဲ့အမှတ်တရလေးတွေပဲရှိစေချင်ကြတာ သဘာဝပါ။ သို့ပေမဲ့ တစ်ခါတစ်လေမှာလဲ အလွဲလေးတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ ယခုဖေါ်ပြပေးမှာကတော့ မင်္ဂလာပွဲမှ ရိုက်ကူးခဲ့မိသော အလွဲများဆိုတဲ့ ရယ်စရာကောင်းတဲ့ အလွဲလေးတွေပဲဖြစ်ပါတယ်။ ၁။ ငတ်ပြီလေ ၂။ တော်တော်နောက်တဲ့လူ ၃။ ဟ ၄။ ဦးလေးကြီးကတော့ နောက်ပြီ ၅။ သတိုးသမီးပေါ်မှ ဖိတ်ရတယ်လို့ ၆။ ဟေ့လူ လူမှားနေတယ် ၇။ ဟ သွားပါပြီ ၈။ အသာလုပ်ပါဟ ၉။ body painted wedding ထင်တယ် ၁၀။ မျက်နှာလာပြောင်နေတယ် ၁၁။ ဟာ ဟေ့လူ ၁၂။ … Read more

တိရစ္ဆာန်တွေကဘယ်နှစ်ရက်ကြာအောင်ကိုယ်ဝန်ဆောင်ကြသလဲ?

ပျမ်းမျှအားဖြင့်လူသားတို့ရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာရက်ပေါင်း ၂၈၀ခန့်လောက်ရှိပါတယ်။ထိုရက်တွေမှာတော့မိခင်များဟာမိမိတို့သားသမီးများအတွက်နာမည်ပေးရန်၊လိုအပ်တဲ့ပစ္စည်းများစုဆောင်းရန်အတွက်အချိန်ကောင်းစွာလုံလောက်ပါတယ်။သို့သော်လည်းတိရစ္ဆာန်များကတော့ သူတို့ရဲ့သားသမီးတွေမွေးဖွားဖို့အတွက်ရက်အနည်းငယ်လအနည်းငယ်လောက်သာအချိန်ရပါတယ်။ယခုဆောင်းပါးထဲမှာတော့ တိရစ္ဆာန်လေးတွေဟာရက်ဘယ်လောက်ကြာအောင်ကိုယ်ဝန်ဆောင်ကြသလဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (၁)အ​မေရိကန်သားပိုက်​ကောင်ငယ်( ၁၂ ရက်) ဗာဂျီးနီးယား သားပိုက်​ကောင် အငယ်စား ဟုလူသိများသည့် အ​မေရိကန်သားပိုက်​ကောင်မျိုးစိတ်ဟာတိရစ္ဆာန်မျိုးစိတ်တွေထဲမှာကိုယ်ဝန်ဆောင်တာသက်တမ်းအတိုဆုံးလည်းဖြစ်ပါတယ်။အမေရိကန်သားပိုက်ကောင်ရဲ့ကိုယ်ဝန်ဆောင်တဲ့ကာလသက်တမ်းကတော့ ၁၂ရက်ထဲဖြစ်ပါတယ်။ (၂)ပူး ( ရက် ၆၀ ) ကိုယ်ဝန်ရှိနေတဲ့ပူးတစ်ကောင်ဟာ ၅၉ရက်မှ ၇၂ ရက်အတွင်း​ အ​မွေးထူး​သော အ​ကောင်ပေါက်ငယ်​လေး ၁ ​ကောင်မှ ၈ ​ကောင်အထိ​မွေးဖွားတတ်ပါတယ်။ (၃)​ကြောင် ( ၆၃ ရက် ) ကြောင်တစ်ကောင်ရဲ့ကိုယ်ဝန်ဆောင်ချိန်ကတော့ သက်တမ်း ၄လခန့်ရှိပါတယ်။ (၄)​ခွေး ( ၆၅ ရက် ) ခွေးတစ်ကောင်ရဲ့ကိုယ်ဝန်ဆောင်ချိန်ဟာ ထို​ခွေးရဲ့အရွယ်အစား၊ သားပေါက်အရေအတွက်နှင့်အသက်ပေါ်မူတည်ပါတယ်။ခွေးကြီးလေလေခွေးပေါက်စများများ​မွေးလေလေဖြစ်ပါတယ်။ပျှမ်းမျှအားဖြင့်တော့ ၆၅ရက်လောက်ကိုယ်ဝန်ဆောင်တတ်ကြပါတယ်။ (၅)ရက်ကွန်း ( ၆၅ ရက် ) ရက်ကွန်းတွေရဲ့ပုံမှန်မိတ်လိုက်တဲ့ရာသီကတော့ဆောင်းရာသီကာလဘဲဖြစ်ပါတယ်။ပြီးရင်တော့သူတို့ရဲ့ကိုယ်ဝန်ကိုနွေဦးရာသီတွေမှာမွေးဖွားတတ်ကြပါတယ်။ပျှမ်းမျှအားဖြင့်သူတို့ရဲ့ကိုယ်ဝန်ဆောင်ချိန်ကတော့ ၆၅ရက်ခန့်ဖြစ်ပါတယ်။ (၆)ကျား ( … Read more

နှစ် ၁၀၀ ပြည့်မွေးနေ့မှာ ထောင်ထဲသွားခဲ့တဲ့ အဘွားအို

နှစ် ၁၀၀ ပြည့်မွေးနေ့မှာ ထောင်ထဲသွားခဲ့တဲ့ အဘွားအို Credit Photo သင့်အနေနဲ့ရော နှစ်၁၀၀ပြည့်မွေးနေ့ကိုဘယ်လိုဖြတ်သန်းချင်ပါသလဲ?ဘိုးဘွားရိပ်သာမှာဘဲ လက်ဖက်ရည် ကိတ်မုန့်တွေကိုစာသုံးကြပြီး မွေးနေ့ပွဲကိုဖြတ်သန်းနေမှာလား? မြောက်ကာရိုလိုင်းနားပြည်နယ် ၊ရော့ဘိုရိုမှ အဘွားအိုကတော့ ဒီအရာတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။သူကတော့ မွေးနေ့မှာအဖမ်းခံချင်ခဲ့တာပါ။ Credit Photo ရုသ်ဘရိုင်ယန် လို့ခေါ်တဲ့ထိုအဘွားအိုကတော့သူရဲ့ နှစ်၁၀၀ပြည့်မွေးနေ့မှာထောင်ရဲ့ အတွင်းပိုင်းကို သွားရောက်ကြည့်ရှု့ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာပါ။ဒါကြောင့်မို့ သူရဲ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းများကတော့ သူမနေထိုင်ရာ Cambridge Hills Assisted Living Center မှာသူမရဲ့ မွေးနေ့ပွဲကိုကျင်းပဖို့ စုရုံးနေကြပေမယ့် သူမကတော့အဲဒီ နေရာမှာရှိမနေခဲ့ပါဘူး။ Credit Photo အကြောင်းကတော့ ဒေသတွင်း ဥပဒေစိုးမိုးရေးအဖွဲ့တွေက သူမနေထိုင်ရာနေရာကနေထောင်အတွင်းသို့ခေါ်ဆောင်သွားတာကြောင့်ဘဲဖြစ်ပါတယ်။ သူမဟာအကျဉ်းအခန်း၌မိနစ်အနည်းငယ်ကြာနေပြီး ဒီနေရာမှာတော့ သူမရဲ့မွေးနေ့ပွဲကို‌ေတာ့ မွေးနေ့ကိတ်တွေနဲ့ ကျင်းပခဲ့ရတာတော့မဟုတ်ပါဘူး။ Credit Photo ဒါပေမယ့်သူမအရမ်းလိုချင်တဲ့ လိမ္မော်ရောင် ထောင်ဝတ်စုံကိုတော့မွေးနေ့လက်ဆောင်အဖြစ်ရခဲ့ပါတယ်။ ရုသ်ဘရိုင်ယန်ဟာ … Read more

အလယ်ခေတ်လောက်ကလူသားတွေယုံကြည်ခဲ့ကြတဲ့မှားယွင်းနေတဲ့အယူအဆများ

ကျွန်တော်တို့ဟာဘယ်သူကမှယုံကြည်လက်ခံနိုင်ဖွယ်မရှိတဲ့အချက်အလက်တစ်ချို့ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ထိုအချက်အလက်တွေဟာကျွန်တော်တို့ဒီဘက်ခေတ်ကလူတွေအတွက်လက်ခံနိုင်စရာမရှိပေမယ့် အလယ်ခေတ်လောက်ကလူတွေကတော့ အမှန်တရားဖြစ်တယ်လို့ထင်ခဲ့ကြပါတယ်။ထိုခေတ်ကာလကလူသားတွေဟာ ကောလဟာလအချက်တွေကိုအလွယ်တကူယုံကြည်တတ်ကြပါတယ်။ (၁)သုတ်ရေထဲမှာလူသေးသေးလေးတွေရှိနေမယ်လို့ယုံကြည်ကြခြင်း မှန်ပါတယ်။၁၇ -၁၈ရာစုကသိပ္ပံပညာရှင်များဟာ သုတ်ရေထဲမှာလူသေးသေးလေးတွေရှိမယ်လို့ထင်နေကြပါတယ်။ထိုအပြင်သူတို့တွေဟာသုတ်ရေတွေထဲမှာကလေးပေါင်းများစွာကိုဖွဲ့စည်းထားတယ်လို့ထင်ကြပြီး ကျန်ရှိနေခဲ့တဲ့တစ်ခုကသာ ကလေးအဖြစ်ကြီးထွားဖွံဖြိုးလာတယ်လို့ထင်ကြပါတယ်။အမျိုးသမီးတွေကိုတော့ ကလေးလက်ခံကြီးထွားစေနိုင်တဲ့နေရာတစ်ခုအဖြစ်သာထင်မြင်နေခဲ့ကြပါတယ်။နောက်ပိုင်းလူတွေမှာတော့ဒီယုံကြည်ချက်နဲ့ပက်သက်ပြီးတစ်ဖြည်းဖြည်းစိတ်ခေါ်မှုတွေများလာခဲ့ပါတယ်။ဒါကတော့နောက်ယူဆချက်တစ်ခုပေါ်လာတာဖြစ်ပြီး ဒီယူဆချက်ကတော့ ကလေးတွေရဲ့မူလအစဟာအမျိုးသမီးခန္ဓာကိုယ်ထဲမှာတည်ရှိနေတာဖြစ်ပြီး ဒါကိုအမျိုးသားရဲ့သုတ်ရေတွေကသွားရောက်နှိုးဆွပေးကာကလေးတစ်ဦးဖြစ်တည်လာတယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။ဒါပေမယ့်ဒါတွေကတော့တစ်ခုမှမမှန်ခဲ့ပါဘူး။ (၂)တိရစ္ဆာန်များကိုအမှုစစ်ဆေးခြင်း အတိတ်ကာလကတိရိစ္ဆာန်တွေဟာရာဇဝတ်သားတွေအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ထိုရာဇဝတ်သားတိရိစ္ဆာန်တွေကိုရှေ့နေတွေတရားသူကြီးတွေနဲ့တရားရုံးမှာ အမှုစစ်ဆေးတရားစွဲဆိုကြပါတယ်။အကယ်၍သူတို့ဟာပြစ်မှုထင်ရှားပါက ထောင်ချတာတွေနဲ့ကွပ်မျက်တာတွေလုပ်ခြင်းကိုခံကြရပါတယ်။ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့Lausanne မှာရှိတဲ့ ဥယျာဉ်တစ်ခုအတွင်းက ခူကောင်များကို ဥယျာဉ်ထဲကအပင်တွေစားသုံးတာကြောင့်တရားစွဲဆိုခဲ့ကြပါတယ်။ထိုအမှုအတွက် ခူကောင်များကိုမြို့ကနှင်ထုတ်တာနဲ့ဥယျာဉ်အတွင်းကနေတစ်ကောင်မကျန်ဖယ်ရှားပစ်ဖို့အမိန့်ချမှတ်ခဲ့ကြပါတယ်။ (၃)ပစိဖိတ်သမုဒ္ဒရာထဲတွင်တိုက်ကြီးတစ်ခုရှိနေမယ်လို့ယုံကြည်ခြင်း ရှေးအခါတုန်းကနိုင်ငံအတော်တော်များများကလူတွေဟာပစိဖိတ်သမုဒ္ဒရာထဲတွင်တိုက်ကြီးတစ်ခုရှိနေခဲ့ကာနှစ်မြုပ်ပျောက်ကွယ်သွားတယ်လို့ယုံကြည်နေကြပါတယ်။ထိုတိုက်ကြီးကိုခေါ်ဆိုကြတဲ့နာမည်တွေကတော့ Pacifida, Mu သို့မဟုတ် Lemuria လို့ခေါ်ကြပါတယ်။အီစတာကျွန်းတာဟာအကောင်းဆုံးဥပမာပေးလို့ရတဲ့သက်သေတစ်ခုဖြစ်ပြီး ထိုတိုက်ကြီးဟာလည်းတဖြည်းဖြည်းရေအောက်ကိုနှစ်ဝင်လာကာ နောက်ဆုံးမှာလုံးဝနှစ်မြုပ်သွားတယ်လို့ဆိုပါတယ်။ (၄)gladiatorရဲ့သွေးဟာဝက်ရူးပြန်ရောဂါကိုကုသနိုင်တယ်လို့ယုံကြည်ထားခြင်း(gladiator=ရောမခေတ်ကတိရိစ္ဆာန်တွေနဲ့သတ်ပုတ်ကစားပြသူ) ရှေးခေတ်ရောမကgladiatorတွေဟာ တိုက်ခိုက်မှုမပြုမှီ ခွန်အားနဲ့ခံနိုင်ရည်တွေပိုမိုရရှိစေဖို့အတွက် သူတို့ရဲ့သွေးအားနတ်ဘုရားတွေဆီမှာယစ်ပူဇော်လေ့ရှိကြပါတယ်။ထိုစစ်သည်တော်တွေရဲ့သွေးဟာအံ့ဖွယ်ကောင်းလှတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်လို့လူတွေယုံကြည်ကြပါတယ်။ရောမခေတ်စာရေးဆရာတွေရေးသားချက်အရ ဝက်ရူးပြန်ရောဂါခံစားနေကြရသူတွေဟာ ထိုစစ်သည်တော်တွေရဲ့သွေးကိုသောက်သုံးလေ့ရှိပြီး ဘဝအတွက်အလွန်အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်တယ်လို့လည်းဆိုပါတယ်။ (၅)ကလေးတွေဟာနာကျင်မှုတွေကိုမခံစားနိုင်ဘူးလို့ယုံကြည်နေကြခြင်း ကလေးငယ်တွေဟာနာကျင်မှုတွေကိုမခံစားရဘူးလို့ပေါက်ကရယုံတမ်းစကားတွေကိုဆက်လက်ဖော်ပြခဲ့ကြသောလွန်ခဲ့သော နှစ်(၃၀)ခန့်လောက်ကထိုအချက်ဟာမှားယွင်းကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ယုံကြည်သူတွေက ကလေးငယ်ရဲ့ဦးနှောက်ဟာ နာကျင်မှုကိုခံစားဖို့မဖွံ့ဖြိုးသေးတာကြောင့်နာကျင်မှုကိုမခံစားနိုင်ဘူးလို့ယုံကြည်နေခဲ့ကြပါတယ်။ထိုကြောင့်အတိတ်ကာလကဆရာဝန်တွေဟာကလေးငယ်တွေကိုမေ့ဆေးမပေးဘဲခွဲစိတ်ကုသမှုတွေပြုလုပ်ကြပြီး အကယ်၍ထိုကလေးငယ်ဟာငိုခဲ့ပါက သူတို့ရဲ့အကျင့်ဆိုးကြောင့်သာဖြစ်တယ်လို့ထင်နေခဲ့ကြပါတယ်။

တစ်ညတာအိပ်ပျော်နေတဲ့ပုံကိုStream လွှင့်ရင်းဒေါ်လာ ၁၆၀၀၀ရရှိခဲ့တဲ့ Streamer တစ်ဦး

အိပ်ပျော်တဲ့သူတစ်‌ေယာက်ဟာ နိုးကြားတဲ့သူထက် ၀င်ငွေရှာဖို့ ပိုပြီးမလွယ်ကူလှပါဘူး။ ဒါပေမဲ့ လူတော်တော်များများဟာ တဖြည်းဖြည်း ကျော်ကြားမှုအသစ် လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိလာတဲ့အခါမှာ Sleeping influencersဆိုပြီး ရူးကြောင်ကြောင် လမ်းကြောင်း‌ရှိလာခဲ့ပါတယ်။ တစ်ညတာအိပ်ပျော်နေတဲ့ညမှာ စိတ်ရူပ်ထွေးမှုတွေရှိနိုင်ပေမယ့် အိပ်ရာထဲမှာလဲလျောင်းရင်းဝင်ငွေရှာတာဟာ Twitch Streamer အတွက်ဝင်ငွေကောင်းတဲ့အရင်းအမြစ်တစ်ခုလို့ထင်ရပါတယ်။ Asian Andyအမည်ရှိသူတစ်ယောက်ဟာအိပ်စက်ပြီး ငွေဝင်တဲ့ sleep streamerတစ်ဦး ဖြစ်ပြီးသူ့ရဲ့နာမည်အရင်းကတော့ stevenလို့ခေါ်ပါတယ်။ Asian Andyဟာ သူ ညအိပ်နေသည်ကို တိုက်ရိုက်လွှင့်နေစဉ်ကြည့်ရှုသူများရဲ့ Donate ပေးခြင်းမှတစ်ဆင့် $ 16K ရရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် Andy ဟာ ကောင်းကောင်းအိပ်မပျော်သော်လည်း တစ်ညတည်းသောတိုက်ရိုက်live streamကြည့်ရှုသူများ၏ Donateများမှဒေါ်လာ 16K ရရှိခဲ့ပါတယ်။ သူဟာ အိပ်ရာပေါ်တွင် သူ့ကိုယ်သူ ရိုက်ကူးနေစဉ် ကြည့်ရှူ့သူများဟာ သူအိပ်နေတဲ့တာကိုကြည့်ရှူပြီး သူ့ကို … Read more

ကမ်းခြေပေါ်မှာလာတင်နေသောထူးဆန်းသည့်အရာများ

ကမ်းခြေမှာ လည်ပတ်အပန်းဖြေရခြင်းကို လူတိုင်းနှစ်သက်ကြပါတယ်။သဲသောင်ပြင်ပေါ်လမ်းလျောက်ရတာတွေ ၊ ရေလှိုင်းရဲ့ သာယာငြိမ့်ညောင်းသောအသံ နှင့် နေရောင်အပူနွေးနွေးလေးတို့က ဘယ်အရာနဲ့မှ မတူညီပါဘူး။သိုပေမယ့်ပင်လယ်ဟာအံ့ဩဖွယ်ရာများနှင့်ပြည့်နှက်နေတတ်ပါတယ်။ယခုဆောင်းပါးမှာတော့ကမ်းခြေကိုမျောပါလာကာသောင်တင်နေတဲ့ထူးဆန်းတဲ့အရာအချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (၁)Snowballs ၂၀၁၆ခုနှစ်နို၀င်ဘာလတွင်ဆိုက်ဘေးရီးယားရှိကမ်းခြေတစ်ခု၌ထောင်ပေါင်းများစွာသော snowballs များပေါ်လာခဲ့ပါတယ်။Snowballsများသည် လေနှင့်အေးခဲသောရာသီဥတုကြောင့် အာတိတ်စက်ဝိုင်းရှိရုရှားကမ်းရိုးတန်း ၁၁ မိုင်အကွာတွင် ပေါ်လာခဲ့ပါတယ်။ထိုအရာဟာအမှတ်မထင်တွေ့ရှိခဲ့သောအရာပြီးပထမဆုံးအကြိမ်မြင်ဖူးသောအရာလည်းဖြစ်ပါတယ်။ (၂)Sea Glass Creatures Jellyfish နှင့်တူသောဤအပြာရောင်ဖန်သားကဲ့သို့ ပင်လယ်သတ္တဝါများသည် U.S ကိုဖြတ်၍လေးပတ်မှခြောက်ပတ်လျှင်တစ်ကြိမ်ကမ်းခြေ၌ပေါ်လေ့ရှိပါတယ်။၎င်းသတ္တဝါများသည် ပြားသောသဏ္ဌာန်ရှိပြီး ရေပေါ်မျောနေကာ တြိဂံပုံရွက်လွှင့်၍ လေကိုပင်လယ်မှတစ်ဆင့်လမ်းပြပေးပါတယ်။ (၃)Scary Fish များသောအားဖြင့် ပင်လယ်သတ္တဝါများသည် မရေမတွက်နိုင်လောက်အောင် ကမ်းခြေများပေါ်သို့မျောပါသွားကြပါတယ်။သို့သော်ယခုတစ်ကြိမ်တွင်သင်ထွက်ပြေးချင်‌ လောက်အောင်အလွန်ကြောက်စရာ‌ ကောင်းသည့်ငါးတစ်ကောင်သည် Mooloolaba သဲသောင်ပြင်ပေါ်သို့မျောပါလာခဲ့ပါတယ်။ပင်လယ်၏အနက်ရှိုင်းဆုံးနေရာများတွင်နေထိုင်သော ဤကြောက်မက်ဖွယ်သတ္တဝါသည် ချွန်ထက်သောသွားများနှင့်ထူးခြား‌ သောအစိတ်အပိုင်းများပါရှိသည့်ရှားပါးမျိုးစိတ် တစ်ခုလဲဖြစ်ပါတယ်။ထို့အကြောင်းအရာများကြောင့် “Hell Fish” ဟုလည်း ခေါ်ဝေါ်ခဲ့ကြပါတယ်။ (၄)Jellyfish ထိုအရာများကတော့တစ်ချိန်တည်းမှာကံဆိုးခြင်းနှင့်လှပခြင်းနှစ်ခုလုံးဖြစ်ပေါ်နေသလိုပါပဲ။ ပုံမှန်အားဖြင့်သမုဒ္ဒရာထဲမှာနေထိုင်ကြတဲ့ Velella လို့ခေါ်တဲ့သန်းထောင်နဲ့ချီ‌ သောအပြာရောင်Jellyfishများဟာအမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်းခြေတစ်လျှောက်တွင်ပြန့်ကျဲနေတာကိုတွေ့ရှိခဲ့ပါတယ်။သူတို့သည်ကယ်လီဖိုးနီးယားကမ်းခြေတွင် … Read more

Photoshop ပညာရှင် James Fridman နောက်ပြောင်ပြောင်းလဲပေးလိုက်တဲ့ရယ်စရာဓာတ်ပုံများ

James Fridmanဆိုဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်တဲ့ graphic designerတစ်ဦးဖြစ်ပါတယ်။သူသည် ကမ္ဘာတစ်ဝှမ်းရှိလူများရဲ့ Photoshop တောင်းဆိုမှုများကို ပြုလုပ်ပေးရာမှ လူသိများလာခဲ့ပါတယ်။လူတွေ၏ဆန္ဒအတိုင်းနောက်ပြောင်ဖြည့်ဆည်းပေးများပြုလုပ်သော်လည်း Jamesတွင် ကမ္ဘာတစ်ဝှမ်း ပရိသတ်သန်းကျော် ရှိပြီးသူတို့၏ဓာတ်ပုံများကို ဆက်လက်ပို့နေကြပါတယ်။အောက်တွင် သူပြုလုပ်ထားသော Photoshop များအားစုစည်းဖော်ပြပေးထားပါတယ်။ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21.