ကျွန်တော်တို့ရင်းနှီးတဲ့ထုတ်ကုန်တွေရဲ့မူလအစပုံရိပ်များ-ဓာတ်ပုံ(၂၀)

ယ​နေ့ခေတ်မှာ Apple (သို့) Samsung ပစ္စည်းကိုမတွေ့ဘူးတဲ့သူကိုရှာတွေ့နိုင်မှာမဟုတ်​တော့ပါဘူး။ သို့သော်ထိုကုန်အမှတ်တံဆိပ်များစတင်ပေါ်ပေါက်ချိန်ကနဲ့လုံးဝကွဲပြားခြားနားသောအသွင်အပြင်​တွေကို‌ တော့ယနေ့ခေတ်မှာ မြင်​တွေ့ဖို့ ခဲယဥ်းသွားပြီဖြစ်ပါတယ်။ (၁)ပထမဆုံး​သော Apple ကွန်ပျူတာ (၂)ပထမဆုံး​သော Ford အမှတ် တံဆိပ် Model A ကား (၃)ပထမဆုံး​သော ​ရေခဲ​သေတ္တာ (၄)ပထမဆုံး​သော Samsung တီဗီ (၅)ပထမဆုံး​သော မိုဘိုင်းတယ်လီဖုန်း (၆)ပထမဆုံး​Version ဖြစ်​သော ကွန်ပျူတာ Microsoft Windows (၇)ပထမဆုံး​သော IKEA ရဲ ကြော်ငြာမျက်နှာဖုံး (၈)ပထမဆုံး​သော Cannon တံဆိပ် ကင်မရာ (၉)ပထမဆုံး​သော Lego သစ်သားဘဲအရုပ် (၁၀)Harley Davidson ရဲ့ပထမဆုံး​သော ​မော်​တော်ဆိုင်ကယ် (၁၁)Starbucks ရဲ့ ပထမဆုံး​သော ​ကော်ဖီဆိုင် (၁၁)ပထမဆုံး​သော Hp တံဆိပ် လပ်တော့ (၁၂)ပထမဆုံး​သော … Read more

သုံးနေကြပစ္စည်းများရဲ့ အတွင်းပိုင်းထဲက စိတ်၀င်စားစရာ တွေ့ရှိမှုများ – ဓာတ်ပုံ (၂၁) ပုံ

စူးစမ်းလိုစိတ်ပြင်းထန်တဲ့သူများဟာ တခါတလေပစ္စည်းတစ်ခုရဲ့ အတွင်းထဲ၌ ဘယ်လိုကွဲပြားခြားနားတဲ့အရာများ အံ့ဩစွာ ထွက်ပေါ်လာမလဲဆိုတာ သိလိုကြပါတယ်။ဒါကြောင့်ဘဲ သူတို့တွေစပ်စုရင်းနဲ့ ရရှိလာတဲ့ရလာဒ်တွေက မထင်မှတ်ထားလောက်အောင် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ (၁)ဒီပစ္စည်းရဲ့ အတွင်းပိုင်းကို သွားတိုက်ဆေးဗူးခွံတွေနဲ့ပြုလုပ်ထားပါတယ်။ (၂)ချောကလက်လို့ထင်မိခဲ့ပေမယ့် (၃)ဒီအဝတ်လှန်းကြိုးရဲ့အတွင်းမှာတော့ မစ်ကီးမောက်ပုံပါတဲ့ အ၀တ်စလေးတစ်ခုရှိနေခဲ့ပါတယ်။ (၄)ကွဲနေတဲ့ဘိလိယက်သီးထဲမှာတွေ့ရတဲ့နောက်ထပ်ဘောလုံးတစ်လုံး။ (၅)ဒီစားပွဲရဲ့ အတွင်းပိုင်းကို ကတ်ထူပြားတွေနဲ့လုပ်ကွက်ထည့်ထားပုံ။ (၆)ခွေးဖျက်ဆီးလိုက်တဲ့ အမွှေးပွအရုပ်လေးကနေအသဲပုံတစ်ခုထွက်လာ။ (၇)ဝက်အူလှည့်အသေးကိုဘဲ လက်ကိုင်အကြီးတစ်ခုနဲ့ ငုံထားတာကိုတွေ့ရစဉ်။ (၈)ဘိုလင်းဘောလုံးရဲ့အတွင်းပိုင်း။ (၉) ၉ဗို့ ဘတ်ထရီတုံးအတွင်းပိုင်းမှာတွေ့ရတဲ့ 6Aဓာတ်ခဲများ။ (၁၀)သစ်ပင်တစ်ပင်ကိုခြမ်းလိုက်တဲ့အခါမှာနောက်ထပ်သစ်ပင်သေးတစ်ခုကိုထပ်တွေ့ရစဉ်။ (၁၁)လက်တော့ပ်ထဲကနေ ပေတံတစ်ချောင်းထွက်လာပုံ။ (၁၂)အတွင်းမှာဒေါင်လိုက်ကြီးဖြစ်နေတဲ့Kit Katချောကလက်။ (၁၃)ဘီယာဗူးထဲကနေ ဘီယာနောက်တစ်ဗူးထပ်တွေ့ရပုံ ၊ ကံစမ်းမဲများပေါက်တာလား။ (၁၄)ကြွေဖားရုပ်ကို ခွဲလိုက်တဲ့အခါ အထဲမှာ အရုပ်နှစ်ရုပ်ရှိနေတာကိုတွေ့ရပါတယ်။ (၁၅)စိတ်ဝင်စားစရာကောင်းတဲ့ဂေါက်သီးရဲ့အတွင်းပိုင်း။ (၁၆)အပြင်မှာကပ်ထားတဲ့ပလတ်စတစ်ကို ခွာလိုက်တဲ့အခါမှသိလိုက်ရတဲ့ဂျင်းထည့်မှု။ (၁၇)ဒီစပျစ်သီးထဲမှာ နောက်ထပ်စပျစ်သီးအသေးလေးရှိနေပါသေးတယ်။ (၁၈)ဒီဘရာရဲ့အတွင်းပိုင်းကတော့ လက်နဲ့ကိုင်ထားသလိုခံစားစေရမှာဖြစ်ပါတယ် ။ (၁၉)Bocce ဘောလုံးအတွင်းပိုင်းမှာတွေ့ရတဲ့ဘိလိယက်သီးအပိုင်းအစများ။ … Read more

ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံး ဆယ်ဖီပုံများ-ဓာတ်ပုံ(၂၂)ပုံ

သင့်ဖုန်းနဲ့ ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ခြင်းဟာ ပျင်းစရာကောင်းတယ်ဆိုတဲ့ သူများအတွက် – လူတစ်ချိူ့ရဲ့ ဓာတ်ပုံတီထွင်ဆန်းသစ်ဖန်တီးနိုင်မှုဟာ လုံး၀ပြီးပြည့်စုံလှတယ်ဆိုတာကို ဒီဆယ်ဖီပုံတွေက သက်သေပြနေပါတယ်။ (၁) Selfie တုတ်တီထွင်ခဲ့ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သင့်ကို မပျင်းရိစေပဲ ကိုယ့်ကိုယ်ကို ဓာတ်ပုံကောင်းကောင်းရိုက်ပြနိုင်ဖို့ပဲ ဖြစ်ပါတယ်။ (၂) ရေလှိုင်းစီးကျွမ်းကျင်သူ ဖြစ်ရုံသာမက အကောင်းဆုံးရိုက်ချက်နဲ့ ဓာတ်ပုံရိုက်နိုင်တဲ့ သူတစ်ဦးပါ ဖြစ်နေသောအခါ။ (၃) လူတိုင်းမှာ ဆယ်ဖီ ဆွဲတိုင်း ဒီလိုသူငယ်ချင်းမျိုး ရှိတတ်ကြပါတယ်။ (၄) ဘီယာကို အေးဆေးသောက်နိုင်မယ့် နေရာကို တွေ့သွားကြတဲ့ ဘရာဇီးသားများ။ (၅) အင်စတာဂရမ်မှာ တင်ထားတဲ့ သူ့သမီးရဲ့ ဓာတ်ပုံတွေအတိုင်း လိုက်ရိုက်ကူးထားခဲ့တဲ့ ဖခင်တစ်ဦး။ (၆) ဩစတြေးလျ တိရစ္ဆာန်ရုံမှ ဆယ်ဖီတစ်ပုံ ။ (၇) Allan Dixon ဟာ … Read more

စိတ်ပျက်ဖွယ်ကောင်းလှတဲ့အလွဲတွေကိုဖော်ပြထားသောဟာသဓာတ်ပုံများ-(၂၇)ပုံ

တစ်ခါတစ်လေမှာ ကမ္ဘာကြီးဟာ ပဟေဠိဆန်လှပါတယ်- သာယာလှပတဲ့ရှူခင်းများ ၊ မယုံနိုင်စဖွယ်ပုံများ နဲ့ စိတ်ပျက်စရာကောင်းသော အခြေနေများ ကိုမျှဝေပေးလိုက်ပါတယ်။ (၁)တောင်အာဖရိက နိုင်ငံ ဂျိူဟန်နက်စ်ဘတ်ရှိ စူပါမားကတ်တစ်ခုက ရေခဲသေတ္တာအတွင်းတွင် ၄မီတာရှည်တဲ့မြွေကြီးတစ်ကောင်ကို လူတစ်ဦးကတွေ့ရှိခဲ့ပါတယ်။ (၂)Avengers ပရိသတ်သာဆိုလျှင် ဘာကွဲပြားနေလဲ သိလောက်မှာပါ။ (၃)အရင်က သင်္ချာပေါင်းလဒ်ကို ဒီဂဏန်းပေါင်းစက်ကြောင့် တွေဝေမိစေခဲ့တယ်။ (၄)၀က်ဖမ်းသမားကိုဖြစ်ရော။ (၅)ခေါင်းမပါတဲ့သူများအတွက် သီးသန့်အိမ်သာ။ (၆)ကားဒဏ်ရာ သက်သာဖို့ ဟမ်ဆာပလပ် ကပ်ထားပေးပါတယ်။ (၇)ဂိတ်အမှတ် (၁၀)ကိုဘယ်လိုသွားရမလဲ။ (၈)ဘယ်လိုတောင် တော်တဲ့ အိုင်ဒီယာလဲ။ (၉)မျက်မှန်းနဲ့ရမ်းသမ်းဆွဲလိုက်သောအခါ။ (၁၀)လိုက်ကာကိုဘယ်သူချုပ်ပေးလိုက်တာပါလဲ? (၁၁)အားကစားကွင်းတစ်ခုမှ တစ်နှစ် ပိတ်ပင်ထားခြင်းခံရသော ဘောလုံးပရိသတ်တစ်ယောက် ကရိန်းငှားလာပြီး အားပေးနေပုံ။ (၁၂)ဖိနပ်စီးတာလား ကားစီးတာလား။ (၁၃)ဘယ်ခလုတ်ကိုနှိပ်ပြီးသွားရမှာလည်းဟ။ (၁၄)မြွေတစ်ကောင်လိုထင်သွားစေနိုင်တဲ့ဘောင်းဘီ။ (၁၅)ကြည့်ရင်းနဲ့စားချင်စိတ်ပေါက်လာမယ့်ခေါင်းစွပ်။ (၁၆) (၁၇)ဟာရီကိန်း မုန်တိုင်းက အိမ်တွေကိုဖျက်စီးသွားတာလား။အမှန်တကယ်တော့ကြော်ဌာဗီနိုင်းတွေကွာကျနေတာပါ။ (၁၈)တခြားနေရာမှာတပ်လို့မရလို့လားဟ … Read more

စားသောက်ရန်မသင့်တော်သောငါးအမျိုးအစား(၅)မျိုး

ငါးတွေဟာစားသောက်ရတာအရသာရှိပြီးကျန်းမာရေးကောင်မွန်တယ်ဆိုတာကိုကျွန်တော်တို့တော်တော်များမျးကတော့သိထားပြီးသားဖြစ်မှာပါ။ဒါပေမယ့်ယခုဖော်ပြမယ့်ငါးတွေကတော့ ကျွန်တော်တို့ကိုကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်စေတာကိုတွေ့ရပါတယ်။ ယခုဆောင်းပါးထဲမှာတော့ ကျွန်တော်တို့အတွက်စားသောက်ရန်မသင့်တော်သောငါးအမျိုးအစား၅မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (၁)ငါးခူ ငါးခူတွေဟာ မွေးမြူရေးသမားတွေစိတ်ကြိုက်အတော်အတန်ကြီးထွားနိုင်ကြပါတယ်။အထူးသဖြင့်အာရှမှတင်သွင်းသောငါးခူများဟာ မြန်မြန်ကြီးထွားစေဖို့အတွက် များစွာသော ငါးမွေးမြူရေးသမားတွေဟာဟော်မုန်းတွေကိုကျွေးကြပါတယ်။ဒါပေမယ့်လို့ လွတ်လပ်စွာပင်လယ်ထဲမှာကြီးထွားကြတဲ့ ငါးခူတွေကတော့ အန္တာရာယ်ကင်းပြီး အာဟာရဓာတ်တွေလည်းကြွယ်ဝစွာပါဝင်ကြပါတယ်။ (၂)မက်ကရယ်ငါး မက်ကရယ်ငါးတွင် ပါဝင်သော မာကျူရီဓာတ်ဟာ ခန္ဓာကိုယ်တွင် တဖြေးဖြေးစုဆောင်းလာပြီး ရောဂါများကိုဖြစ်စေနိုင်ပါတယ်။အတ္တလန္တိတ် မက်ကရယ်ငါးဟာ အန္တရာယ်အနည်းဆုံးဖြစ်ပြီးသင်ကြိုက်သလောက်စားနိုင်ပါတယ်။ (၃)တူနာငါး တူနာငါးတွင်လည်း မာကျူရီဓာတ်များစွာပါ၀င်ပြီး အထူးသဖြင့် အနက်ရောင်နှင့် အပြာရောင်ငါးများတွင်ပိုမိုပြီးပါဝင်တတ်ပါတယ်။ထို့အပြင် တူနာငါးများဟာမျိုးတုန်းနီးနီးဖြစ်လာတာကြောင့် တူနာတွေကိုများစွာမွေးမြူလာကြပါတယ်။အဓိကစားသုံးနေသောတူနာငါးများ အားလုံးဟာ antibioticsနှင့် ဟော်မုန်းများကိုကျွေးထားသော မွေးမြူရေးကန်များမှလာတာပဲဖြစ်ပါတယ်။ (၄)တီလာပီးယားငါး တီလာပီးယားငါးမှာတော့ ကျန်းမာတဲ့ အက်စစ်နဲ့အဆီတွေများစွာပါဝင်ခြင်းမရှိဘဲချက်ပြီးသားဝက်ဆီကဲ့သို့အဆီဓာတ်တွေတော့ကြွယ်ဝစွာရှိနေပါတယ်။ဒီငါးကို အလွန်အကျွံစားသုံးခြင်းဟာ ကိုလက်စထရောဓာတ် ကိုမြင့်တက်စေပြီး ခန္ဓာကိုယ် ဓာတ်မတည့်မှုများဖြစ်စေကာ လူကိုထိခိုက်စေနိုင်ပါတယ်။ (၅)ငါးရှဉ့် ငါးရှဉ့်ဟာအဆီဓာတ်တွေများစွာပါဝင်ပြီးငါးရှဉ့်ဟာစက်ရုံတွေနဲ့လယ်ယာတွေကထွက်လာတဲ့အညစ်အကြေးတွေကိုလည်းအလွယ်တကူစုပ်ယူတတ်ကြပါတယ်။အမေရိကန်ငါးရှဉ့်မျိုးစိတ်တွေကတော့အဆိပ်သင့်စေတဲ့ဓာတ်တွေများစွာပါဝင်ပါတယ်။ဥရောပမျိုးစိတ်တွေကတော့ညစ်ညမ်းတဲ့အရာတွေနဲ့မာကျူရီဓာတ်တွေများစွာပါဝင်နေပါတယ်။

နာမည်ကျော် National Geographic မဂ္ဂဇင်းကို လွှမ်းမိုးနိုင်ခဲ့သော Instagram မှ စိတ်လှုပ်ရှားဖွယ်ဓာတ်ပုံများ

သဘာ၀တရားကြီးဟာ အစဉ်အမြဲ အံ့ဩဖွယ်ရာများကို ယူဆောင်လာတတ်ပါတယ်။ ထို့အပြင် National Geographic မဂ္ဂဇင်းမှ ရွေးချယ်ထားသော ဓာတ်ပုံများတွင် သဘာ၀တရားကြီးကို အမြင်တစ်မျိုးဖြင့် တွေ့နိုင်ပါတယ်။ #natgeo100contest , hashtag ဖြင့် ရိုက်ကူးထုတ်ဖော်ပြသော ကျော်ကြားတဲ့ ထိုမဂ္ဂဇင်းဟာ အင်စတာဂရမ်တွင် သန်း ၁၀၀ followers ရှိပြီး ကမ္ဘာ့နယ်ပယ်အရပ်ရပ်မှ  followers များရိုက်ကူးထားတဲ့ အလွန်လှပတဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဗျိုင်းတစ်ကောင်နဲ့ ဖားတစ်ကောင်ရဲ့ အသက်လုတိုက်ပွဲ။ (၂) မြင်းကျားတွေ ရေသောက်နေတဲ့နေရာကို နွားရိုင်းတွေ နေရာလာလုပုံ။ (၃) စက္ကူလေယာဉ်ပျံကြီးတစ်ခုလို ဖြစ်နေတဲ့ လေယာဉ်တစ်စင်း အနီးကပ်ပျံသန်းနေပုံ (၄) မှောင်ရီပျိုးစအချိန်မှာ တွေရတဲ့ သစ်ကုလားအုတ်များ။ (၅) ပင်လယ်ကြမ်းပြင်အောက်မှာ တွေ့ရတဲ့ ငါးလိပ်ကျောက်တစ်ကောင်နဲ့ ရေငုတ်သမားတစ်ဦး။ (၆) … Read more

ကမ္ဘာတစ်ဝှမ်းရှိလူများကြိုက်နှစ်သက်ကြသောသေစေနိုင်လောက်တဲ့အစားစာများ

ကျွန်ုပ်တို့ဟာ အရမ်းအရသာရှိတဲ့ အစားစာကို ငြင်းလို့မရတာကိုတော့ နားလည်ပါတယ်။ဒါပေမဲ့ တချို့လူများဟာ ထူးထူးဆန်းဆန်း ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သော ဟင်းများကိုစားကြပါသလဲ။အချို့ ရိုးရာ ထုံးတမ်းစဉ်လာ အစားစာများကိုလည်း ရှင်းပြနိုင်ဖို့အတွက် ခဲယဉ်းပါတယ်။ယခုဆောင်းပါးမှာတော့ကမ္ဘာတစ်ဝှမ်းရှိလူများကြိုက်နှစ်သက်ကြသောသေစေနိုင်လောက်တဲ့အစားစာများ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ (၁)လင်းနို့စွပ်ပြုတ် လင်းနို့များဟာ အာရှရိုးရာအစဉ်အလာအစားအစာတစ်ခုဖြစ်ပြီး “ဂူထဲက ကြက်သား ” ဟု မကြာခဏ ရည်ညွှန်းဖော်ပြလေ့ရှိကြပါတယ်။ စားဖိုမှူးများဟာ လင်းနို့တစ်ကောင်လုံးကို စွပ်ပြုတ်ဟင်းချိုအိုးထဲထည့်ပြီး ပြုတ်ကြပါတယ်။လင်နို့အသားဟာ အရမ်းအရသာရှိပြီး ‌အနာ ရောဂါကို ပျောက်စေတဲ့ အရည်သွေးရှိတယ်လို့ ပြောကြပါတယ်။ဒါပေမဲ့ လင်းနို့များဟာ ရောဂါပိုးမွှားများကို သယ်ဆောင်နိုင်သဖြင့်ကျွန်တော်တို့အနေနဲ့စားသောက်ဖို့မသင့်တော်တဲ့အစားအသောက်အနေနဲ့ရှိနေပါတယ်။ (၂)Ackee fruit Ackee အသီးဟာဂျမေကာနိုင်ငံရဲ့ရိုးရာအသီးတစ်ခုဖြစ်ပါတယ်။ ထိုအသီးမှာတော့အလွန်အဆိပ်ဖြစ်စေသော hypoglycin A နှင့် hypoglycin B အဆိပ်တို့ ပါရှိတယ်။Ackee အသီးများဟာ စားသုံးနိုင်သော်လည်း သူရဲ့အစေ့ဟာ အဆိပ်ရှိပါတယ်။အသီးကိုစားပြီးနောက် အဆိပ်သင့်လာလျှင် … Read more

ထူးဆန်းတဲ့ပုံစံနဲ့ပေါက်နေတဲ့သစ်ပင်များနဲ့စွန့်ပစ်နေရာကသဘာဝအလှများ-ဓာတ်ပုံ(၂၃)ပုံ

“အကယ်၍ မင်းကကျူးလွန်ခဲ့မယ်ဆိုရင်နည်းလမ်းတစ်ခုအမြဲရှိတယ်” ဟုအမေရိကန်စာရေးဆရာနှင့်စီးပွားရေးစွမ်းဆောင်ရှင်တိုနီရောဘင်ကပြောကြားခဲ့သည်။သဘာဝတရားသည်ဤအဆင့်တွင် ကျွမ်း​ကျင်​ပြီး​ကောင်းမွန်​သော ဘဝနည်းပြတစ်ဦးအ​နေဖြင့်အမှန်ပင် တည်ရှိ​နေသည်။ (၁)စိတ်လွတ်ကိုယ်လွတ်ကိုကုတ်တွယ်နေတဲ့အမြစ်များ။ (၂)သဘာဝတရားသည်လူသားတွေနှင့်ယှဥ်ရင်တောင် သဘာဝတရားကနိုင်​နေတုန်းပဲ (၃)ဘာတွေဘဲကာဆီးနေပါစေသူကတော့ဆက်လက်ရှင်သန်မယ့်ပုံဘဲ။ (၄)လဲကျနေတဲ့သစ်ပင်ပေါ်ကနေသစ်ပင်၄ပင်ထပ်ပေါက်နေပုံ။ (၅)လေထဲမှာအမြစ်မတွယ်နိုင်ဘူးဆိုတာကိုမှားယွင်းကြောင်းသက်သေ ပြနေတဲ့သစ်ပင်။ (၆)တစ်ဝက်ကျိုးနေတဲ့အနေအထားကနေဆက်လက်ရှင်သန်နေတဲ့သစ်ပင်။ (၇)အိမ်နံရံကိုကပ်တွယ်ကာပေါက်နေတဲ့သစ်ပင်။ (၈)ဗုံးဆံတစ်လုံးကိုမြိုထားတဲ့သစ်ပင်။ (၉)ကတ္တရာလမ်းမကြားကနေမရမ‌ကရှင်သန်နိုင်ဖို့ကြိုးစားနေတဲ့သစ်ပင်။ (၁၀)Hong Kong မြို့မှာရှိ​သော ကွန်ကရစ်​တွေကို အနိုင်ယူထားသည့် သစ်ပင် (၁၁)Bangkokမြို့ရဲ့ စွန့်ပစ်ထားခံရ​သော ​စျေးဝယ်စင်တာတစ်ခု (၁၂)မြေကြီးထဲကို သူ့ရဲ့အမြစ်တွေရောက်နိုင်ဖို့မရမကကြိုးစားနေသောသစ်ပင်။ (၁၃)Australiaနိုင်ငံ၏Sydneyမြို့မှာရှိ​သော ၁၀၂ နှစ်သက်တမ်းရှိ သ​​​ေင်္ဘာပျက်​လေး (၁၄)စန္ဒာယားကြားကနေထိုးထွက်ကာပေါက်နေတဲ့သစ်ပင်။ (၁၅)မရမကရှင်သန်နိုင်ဖို့ရုန်းကန်နေတဲ့သစ်ပင်ငယ်လေး။ (၁၆)ပင်လယ်ရဲ့တိုက်စားခြင်းကိုခံစား​နေရ​သော ရှရှားနိုင်ငံထဲက စွန့်ပစ်အ​ဆောက်အဦး​လေး (၁၇)ဝါရှင်တန်မြို့ရဲ့Vashon ကျွန်းမှာရှိတဲ့ သစ်ပင်ရဲ့ဝါးမျိုခြင်းခံရ​သော စက်ဘီး​လေး (၁၈)ရုပ်ထုတစ်ခုလုံးကိုဝါးမြိုထားတဲ့သစ်ပင်။ (၁၉)​စွန့်ပစ်ခံရထားလမ်းဟောင်းလေး။ (၂၀)၁၉၃၄ကတည်းက စွန့်ပစ်ခဲ့ကြ​​​ပြီး ပန်းအနည်းငယ်​ပေါက်​နေ​သော Paris ရထားလမ်း​ (၂၁)စွန့်ပစ်ထား​သော ဟိုတယ်အခန်း (၂၂)ကျောက်တုံးကိုကွေ့ကာရှင်သန်ဖို့ကြိုးစားနေတဲ့သစ်ပင်။ (၂၃)ဘယ်လ်ဂျီယံနိုင်ငံက ရှေးဟောင်းကားသင်္ချိုင်း

IQ 10000လောက်ရှိတဲ့ဖြတ်ထိုးဉာဏ်‌ ကောင်းသူတွေပြုလုပ်ထားတဲ့အရာများ-ဓာတ်ပုံ(၃၀)

ကျွန်ုပ်တို့ နေ့စဉ်ဘ၀တွင်နေထိုင်ဖို့ လျင်မြန်လှတဲ့ ဖြတ်ထိုးဉာဏ်ရှိဖို့လိုပါတယ်။ ဒီနှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါကိုသာကြည့်ကြည့်ပါ။ရောဂါမဖြစ်ခင်က ကာလကို သင်မှတ်မိပါသလား။ လူတွေနဲ့နီးကပ်စွာနေခဲ့ကြပြီး လက်များကို သေချာမဆေးကြောခဲ့မိကြဘူး ။ အခုတော့ တစ်ခုခုကိုင်ပြီး လက်မဆေးကြောမိရင် တုန်လှုပ်ချောက်ချားနေမိကြပါပြီ။အင်ဂျင်နီယာတစ်ယောက်ဟာလည်းပြဿနာတစ်ခုကိုဖြေရှင်းဖို့ ရူပ်ထွေးတဲ့စက်ပစ္စည်းတွေမလိုအပ်ပါဘူး။ အင်ဂျင်နီယာအလုပ်ဟာ ဘယ်လောက်ခေါင်းစားရလဲဆိုတာတော့ တစ်ချိူ့လုပ်ရပ်တွေက လုံး၀စိတ်မချရပင်မဲ့ အလုပ်ဖြစ်ကြပါတယ်။ ဖော်ပြထားသလို သင်လိုက်ကြိုးစားကြည့်ပါက သင်စွန့်စွန့်စားစားလုပ်ရပါလိမ့်မယ်။ (၁)ရေပြင်ညီဖြစ်စေဖို့ကပြဒါးချိန်ရေချိန်တွေမရှိလည်းဖြစ်ပါတယ် (၂)ကားကို ပိုမိုလုံခြုံစေမည့် စနစ်သစ်။ (၃)အမှိုက်ဖွတဲ့ ကောင်တွေ ရန်မှကာကွယ်နည်း။ (၄)ဒီကိုရီးယားက ကျောင်းသားနှစ်ယောက်ဟာ အာလူးကြော်မှုန့်ထုပ်တွေမှာ လေ‌ တွေများစွာပါ၀င်နေတာကိုသက်သေပြခဲ့ကြပါတယ်။ (၅)ဈေးပေါပေါကားတစ်ခုရဲ့ အချက်ပေးsensor တစ်ခု။ (၆)I pad ထောင်ဖို့အတွက်ပြုလုပ်ထားတဲ့ ခရင်းတစ်ခု။ (၇)ကားနောက်ကြည့်မှန်ပျက်သွားတုန်း ဒီဇိုင်းလည်းလန်းတဲ့ အစားထိုးမှန်တစ်ခု။ (၈)ဆရာကျလွန်းတဲ့သော့ခတ်နည်း။ (၉)စပါးသိုလောင်တဲ့ဂိုဒေါင်ကို ရွှေ့ပြောင်းနေတဲ့ သူများ။ (၁၀)လူ့ဘ၀မှာ အကောင်းဆုံးနေထိုင်ခြင်း။ (၁၁)ကြက်ကို … Read more

သင့်ကိုအန္တရာယ်ဖြစ်စေနိုင်မယ့် ကမ်းခြေသဲသောင်ပြင်ပေါ်က သတ္တဝါများ

နေသာတဲ့နေ့တစ်နေ့မှာ ‌ကမ်းခြေတွင် အပန်းဖြေအနားယူခြင်းက ဘယ်အရာနဲ့မှ မလှဲနိုင်လောက်အောင်ပါပဲ။သို့သော် ကမ်းခြေတွင်ရှိတဲ့ ဒီလိုအကောင်ငယ်လေးများနဲ့တွေ့မိပါက မမျှော်လင့်ပဲ မလုံခြုံမပျော်ရွှင်တဲ့အပန်းဖြေခရီးလေး ဖြစ်သွားနိုင်ပါတယ်။ပင်လယ်သတ္တဝါများ ၊ ခရုများ ၊ကြယ်ငါးများ ၊ နှင့် လှပြီးအဆိပ်ပြင်းတဲ့မြွေများက သင်နေရောင်ခံအပန်းဖြေနေတဲ့ချိန် ဘေးမှာ လာရှိနေပါလိမ့်မယ်။ (၁)Portuguese Man o’ War Portuguese Man o’ Warများဟာ ဂျယ်လီငါးနဲ့တူတယ်လို့ထင်ရပေမဲ့ အမှန်တကယ်က Zooideလို့ခေါ်တဲ့ သေးငယ်တဲ့ သတ္တဝါအမျိုးစားမျိုးဖြစ်ပါတယ်။A Portuguese man o’ warတွင် ငါးတစ်ကောင်ကို နာကျင်ပြီး သေလောက်အောင် လုပ်နိုင်တဲ့ အစွမ်းထက်လက်နက်ရှိပါတယ်။ဤတိရိစ္ဆာန်များဟာ အတ္တလန္တိတ်နှင့်အိန္ဒိယသမုဒ္ဒရာတို့တွင်နေထိုင်ကြပါတယ်။ဒီအကောင်ကြောင့် လူသေခဲ့တဲ့ အဖြစ်ပျက်ရှိခဲ့သော်လည်း မကြာခဏဖြစ်ပျက်လေ့မရှိပါဘူး။ (၂)Cone snails သင်ကမ်းခြေကို ခဏခဏရောက်ဖူးပါက ရောင်စုံအခွံများ သဲသောင်ပြင်ပေါ်တွင် ရှိနေတာကိုမြင်ဖူးပါလိမ့်မယ်။အခွံထဲတွင် အဆိပ်ရှိသော ခရုများရှိနေတတ်တာကြောင့် နောက်တစ်ကြိမ် ကမ်းခြေရောက်ပြီး … Read more